သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

သန်း ၉၉ နှစ်သက်တမ်း ရေ သတ္တ၀ါ ရုပ်ကြွင်းကချင်ပြည်နယ်မှာ တွေ့ရှိ


သန်း ၉၉ နှစ်သက်တမ်း ရေ သတ္တ၀ါ ရုပ်ကြွင်းကချင်ပြည်နယ်မှာ တွေ့ရှိ (photo- NIGPAS)

ကချင်ပြည်နယ်က ထွက်တဲ့ ပယင်းကျောက်ထဲမှာ Ammonite အမိုနိုက်လို့ ခေါ်တဲ့ ကမ္ဘာဦးက ရေသတ္တ၀ါ တမျိုးဖြစ်တဲ့ ခရုမျိုးစိတ် ကျောက်ဖြစ်ရုပ်ကြွင်းကို တွေ့ရှိခဲ့ရပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၉ သန်းတုန်းက ပင်လယ်ကမ်းစပ်မှာ ပိတ်မိပြီး သေဆုံးခဲ့တဲ့ ပင်လယ် သတ္တ၀ါ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောဆိုကြပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၉ သန်းတုန်းက ရှင်သန်ကျက်စားခဲ့တဲ့ ပင်လယ်သတ္တ၀ါကို ပယင်းကျောက်ထဲမှာ တွေ့ရတာဟာဆိုရင် သိပ်ကို ရှားပါးပြီး သိရသလောက် ပထမဆုံးလည်း ဖြစ်ပါတယ်။ တရုတ် သိပ္ပံအကယ်ဒမီ ၊ နန်ဂျင်း ဘူမိဗေဒနဲ့ ကျောက်ဖြစ်ရုပ်ကြွင်း ဌာနက ပါမောက္ခ Wang Bo က အခု တွေ့ရှိချက်ကို ရေးသားခဲ့တာပါ။ ဒီလေ့လာမှုထဲမှာ အနည်းဆုံး တိရိစ္ဆာန် ၄၀ ထိပါတယ်လို့လည်း လေ့လာချက်မှာ ဖော်ပြထားပါတယ်။ နောက်ပိုင်းမှာ ပယင်းဖြစ်လာစေခဲ့တဲ့ သစ်ပင် အစေး ထဲမှာ ပိတ်မိတဲ့ အမိုနိုက် - ကမ္ဘာဦး မျိုးစိတ် နမူနာကတော့ အခု မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်က တွေ့ရှိမှုက ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

ပယင်းတွေထဲမှာ ပုံမှန်တွေ့ရတဲ့ သတ္တ၀ါတွေကတော့ သစ်တောထဲမှာ နေတဲ့ မျိုးစိတ်တွေ ဖြစ်ပြီး သစ်ပင်မှာ ပိတ်မိပြီးနောက်ပိုင်း ရုပ်ကြွင်းဖြစ်ကြတာတွေပါ။ ကချင်ပြည်နယ် ဟူးကောင်းတောင်ကြားက ထွက်တဲ့ ပယင်းထဲမှာ လွန်ခဲ့တဲ့ နှစ်သန်း ၁၀၀ လောက်က ဒိုင်နိုဆော ရုပ်ကြွင်းပါတဲ့ ပယင်းကို တရုတ် လေ့လာသူ တဦးက တွေ့ရှိခဲ့သေးတာ ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် သန်း ၁၀၀ လောက်က ရှင်သန်ခဲ့တဲ့ ထူးဆန်းတဲ့ ပိုးကောင် တမျိုးကိုလည်း ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်းက တွေ့ခဲ့တယ်လို့ သိပ္ပံ ပညာရှင်တွေက ပြောဆိုထားပါတယ်။ ဒိုင်နိုဆောတွေခေတ်က တည်ရှိခဲ့တဲ့ ဒီပိုးကောင်ဟာ အရမ်း သေးလွန်းပြီး အတောင်ပံတွေလည်း မပါဘူးလို့ ဆိုပါတယ်။ အဲဒီ ပိုးကောင်မျိုး ၂ ကောင်သာ တွေ့ရှိခဲ့ပြီး သူတို့ဟာ မြန်မာနိုင်ငံမှာ တွေ့ရှိတဲ့ ပယင်းထဲမှာ ပုံစံမပျက် တည်ရှိနေတာလို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG