သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ထောက်လှမ်းရေး မိုးပျံပူဖောင်းတွေ ကမ္ဘာ့တိုက်ကြီး ၅ တိုက်မှာတွေ့ရှိ 


United States-China-Balloon
United States-China-Balloon

[[Zawgyi/Unicode]]

တရုတ်နိုင်ငံကထောက်လှမ်းရေး မိုးပျံပူဖောင်းကြီးတွေကို ကမ္ဘာ့တိုက်ကြီး ၅ တိုက်မှာ တွေ့ရှိခဲ့ရပြီး ရရှိထားတဲ့အချက်အလက်တွေကိုလည်း မဟာမိတ်တွေကို မျှဝေထားကြောင်း အမေရိကန်က ပြောလိုက်ပါတယ်။

“ကျနော်တို့အနေနဲ့ ကမ္ဘာတဝှမ်း ဒါဇင်နဲ့ချီရှိတဲ့နိုင်ငံတွေကို အဲဒီမှာရှိကြတဲ့ ကျနော်တို့ သံရုံးတွေကနေကော ဝါရှင်တန်ဒီစီကနေကော ဆက်သွယ်ပြီး သတင်းတွေကို ဖလှယ်နေကြပါတယ်။ အမေရိကန်ပြည်ထောင်စုတခုတည်းကို ပစ်မှတ်ထားတဲ့အစီအစဉ်မဟုတ်ဘဲ ကမ္ဘာ့တိုက်ကြီး ၅ တိုက်က နိုင်ငံတွေရဲ့အချုပ်အခြာကိုပါ ချိုးဖောက်ခဲ့တာကြောင့် အခုလို သတင်းတွေမျှဝေခဲ့တာ” လို့လည်း မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ NATO အတွင်းရေးမှူးချုပ် Jens Stoltenberg နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောကြားခဲ့တာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲမှာ ထောက်လှမ်းရေး မိုးပျံပူဖောင်းနဲ့ပတ်သက်ပြီး တရုတ်သမ္မတ Xi Jinping သိလိမ့်မယ်ထင်ပါသလားလို့ သတင်းထောက်တဦးကမေးမြန်းခဲ့ရာမှာတော့ တရုတ်နိုင်ငံမှာ တာဝန်ရှိပြီး ဘယ်အဆင့်မှာတာဝန်ရှိတယ်ဆိုတာ အရေးမကြီးပါဘူးလို့လည်း ဝန်ကြီး Blinken က ဖြေကြားခဲ့ပါတယ်။

တရုတ်ထောက်လှမ်းရေး မိုးပျံပူဖောင်းစီမံကိန်းနဲ့ပတ်သက်လို့ အမေရိကန်ကရရှိထားတဲ့ အချက်အလက်တွေကိုရှင်းပြဖို့ ဒီသီတင်းပတ်အစောပိုင်းမှာပဲ ဘေဂျင်းမြို့တော်က အမေရိကန်သံရုံးက နိုင်ငံတကာသံတမန်တွေကို ဖိတ်ကြားခဲ့သလို တနင်္လာနေ့ကလည်း အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman က နိုင်ငံတကာသံရုံး ၄၀ က သံတမန် ၁၅၀ လောက်ကို ဖိတ်ခေါ်ရှင်းလင်းခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

အမေရိကန် ထောက်လှမ်းရေးဌာနတွေကတော့ မကြာသေးခင်က မြောက်အမေရိကတိုက်ပေါ်ကို ဖြတ်သန်းလာတဲ့ သံသယရှိစရာ တရုတ်ထောက်လှမ်းရေးမိုးပျံပူဖောင်းဟာ တရုတ်စစ်တပ်ရဲ့ ကျယ်ပြန့်တဲ့ထောက်လှမ်းရေးအစီအစဉ် တစိတ်တပိုင်းအဖြစ် သုံးသပ်ပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လေတပ်ဗိုလ်မှူးချုပ် Pat Ryder ကတော့ တရုတ်နိုင်ငံက ထောက်လှမ်းရေးမိုးပျံပူဖောင်း ၅ ခု အမေရိကန်ကိုဖြတ်သန်းခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။ ဒါပေမဲ့လည်း မိုးပျံပူဖောင်းတွေ ဖြတ်သန်းတဲ့လမ်းကြောင်းနဲ့ စစ်ဖက်ဆိုင်ရာနေရာတွေကို ဖြတ်သန်းခဲ့တာရှိမရှိဆိုတာကိုတော့ မပြောခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

=============

[Unicode]]








XS
SM
MD
LG