သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မိုးလေဝသဟောတဲ့ တွင်းအောင်းကြွက်ကြီးရဲ့ ဆောင်းသက်တမ်းခန့်မှန်းချက်


မိုးလေဝသခန့်မှန်းလို့ရတဲ့ မြေအောင်းကြွက်ကြီး

ဒီရက်ပိုင်းမှာ အမေရိကန်ပြည်ထောင်စုတလွှား နေရာတော်တော်များများမှာ အအေးဒဏ်ကို အလူးအလဲ ခံနေရချိန်မှာ ဒီဆောင်း ဘယ်တော့ကုန်မလဲလို့ မျှော်နေကြတဲ့သူတွေအတွက် သတင်းကောင်းကို တင်ဆက်ပေးချင်ပါတယ်။

အမေရိကန်ပြည်ထောင်စု Pennsylvania ပြည်နယ်က မြေကြွက်ကြီးရဲ့ ခန့်မှန်းချက်အရ ဒီနှစ် ဆောင်းကုန်တာ မြန်မှာပါ။ Groundhog လို့ခေါ်တဲ့ Pennsylvania ပြည်နယ်က တွင်းအောင်းမြေကြွက်ကြီး သူနေတဲ့ သစ်ငုတ်တိုကနေ မြေပေါ်ကိုထွက်လာတာကိုကြည့်ပြီး ဒီနှစ်ဆောင်းတိုမလား ရှည်မလားဆိုတာကို အမေရိကန်မှာ ခန့်မှန်းတတ်ကြတာပါ။

ရှေးအဆိုအရ မြေကြွက်ကြီးရဲ့ အရိပ်ထင်ရင် အမေရိကတောင်ပိုင်းတိုက်မှာ နောက်သီတင်း ၆ ပတ်ထက်စောပြီး နွေဦးဝင်မှာ ဖြစ်ပြီး သူ့အရိပ်မထင်ရင်တော့ နောက်သီတင်း ၆ ပတ် ဆောင်းတာရှည်ဦးမယ်လို့ ခန့်မှန်းကြတာပါ။ နှစ်စဉ် ဖေဖော်ဝါရီလ ၂ ရက်နေ့ကို Groundhog Day လို့ သတ်မှတ်ကြပါတယ်။ အမေရိကန်ပြည်နယ်အသီးသီးမှာသာမက ကနေဒါနိုင်ငံမှာလည်း သက်ဆိုင်ရာ မြေကြွက်ကြီးတွေရှိကြပြီး သူတို့ကလည်း ဆောင်းတာကုန်မယ့်အချိန်အတွက် မှန်းချက်ပေးလေ့ရှိကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG