သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သက်တမ်းအရင့်ဆုံး ဒိုင်နိုဆောရုပ်ကြွင်း အီတလီမှာ တွေ့


လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၀၀ ဝန်းကျင်က ရှင်သန်နေထိုင်ခဲ့တဲ့ ဒိုင်နိုဆော ရုပ်ကြွင်းကို အီတလီနိုင်ငံ မြောက်ပိုင်း Lombardy အရပ်မှာ တွေ့ရှိခဲ့ပါတယ်။ Alps တောင်တန်းဒေသက စကျင်ကျောက်မိုင်းထဲမှာ ၁၉၉၆ ခုနှစ်တုန်းက တွေ့ခဲ့တဲ့ ဒီရုပ်ကြွင်းကို တွေ့ရှိသူ Angelo Zanella ကို ဂုဏ်ပြုတဲ့ အနေနဲ့ Saltriovenator zanellai လို့အမည်ပေးထားပါတယ်။

ဒီဒိုင်နိုဆောဟာ လွန်ခဲ့တဲ့ နှစ် သန်း ၂၀၀ ဝန်းကျင် Jurassic အောက်ပိုင်းသက်တမ်းရှိတာမို့ ကမ္ဘာပေါ်မှာ သက်တမ်း အရင့်ဆုံး ဒိုင်နိုဆော ဖြစ်ကြောင်း မကြာသေးခင်ကမှ ထုတ်ဝေခဲ့တဲ့ သိပ္ပံစာစောင်မှာ ဖေါ်ပြထားပါတယ်။

အဲဒီမှာ ကြီးမားတဲ့အသားစား သတ္တဝါဖြစ်တဲ့ ဒိုင်နိုဆော အရိုးစ ရုပ်ကြွင်းပေါင်း ၁၃၀ ကျော်တွေ့ရှိခဲ့ရပါတယ်။

အခုတွေ့ရှိတဲ့ ဒိုင်နိုဆောကတော့ ကိုယ်အလျား ၇ မီတာခွဲလောက်ရှိပြီး ဦးခွံက စင်တီမီတာ ၈၀ ရှိသလို အလေးချိန်က တတန်အနည်းဆုံး ရှိပါတယ်။ သူ့မှာ ချွန်ထက်တဲ့သွားတွေနဲ့ သူ့ခြေထောက်မှာရှိတဲ့ ခြေချောင်းတွေမှာ ကြီးမားတဲ့ခြေသဲတွေပါနေတာမို့ ဒီဒိုင်နိုဆောရဲ့ တိုက်ခိုက်နိုင်စွမ်းရည် ကြီးမားမယ်လို့ လေ့လာရေးအဖွဲ့တွေက ပြောပါတယ်။

ဒီရုပ်ကြွင်းဟာ ဒုတိယအကြိမ်တွေ့တာဖြစ်ပြီး အီတလီတောင်ပိုင်းမှာ ၁၉၈၀ တုန်းက ပထမဦးဆုံးတွေ့ရှိခဲ့တဲ့ ဒိုင်နိုဆော ရုပ်ကြွင်းကတော့ သေးငယ်ပါတယ်။

သက်တမ်းအရင့်ဆုံး ဒိုင်နိုဆောရုပ်ကြွင်း အီတလီမှာ တွေ့
please wait

No media source currently available

0:00 0:00:47 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG