သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှေ့နှစ်မှာ တရုတ်က ရုရှားနဲ့ ပိုမို ပူးပေါင်းဆောင်ရွက်မည်


တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ

[[Zawgyi/Unicode]]

ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ဘယ်ဘက်မှမလိုက်တဲ့ တရုတ်ရဲ့ရပ်တည်ချက် ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီက ကာကွယ်ပြောကြားလိုက်ပြီး လာမယ့်နှစ်မှာ ရုရှားနဲ့ ပိုပြီး နက်နက်ရှိုင်းရှိုင်းဆက်ဆံမယ်လို့ ပြောလိုက်ပါတယ်။

ဘေကျင်းမှာ မနေ့ကကျင်းပခဲ့တဲ့ဗွီဒီယိုညီလာခံတခုကို မစ္စတာဝမ်ယီက ပြောကြားခဲ့တာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ တရုတ်မူဝါဒကိုလည်း သူ က ပြင်းပြင်းထန်ထန် ဝေဖန်ပယ်ချလိုက်ပါတယ်။ ရုရှားနဲ့တရုတ်ရဲ့ မဟာဗျူဟာဆိုင်ရာ အပြန်အလှန် နက်နက်ရှိုင်းရှိုင်းယုံကြည်မှုနဲ့ နှစ်နိုင်ငံအကျိုးရှိစေတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုမြှင့်တင်သွားမယ်လို့ မစ္စတာဝမ်ယီကပြောပါတယ်။ တရုတ်နဲ့ရုရှားရေတပ်တို့ဟာ ပြီးခဲ့တဲ့အပတ်အတွင်းမှာ ပူးတွဲစစ်ရေး လေ့ကျင့်ခဲ့ကြပါသေးတယ်။

ယူကရိန်းစစ်ပွဲနဲ့ပတ်သက်လို့ တရုတ်ပြည်ဟာ ဓမ္မဓိဌာန်ကျကျနဲ့ ဘက်မလိုက်ရေးမူကိုကိုင်စွဲထားပြီး ဒီ အခြေအနေပေါ်ကနေ ကိုယ့်ကိုယ်ကျိုးမရှာခဲ့ဘူးလို့ ပြောသွားပါတယ်။ ဒါပေမဲ့ တရုတ်ရဲ့ အနာဂတ်စီးပွါးရေးဟာ အမေရိကန်နဲ့ အနောက်ဈေးကွက်တွေနဲ့ နည်းပညာအပေါ် ချိတ်ဆက်နေတာပါ။

တရုတ်နဲ့အမေရိကန်ရဲ့ စီးပွါးရေးအရတွဲဆက်နေတာကို ခွါပစ်လို့မရသလို ရောင်းလိုအားကွင်းဆက်ကို နစ်နာအောင်လုပ်လို့လည်းမဖြစ်ပါဘူးလို့ မစ္စတာဝမ်ယီက ဆိုပါတယ်။ အမေရိကန်နဲ့ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရေးကို တရုတ်က အားထုတ်ပေမဲ့ ကျဆင်းနေ နေပါတယ်လို့လည်း သူက ပြောပါတယ်။ ဒါဟာ အမေရိကန်က တရုတ်ကို အဓိကပြိုင်ဘက်အဖြစ်မြင်နေတာကြောင့် ဖြစ်ပြီး တရုတ် ကို ပိတ်ဆို့၊ ဖိနှိပ်၊ ရန်စနေတာကြောင့် ဖြစ်တယ်လို့ ပြောသွားပါတယ်။

မစ္စတာဝမ်ယီနဲ့အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့နှစ်ဦးဟာ အမေရိကန်နဲ့တရုတ် နှစ်နိုင်ငံဆက်ဆံရေးကို တာဝန်ရှိရှိစီမံခန့်ခွဲဖို့ လိုအပ်တဲ့အကြောင်းကို ပြီးခဲ့တဲ့အပတ်နှောင်းပိုင်းမှာ ဖုန်းကနေ ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]







XS
SM
MD
LG