သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့အကြီးဆုံး ဒိုင်နိုဆော


အသက်ရှင်နေထိုင်ခဲ့ဖူးသမျှထဲမှာ အကြီးမားဆုံး ဖြစ်ခဲ့ဖွယ်ရှိတယ်လို့ဆိုတဲ့ ဒိုင်နိုဆောရဲ့ အရိုးတွေကို အာဂျင်တီးနား မနုဿဗေဒ ပညာရှင်တွေ ရှာဖွေ တွေ့ရှိလိုက်ပါတယ်။

ကြီးမားလှတဲ့ အရွယ်အစားကြောင့် titanosaurs လို့ ကင်ပွန်းတပ်ထားတဲ့ အရိုးစုရဲ့ အရွယ်အစားက အရှည်ပေ ၁၃၀ ကျော်၊ အမြင့် ၆၅ ပေကျော်ရှိပြီး ကီလိုဂရမ် ၈၀၀၀၀ (ပေါင်ချိန် ၁ သိန်း ၇ သောင်း ၆ ထောင်ကျော်) အထိ အလေးချိန်ရှိမယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားတာကြောင့် အာဖရိက ဆင်ရိုင်း ၁၄ ကောင်လောက်စာ အရွယ်အစား ပမာဏ ရှိပါတယ်။

သူတို့တွေ့ထားတဲ့ ပေါင်ရိုးကိုက ၈ ပေနီးပါး ရှိပါတယ်။

ဒီဒိုင်နိုဆောကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၅ သန်းလောက်က အသက်ရှင် နေထိုင်ခဲ့ဖွယ်ရှိတယ်လို့ ကျွမ်းကျင်သူတွေက ယူဆပါတယ်။

ဒါပေမဲ့လည်း သူ့ရဲ့ ကြီးမားလှတဲ့ အရွယ်အစားကြောင့် titanosaur ဟာ အသားစားသတ္တဝါ မဖြစ်နိုင်ဘဲ သစ်ပင် ထိပ်ဖျားတွေကို စားပြီး ရှင်သန်ခဲ့ဖွယ် ရှိပါတယ်။
XS
SM
MD
LG