သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ငမန္းသြားပါ ဒိုင္ႏိုေဆာ႐ုပ္ၾကြင္း ထိုင္းမွာေတြ႔


လြန္ခဲ့တဲ့ႏွစ္ သန္းေပါင္း ၁၁၅ သန္းတုန္းက ရွင္သန္ခဲ့တဲ့ အင္မတန္ႀကီးမားတဲ့ အသားစား ဒိုင္ႏိုေဆာႀကီးတေကာင္ရဲ႕ ေက်ာက္ျဖစ္႐ုပ္ႂကြင္းကို ထိုင္းႏိုင္ငံမွာ ေတြ႕ရွိခဲ့တယ္လို႔ သိပၸြံ ပညာရွင္ေတြက ဗုဒၶဟူးေန႔မွာ ေျပာပါတယ္။

ေတြ႕ရွိခဲ့တဲ့ ဒိုင္ႏိုေဆာကို Siamraptor Suwati လို႔ အမည္ ေပးထားၿပီး သူ႔ရဲ႕အရွည္က ၂၆ ေပနဲ႔ အေလးခ်ိန္က အနည္းဆုံး ၃ တန္ခြဲ ေလာက္ ရွိႏိုင္တယ္လို႔ ခန႔္မွန္းထားပါတယ္။ သူ႔မွာ ငါးမန္းလို ခြၽန္ထက္တဲ့သြားေတြရွိၿပီး အပင္စားဒိုင္ႏိုေဆာေတြကို ရွာေဖြစားေသာက္ေလ့ရွိသလို လြန္ခဲ့တဲႏွစ္သန္းေပါင္း တရာေလာက္ကရွင္သန္ခဲ့တဲ့ သူတို႔ဟာ ေကြ႕ေကာက္တဲ့ျမစ္ေၾကာင္းေတြ တေလွ်ာက္ က်က္စားေလ့ရွိပါတယ္။

ထိုင္းႏိုင္ငံ Korat ေဒသမွာ Siamraptor ၄ ေကာင္ရဲ႕ ႐ုပ္ႂကြင္းအပိုင္းအစ ေတြကို ေတြ႕ရွိခဲ့ၿပီး အပိုင္းအစေတြကေတာ့ ေခါင္းခြံ၊ ေက်ာ႐ိုး၊ လက္႐ိုး၊ တင္ပါးဆုံ႐ိုးနဲ႔ သြားေတြ ျဖစ္တယ္လို႔ Khorat ႐ုပ္ႂကြင္းျပတိုက္နဲ႔ Nakhon Ratchasima Rajabhat တကၠသိုလ္က ႐ုပ္ႂကြင္းပညာရွင္ Chokchaloemwong ကေျပာပါတယ္။

ဒီဒိုင္ႏိုေဆာေတြဟာ လြန္ခဲ့တဲ့ႏွစ္ သန္း ၉၀ ေက်ာ္တုန္းက ရွင္သန္က်က္စားခဲ့တဲ့ ငါးမန္းလို သြားရွိတဲ့ ေတာက္တဲ့မ်ိဳးလို႔ အဓိပၸါယ္ရတဲ့ Carcharodontosaurus ဒိုင္ႏိုေဆာမ်ိဳးေတြ ျဖစ္ပါတယ္။ ဒီမ်ိဳးရင္းထဲက ၄၅ ေပရွိတဲ့ အႀကီးဆုံးအေကာင္ကို အာဖရိက ေျမာက္ပိုင္းမွာ ေတြ႕ခဲ့ရၿပီး သူတို႔ကို အာဖရိကနဲ႔ ဥေရာပမွာ ေတြ႕ရေလ့ရွိပါတယ္။

ဂ်ပန္နဲ႔ ထိုင္း ပူးတြဲ ၿပီးလုပ္ေဆာင္ေနတဲ့ ဒိုင္ႏိုင္ေဆာပေရာဂ်က္ (Japan-Thailand Dinosaur Project) သုေတသန ပညာရွင္ေတြက ဒီေတြ႕ရွိခ်က္ကို စာတမ္းေရးသား ထုတ္ေဝခဲ့တာ ျဖစ္ပါတယ္။

(Unicode)

လွန်ခဲ့တဲ့နှစ် သန်းပေါင်း ၁၁၅ သန်းတုန်းက ရှင်သန်ခဲ့တဲ့ အင်မတန်ကြီးမားတဲ့ အသားစား ဒိုင်နိုဆောကြီးတကောင်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို ထိုင်းနိုင်ငံမှာ တွေ့ရှိခဲ့တယ်လို့ သိပ္ပွံ ပညာရှင်တွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

တွေ့ရှိခဲ့တဲ့ ဒိုင်နိုဆောကို Siamraptor Suwati လို့ အမည် ပေးထားပြီး သူ့ရဲ့အရှည်က ၂၆ ပေနဲ့ အလေးချိန်က အနည်းဆုံး ၃ တန်ခွဲ လောက် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ သူ့မှာ ငါးမန်းလို ချွန်ထက်တဲ့သွားတွေရှိပြီး အပင်စားဒိုင်နိုဆောတွေကို ရှာဖွေစားသောက်လေ့ရှိသလို လွန်ခဲ့တဲနှစ်သန်းပေါင်း တရာလောက်ကရှင်သန်ခဲ့တဲ့ သူတို့ဟာ ကွေ့ကောက်တဲ့မြစ်ကြောင်းတွေ တလျှောက် ကျက်စားလေ့ရှိပါတယ်။

ထိုင်းနိုင်ငံ Korat ဒေသမှာ Siamraptor ၄ ကောင်ရဲ့ ရုပ်ကြွင်းအပိုင်းအစ တွေကို တွေ့ရှိခဲ့ပြီး အပိုင်းအစတွေကတော့ ခေါင်းခွံ၊ ကျောရိုး၊ လက်ရိုး၊ တင်ပါးဆုံရိုးနဲ့ သွားတွေ ဖြစ်တယ်လို့ Khorat ရုပ်ကြွင်းပြတိုက်နဲ့ Nakhon Ratchasima Rajabhat တက္ကသိုလ်က ရုပ်ကြွင်းပညာရှင် Chokchaloemwong ကပြောပါတယ်။

ဒီဒိုင်နိုဆောတွေဟာ လွန်ခဲ့တဲ့နှစ် သန်း ၉၀ ကျော်တုန်းက ရှင်သန်ကျက်စားခဲ့တဲ့ ငါးမန်းလို သွားရှိတဲ့ တောက်တဲ့မျိုးလို့ အဓိပ္ပါယ်ရတဲ့ Carcharodontosaurus ဒိုင်နိုဆောမျိုးတွေ ဖြစ်ပါတယ်။ ဒီမျိုးရင်းထဲက ၄၅ ပေရှိတဲ့ အကြီးဆုံးအကောင်ကို အာဖရိက မြောက်ပိုင်းမှာ တွေ့ခဲ့ရပြီး သူတို့ကို အာဖရိကနဲ့ ဥရောပမှာ တွေ့ရလေ့ရှိပါတယ်။

ဂျပန်နဲ့ ထိုင်း ပူးတွဲ ပြီးလုပ်ဆောင်နေတဲ့ ဒိုင်နိုင်ဆောပရောဂျက် (Japan-Thailand Dinosaur Project) သုတေသန ပညာရှင်တွေက ဒီတွေ့ရှိချက်ကို စာတမ်းရေးသား ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG