သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟူးကောင်းတောင်ကြားပယင်းထဲ နှစ် ၉၉ သန်း ငှက်ရုပ်ကြွင်းတွေ့


နှစ်သန်းပေါင်း ၉၉ သန်း တုန်းက ငှက်ငယ်ကလေးရဲ့ ရုပ်ကြွင်းအပိုင်းအစ (National Geographic)
နှစ်သန်းပေါင်း ၉၉ သန်း တုန်းက ငှက်ငယ်ကလေးရဲ့ ရုပ်ကြွင်းအပိုင်းအစ (National Geographic)

မြန်မာနိုင်ငံ ဟူးကောင်းတောင်ကြား ဒေသကရတဲ့ ပယင်းထဲမှာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၉၉ သန်း တုန်းက အသက်ရှင် နေထိုင်ခဲ့တဲ့ ငှက်ငယ်ကလေးရဲ့ ရုပ်ကြွင်းအပိုင်းအစကို တွေ့ရှိခဲ့ပါတယ်။

ငှက်ပေါက်ကလေးရဲ့ ဦးခေါင်းခွံနောက်ပိုင်း၊ ကြောရိုး၊ တင်ပဆုံနဲ့ အတောင်ပံ တဖက်အပြင် ခြေထောက်ကလေးပါ ပါဝင်တဲ့ အရိုးစု အစိတ်အပိုင်းတွေကို ပယင်းထဲမှာ ရုပ်ကြွင်းအဖြစ် တွေ့ရှိရတာပါ။ ဒါဟာ ထူးခြားတဲ့တွေ့ရှိချက် ဖြစ်ပြီး အရင်က ဒီလောက်ပြည်စုံတာမျိုး မတွေရသေးဘူးလို့ National Geographic စာစောင်က ဖေါ်ပြထားပါတယ်။

ငှက်နှစ်လို့သတ်မှတ်ထားတဲ့ ၂၀၁၈ ခုနှစ်မှာ သမိုင်းဦးတိုင်ခင်ကာလ ဒိုင်နိုဆောတွေကျက်စားတဲ့ ဘူမိခေတ် Cretaceous ခေတ်က ရှင်သန်ခဲ့တဲ့ ငှက်ကို ထင်ထင်ရှားရှား မြင်တွေ့ရတာမို့ ထူးခြားတယ်လို့ အဲဒီရုပ်ကြွင်းလေ့လာသူတွေ ထဲက တဦးဖြစ်တဲ့ ကနေဒါ တော်ဝင်Saskatchewan ပြတိုက်က Ryan McKellar ကပြောပါတယ်။

မြန်မာ့ပယင်းထဲမှာ အပင်အကိုင်းအခက်တွေနဲ့ တူတွဲပြီးတွေ့ရတဲ့ ဒီငှက်ငယ်လေးရဲ့ ရုပ်ကြွင်းကနေ အဲဒီကာလတုန်းက အများအပြား ကျက်စားခဲ့ကြတဲ့ မျိုးတုန်းပျောက်ကွယ် သွားပြီဖြစ်တဲ့ ငှက်တွေ အကြောင်း တစေ့တစောင်း သိလာနိုင်မယ်လို့ မျှော်လင့်နေကြတာပါ။

XS
SM
MD
LG