တ႐ုတ္ေထာက္လွမ္းေရး မိုးပ်ံပူေဖာင္းႀကီး ေနာက္တလုံး လက္တင္အေမရိကႏိုင္ငံေတြေပၚမွာ ေတြ႔တယ္လို႔ အေမရိကန္ကာကြယ္ေရးဌာနက ေျပာၾကားလိုက္ပါတယ္။
အလားတူ ေထာက္လွမ္းေရးပူေဖာင္းႀကီး ေလထုအျမင့္မွာ ပ်ံသန္းေနတာ အေမရိကန္ျပည္ေထာင္စုထဲမွာ ေတြ႔႐ွိခဲ့ၿပီး ၂ ရက္အၾကာ ေသာၾကာေန႔က ေျပာလိုက္တာ ျဖစ္ပါတယ္။ လက္တင္အေမရိကႏိုင္ငံေတြေပၚ ျဖတ္သန္းသြားေနတဲ့ မိုးပ်ံပူေဖာင္းႀကီးတခု ေတြ႔တယ္ဆိုတဲ့ သတင္းေတြကို သုံးသပ္ေနပါတယ္လို႔ Pentagon စစ္ဌာနခ်ဳပ္ေျပာခြင့္ရ ဗိုလ္မႉးခ်ဳပ္ Pat Ryder က ေၾကညာခ်က္ထဲမွာ ေျပာၾကားထားပါတယ္။
တိုက္ခ်င္းပစ္ဒုံးက်ည္ေတြ သိုေလွာင္ထားတဲ့ အေမရိကန္ ေလတပ္အေျခစိုက္စခန္းတခု႐ွိတဲ့ Montana ျပည္နယ္မွာ တ႐ုတ္မိုးပုံပူေဖာင္းႀကီး ေရာက္႐ွိ ပ်ံသန္းေနတာ ေထာက္လွမ္းဖို႔ ျဖစ္တယ္လို႔ ဗိုလ္မႉးခ်ဳပ္ Pat Ryder က ေသာၾကာေန႔က သတင္းစာ႐ွင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။
တ႐ုတ္တို႔ဘက္က မိုးေလဝသေလ့လာတဲ့ မိုးပ်ံပူေဖာင္းႀကီး ျဖစ္တယ္လို႔ ေျပာေနေပမဲ့ အေမရိကန္ ေဝဟင္ပိုက္နက္ကို က်ဴးေက်ာ္တာျဖစ္သလို ႏိုင္ငံတကာဥပေဒကို ခ်ိဳးေဖာက္တာ ျဖစ္တယ္လို႔ သူက ေျပာပါတယ္။ ဒါနဲ႔ပါတ္သက္လို႔ အေမရိကန္ဘက္က မေက်နပ္ဘူးဆိုတာ တ႐ုတ္တာဝန္႐ွိသူ အဆင့္ဆင့္ကို အသိေပးထားတယ္လို႔လည္း Pentagon စစ္ဌာနခ်ဳပ္ေျပာခြင့္ရက ေျပာပါတယ္။
အဲဒီေထာက္လွမ္းေရးပူေဖာင္းႀကီး ဘယ္နားအတိအက် ေရာက္ေနတယ္ဆိုတာ အေမရိကန္တာဝန္႐ွိသူေတြ မေျပာေပမဲ့ မိုးပ်ံပူေဖာင္းႀကီး ပ်ံသန္းသြားရာတေလွ်ာက္ ဆက္လက္ေစာင့္ၾကည့္ေနပါတယ္။ တ႐ုတ္ဘက္က သူတို႔မိုးပ်ံပူေဖာင္း ျဖစ္တယ္ဆိုတာ အတည္ျပဳခဲ့ၿပီးေနာက္ တ႐ုတ္ႏိုင္ငံကို ခရီးထြက္ခြာေတာ့မယ့္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က သူ႔ရဲ႕ ခရီးစဥ္ကို ေ႐ႊ႕ဆိုင္းလိုက္ပါတယ္။ တ႐ုတ္တို႔ရဲ႕ တာဝန္မဲ့လုပ္ရပ္ျဖစ္တယ္လို႔ ဝန္ႀကီး Blinken က ေျပာဆိုပါတယ္။
အေမရိကန္ ေလပိုင္နက္ထဲကို ရည္႐ြယ္ခ်က္မ႐ွိဘဲ မိုးေလဝသ မိုးပ်ံပူေဖာင္းႀကီး ေရာက္သြားတဲ့အေပၚ စိတ္မေကာင္းဘူးလို႔ တ႐ုတ္ဘက္က ေျပာၿပီး ဒီကိစၥကို အေမရိကန္နဲ႔ ဆက္လက္ေဆြးေႏြးသြားမယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဌာနေျပာခြင့္ရက ေျပာၾကားခဲ့ပါတယ္။ အေမရိကန္ႏိုင္ငံေရးသမားေတြနဲ႔ သတင္းမီဒီယာေတြက ဒီကိစၥကို အခြင့္ေကာင္းယူၿပီး တ႐ုတ္ကို သိကၡာက်ေအာင္ေျပာဆိုေနၾကတယ္။
==== Unicode ====
တရုတ်ထောက်လှမ်းရေး မိုးပျံပူဖောင်းကြီး နောက်တလုံး လက်တင်အမေရိကနိုင်ငံတွေပေါ်မှာ တွေ့တယ်လို့ အမေရိကန်ကာကွယ်ရေးဌာနက ပြောကြားလိုက်ပါတယ်။
အလားတူ ထောက်လှမ်းရေးပူဖောင်းကြီး လေထုအမြင့်မှာ ပျံသန်းနေတာ အမေရိကန်ပြည်ထောင်စုထဲမှာ တွေ့ရှိခဲ့ပြီး ၂ ရက်အကြာ သောကြာနေ့က ပြောလိုက်တာ ဖြစ်ပါတယ်။ လက်တင်အမေရိကနိုင်ငံတွေပေါ် ဖြတ်သန်းသွားနေတဲ့ မိုးပျံပူဖောင်းကြီးတခု တွေ့တယ်ဆိုတဲ့ သတင်းတွေကို သုံးသပ်နေပါတယ်လို့ Pentagon စစ်ဌာနချုပ်ပြောခွင့်ရ ဗိုလ်မှူးချုပ် Pat Ryder က ကြေညာချက်ထဲမှာ ပြောကြားထားပါတယ်။
တိုက်ချင်းပစ်ဒုံးကျည်တွေ သိုလှောင်ထားတဲ့ အမေရိကန် လေတပ်အခြေစိုက်စခန်းတခုရှိတဲ့ Montana ပြည်နယ်မှာ တရုတ်မိုးပုံပူဖောင်းကြီး ရောက်ရှိ ပျံသန်းနေတာ ထောက်လှမ်းဖို့ ဖြစ်တယ်လို့ ဗိုလ်မှူးချုပ် Pat Ryder က သောကြာနေ့က သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
တရုတ်တို့ဘက်က မိုးလေဝသလေ့လာတဲ့ မိုးပျံပူဖောင်းကြီး ဖြစ်တယ်လို့ ပြောနေပေမဲ့ အမေရိကန် ဝေဟင်ပိုက်နက်ကို ကျူးကျော်တာဖြစ်သလို နိုင်ငံတကာဥပဒေကို ချိုးဖောက်တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ ဒါနဲ့ပါတ်သက်လို့ အမေရိကန်ဘက်က မကျေနပ်ဘူးဆိုတာ တရုတ်တာဝန်ရှိသူ အဆင့်ဆင့်ကို အသိပေးထားတယ်လို့လည်း Pentagon စစ်ဌာနချုပ်ပြောခွင့်ရက ပြောပါတယ်။
အဲဒီထောက်လှမ်းရေးပူဖောင်းကြီး ဘယ်နားအတိအကျ ရောက်နေတယ်ဆိုတာ အမေရိကန်တာဝန်ရှိသူတွေ မပြောပေမဲ့ မိုးပျံပူဖောင်းကြီး ပျံသန်းသွားရာတလျှောက် ဆက်လက်စောင့်ကြည့်နေပါတယ်။ တရုတ်ဘက်က သူတို့မိုးပျံပူဖောင်း ဖြစ်တယ်ဆိုတာ အတည်ပြုခဲ့ပြီးနောက် တရုတ်နိုင်ငံကို ခရီးထွက်ခွာတော့မယ့် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က သူ့ရဲ့ ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။ တရုတ်တို့ရဲ့ တာဝန်မဲ့လုပ်ရပ်ဖြစ်တယ်လို့ ဝန်ကြီး Blinken က ပြောဆိုပါတယ်။
အမေရိကန် လေပိုင်နက်ထဲကို ရည်ရွယ်ချက်မရှိဘဲ မိုးလေဝသ မိုးပျံပူဖောင်းကြီး ရောက်သွားတဲ့အပေါ် စိတ်မကောင်းဘူးလို့ တရုတ်ဘက်က ပြောပြီး ဒီကိစ္စကို အမေရိကန်နဲ့ ဆက်လက်ဆွေးနွေးသွားမယ်လို့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရက ပြောကြားခဲ့ပါတယ်။ အမေရိကန်နိုင်ငံရေးသမားတွေနဲ့ သတင်းမီဒီယာတွေက ဒီကိစ္စကို အခွင့်ကောင်းယူပြီး တရုတ်ကို သိက္ခာကျအောင်ပြောဆိုနေကြတယ်။