=== [[ ZAWGYI ]] ===
တ႐ုတ္ ေထာက္လွမ္းေရး မိုးပ်ံပူေဖါင္းႀကီး ကန္ ဖယ္ရွား
အေမရိကန္ ေဝဟင္မွာေရာက္ေနတဲ့ သံသယျဖစ္ဖြယ္ တ႐ုတ္ေထာက္လွမ္းေရး မိုးပ်ံပူေဖါင္းႀကီးကို အေမရိကန္ေလတပ္က စေနေန႔မွာ ပစ္ခ်လိုက္ပါတယ္။ ဒီပူေဖါင္းႀကီးကို ကာ႐ိုလိုင္းနားျပည္နယ္ကမ္းလြန္မွာ ပစ္မခ်ခင္က သူဟာ ေျမာက္အေမရိကတိုက္ တေက်ာက စစ္စခန္းေတြေပၚ ျဖတ္ေက်ာ္ပ်ံသန္းခဲ့တာေၾကာင့္ အေမရိကန္နဲ႔ တ႐ုတ္တို႔ၾကား တင္းမာမႈေတြ ေပၚေပါက္ခဲ့တာ ျဖစ္ပါတယ္။
ေက်ာင္းကား ၃ စင္းစာေလာက္ အ႐ြယ္အစားရွိတဲ့ ဒီ မိုးပ်ံပူေဖါင္းႀကီးဟာ အျမင့္ေပ ၆ ေသာင္းေလာက္မွာ ပ်ံသန္းခဲ့တာျဖစ္ၿပီး အခုေတာ့ က်န္ရစ္တဲ့ ပူေဖါင္းရဲ႕ အပိုင္းအစေတြကို အတၱလန္တိတ္ သမုဒၵရာထဲက အေမရိကန္ ေရပိုင္နက္ထဲမွာ ရွာေဖြဖို႔ လုပ္ေနပါၿပီ။ ဒီပူးေဖါင္းကို အေမရိကန္တိုက္ေလယာဥ္က ပစ္ခ်လိုက္တာလို႔ အမည္မေဖၚလိုတဲ့ အရာရွိေတြကေျပာပါတယ္။ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ကေတာ့ ဒီပူေဖါင္းနဲ႔ပတ္သက္ၿပီး အစိုးရက အေရးယူေဆာင္႐ြက္မွာ ျဖစ္ေၾကာင္း စေနမနက္က သတင္းေထာက္ေတြရဲ႕ အေမးကို ျပန္လည္ ေျဖၾကားခဲ့တာပါ။
ပူေဖါင္းႀကီး သမုဒၵရာထဲ ေရာက္လာခ်ိန္မွာေတာ့ အေမရိကန္ ေလေၾကာင္းစီမံခန႔္ခြဲေရးနဲ႔ ကမ္း႐ိုးတန္းေစာင့္တပ္ေတြက ဒီပူေဖါင္းရွိရာ ေဝဟင္နဲ႔ ေရျပင္မွာ ဘာမွ မရွိေအာင္ ရွင္းလင္းဖို႔ လုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။ ႐ုပ္သံဗီဒီယိုထဲမွာေတာ့ ေပါက္ကြဲမႈ အငယ္စားတခုျဖစ္ပြါးခဲ့ၿပီးတဲ့ေနာက္ ပူေဖါင္းဟာ ေရျပင္ထဲက်သြားတာ ေတြ႕ရပါတယ္။ အနီးတဝိုက္မွာ အေမရိကန္စစ္သုံး ဂ်က္ေလယာဥ္ေတြ ပ်ံသန္းေနသလို ပ်က္က်တဲ့ အပိုင္းအစေတြဆယ္ယူဖို႔ သေဘၤာေတြ ျဖန႔္ခ်ထားတာလည္း ေတြ႕ရပါတယ္။
ဒီပူေဖါင္းဟာ စေနမနက္ပိုင္းမွာ ကာ႐ိုလိုင္းနား ျပည္နယ္ကမ္း႐ိုးတန္းနား ေရာက္လာတာျဖစ္ၿပီး ေဒသတြင္း ေလယာဥ္ ခရီးစဥ္ေတြ အတြက္ သတိေပးခ်က္ေတြ ထုတ္ျပန္ခဲ့တာပါ။
ေသာၾကာေန႔ သတင္းစာရွင္းလင္းပြဲမွာေတာ့ ပင္တဂြန္စစ္ဌာနခ်ဳပ္ေျပာခြင့္ရ ဗိုလ္မႉးခ်ဳပ္ Pat Ryder က တိုက္ခ်င္းပစ္ ဒုံးက်ည္ေတြ သိုေလွာင္ရာ အေမရိကန္ ေလတပ္အေျခစိုက္စခန္း တခုရွိတဲ့ Montana ျပည္နယ္မွာ တ႐ုတ္ မိုးပ်ံပူေဖါင္း ေရာက္ရွိပ်ံသန္းေနတာဟာ ေထာက္လွမ္းဖို႔ ျဖစ္တယ္လို႔ ေျပာပါတယ္။ တ႐ုတ္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရကေတာ့ ေမရိကန္ေလပိုင္နက္ထဲ ရည္႐ြယ္ခ်က္ မရွိပဲ မိုးေလဝသ မိုးပ်ံပူေဖါင္း ေရာက္သြားတာအတြက္ စိတ္မေကာင္းေၾကာင္း ေျပာၾကားခဲ့ပါတယ္။
=== {{ UNICODE }} ===
တရုတ် ထောက်လှမ်းရေး မိုးပျံပူဖေါင်းကြီး ကန် ဖယ်ရှား
အမေရိကန် ဝေဟင်မှာရောက်နေတဲ့ သံသယဖြစ်ဖွယ် တရုတ်ထောက်လှမ်းရေး မိုးပျံပူဖေါင်းကြီးကို အမေရိကန်လေတပ်က စနေနေ့မှာ ပစ်ချလိုက်ပါတယ်။ ဒီပူဖေါင်းကြီးကို ကာရိုလိုင်းနားပြည်နယ်ကမ်းလွန်မှာ ပစ်မချခင်က သူဟာ မြောက်အမေရိကတိုက် တကျောက စစ်စခန်းတွေပေါ် ဖြတ်ကျော်ပျံသန်းခဲ့တာကြောင့် အမေရိကန်နဲ့ တရုတ်တို့ကြား တင်းမာမှုတွေ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
ကျောင်းကား ၃ စင်းစာလောက် အရွယ်အစားရှိတဲ့ ဒီ မိုးပျံပူဖေါင်းကြီးဟာ အမြင့်ပေ ၆ သောင်းလောက်မှာ ပျံသန်းခဲ့တာဖြစ်ပြီး အခုတော့ ကျန်ရစ်တဲ့ ပူဖေါင်းရဲ့ အပိုင်းအစတွေကို အတ္တလန်တိတ် သမုဒ္ဒရာထဲက အမေရိကန် ရေပိုင်နက်ထဲမှာ ရှာဖွေဖို့ လုပ်နေပါပြီ။ ဒီပူးဖေါင်းကို အမေရိကန်တိုက်လေယာဉ်က ပစ်ချလိုက်တာလို့ အမည်မဖေါ်လိုတဲ့ အရာရှိတွေကပြောပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့ ဒီပူဖေါင်းနဲ့ပတ်သက်ပြီး အစိုးရက အရေးယူဆောင်ရွက်မှာ ဖြစ်ကြောင်း စနေမနက်က သတင်းထောက်တွေရဲ့ အမေးကို ပြန်လည် ဖြေကြားခဲ့တာပါ။
ပူဖေါင်းကြီး သမုဒ္ဒရာထဲ ရောက်လာချိန်မှာတော့ အမေရိကန် လေကြောင်းစီမံခန့်ခွဲရေးနဲ့ ကမ်းရိုးတန်းစောင့်တပ်တွေက ဒီပူဖေါင်းရှိရာ ဝေဟင်နဲ့ ရေပြင်မှာ ဘာမှ မရှိအောင် ရှင်းလင်းဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ရုပ်သံဗီဒီယိုထဲမှာတော့ ပေါက်ကွဲမှု အငယ်စားတခုဖြစ်ပွါးခဲ့ပြီးတဲ့နောက် ပူဖေါင်းဟာ ရေပြင်ထဲကျသွားတာ တွေ့ရပါတယ်။ အနီးတဝိုက်မှာ အမေရိကန်စစ်သုံး ဂျက်လေယာဉ်တွေ ပျံသန်းနေသလို ပျက်ကျတဲ့ အပိုင်းအစတွေဆယ်ယူဖို့ သင်္ဘောတွေ ဖြန့်ချထားတာလည်း တွေ့ရပါတယ်။
ဒီပူဖေါင်းဟာ စနေမနက်ပိုင်းမှာ ကာရိုလိုင်းနား ပြည်နယ်ကမ်းရိုးတန်းနား ရောက်လာတာဖြစ်ပြီး ဒေသတွင်း လေယာဉ် ခရီးစဉ်တွေ အတွက် သတိပေးချက်တွေ ထုတ်ပြန်ခဲ့တာပါ။
သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာတော့ ပင်တဂွန်စစ်ဌာနချုပ်ပြောခွင့်ရ ဗိုလ်မှူးချုပ် Pat Ryder က တိုက်ချင်းပစ် ဒုံးကျည်တွေ သိုလှောင်ရာ အမေရိကန် လေတပ်အခြေစိုက်စခန်း တခုရှိတဲ့ Montana ပြည်နယ်မှာ တရုတ် မိုးပျံပူဖေါင်း ရောက်ရှိပျံသန်းနေတာဟာ ထောက်လှမ်းဖို့ ဖြစ်တယ်လို့ ပြောပါတယ်။ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရကတော့ မေရိကန်လေပိုင်နက်ထဲ ရည်ရွယ်ချက် မရှိပဲ မိုးလေဝသ မိုးပျံပူဖေါင်း ရောက်သွားတာအတွက် စိတ်မကောင်းကြောင်း ပြောကြားခဲ့ပါတယ်။