သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်သန်းပေါင်းများစွာက ငှက်တောင် မြန်မာ့ပယင်းမှာ တွေ့ရှိ


နှစ်သန်းပေါင်း ၁၀၀ ဝန်းကျင်က ငှက်တောင်ပါဝင်နေတဲ့ မြန်မာ့ပယင်း
နှစ်သန်းပေါင်း ၁၀၀ ဝန်းကျင်က ငှက်တောင်ပါဝင်နေတဲ့ မြန်မာ့ပယင်း

လွန်ခဲ့တဲ့နှစ် ၇၉ သန်းနဲ့ နှစ် ၆၆ သန်းကြား Cretaceous ဘူမိခေတ် မြန်မာပယင်းမှာ အစိတ်အပိုင်း ၃၁ ပိုင်း ပါတဲ့ အသေးစိတ် မပျက်စီးဘဲရှိနေသေးတဲ့ ငှက်တောင်တွေကို တွေ့ရကြောင်း ကျောက်ဖြစ် ရုပ်ကြွင်း ပညာရှင်တွေက ရှာဖွေတွေ့ရှိပါတယ်။

အခုခေတ်တွေ့ရတဲ့ ငှက်တောင်တွေနဲ့ ဒီငှက်တောင်က လုံး၀ ကွာခြားတဲ့အကြောင်း ပယင်းထဲမှာ ပိတ်မိနေလို့ ၃ ဘက်မြင်ကြည့်နိုင်တဲ့အတွက် သိနိုင်ပါတယ်။ ဒီငှက်ဟာ သူ့ကိုစားမယ့် အကောင်တွေရဲ့ ရန်ကို ကာကွယ်ဖို့ ဒီငှက်တောင်နဲ့ ရုပ်ဖျက်ထားတာ ဖြစ်နိုင်တယ်လို့ ထင်ကြေးပေးကြပါတယ်။

မြန်မာ့ပယင်းထဲမှာတွေ့ရတဲ့ နှစ်သန်း ၁၀၀ ဝန်းကျင်က ငှက်တောင်
မြန်မာ့ပယင်းထဲမှာတွေ့ရတဲ့ နှစ်သန်း ၁၀၀ ဝန်းကျင်က ငှက်တောင်

ဒီလိုငှက်တောင်တွေကို အတောင်ပါတဲ့ ဒိုင်နိုဆောတွေမှာ တွေ့ရနိုင်တယ်လို့လည်း ခန့်မှန်းကြပါတယ်။ ပုံမှန်ဆို ငှက်တောင်ရုပ်ကြွင်းတွေက ကျောက်ဖြစ်သွားရင် ပိပြားကုန်တာကြောင့် ငှက်တောင်ရဲ့ ပုံပန်းသဏ္ဍန်ကို လေ့လာဖို့ မဖြစ်နိုင်ပါဘူး။ အခုငှက်တောင်ကတော့ ပယင်းထဲမှာ ပိတ်မိနေတဲ့အတွက် ၃ ဘက်မြင် လေ့လာနိုင်ပါတယ်။ ဒါက တွေ့ဖူးသမျှထဲမှာ အထူးခြားဆုံးငှက်တောင်တွေပဲလို့ တရုတ်နိုင်ငံက ငှက်ကျောက်ဖြစ် ရုပ်ကြွင်းလေ့လာသူ Jingmai O’Connor က ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG