သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မိုးပ်ံပူေဖါင္းပစ္ခ်မႈ တ႐ုတ္ကာကြယ္ေရးဝန္ႀကီးဌာန ကန္႔ကြက္


U.S. Shoots Down Suspected Chinese Spy Balloon

အေမရိကန္ ေလေၾကာင္းပိုင္ထဲေရာက္ေနတဲ့ သံသယျဖစ္ဖြယ္ တ႐ုတ္ေထာက္လွမ္းေရး မိုးပ်ံပူေဖါင္းႀကီးကို အေမရိကန္ေလတပ္က မေန႔ ေဖေဖာ္ဝါရီ ၄ ရက္ေန႔မွာ ပစ္ခ်လိုက္တဲ့အေပၚ၊ တ႐ုတ္ကာကြယ္ေရးဝန္ႀကီးဌာနက ကန္႔ကြက္လိုက္ၿပီး ဒါဟာ အေမရိကန္အစိုးရက လိုအပ္တာထက္ပိုၿပီး တုန္႔ျပန္တဲ့ လုပ္ရပ္ျဖစ္တယ္လို႔ ေျပာပါတယ္။

ဒီလုပ္ရပ္ကို တ႐ုတ္ႏိုင္ငံက အေလးအနက္ ကန္႔ကြက္ေၾကာင္းနဲ႔ အခုလို ျဖစ္သြားတဲ့အတြက္ အနာဂတ္မွာ အလားတူျဖစ္ရပ္မ်ိဳးနဲ႔ ၾကဳံေတြ႔ရမယ္ဆိုရင္ တ႐ုတ္တို႔ဘက္ကလည္း တူညီတဲ့ တုန္႔ျပန္မႈမ်ိဳး လုပ္ေဆာင္သြားမယ္လို႔ တ႐ုတ္ကာကြယ္ေရးဌာန ေျပာခြင့္ရ Tan Kefei က ေျပာပါတယ္။

တ႐ုတ္တို႔အဆိုအရ မိုးပ်ံပူေဖါင္းႀကီးဟာ ေလရဲ႕သယ္ေဆာင္မႈအရ အေမရိကန္ႏိုင္ငံအတြင္းကို မေတာ္တဆ ေရာက္႐ွိသြားတာျဖစ္ၿပီး၊ အေမရိကန္တို႔ စြပ္စြဲေျပာဆိုေနသလို ေထာက္လွမ္းေရးလုပ္တဲ့ မိုးပ်ံပူေဖါင္းမဟုတ္ဘဲ၊ အရပ္ဘက္သုံး မိုးေလဝသဆိုင္ရာ အခ်က္အလက္ေတြ စုေဆာင္းေရးအတြက္ ျဖစ္တယ္လို႔ တ႐ုတ္အစိုးရက အေစာပိုင္းမွာ ေျပာထားပါတယ္။

ေက်ာင္းကား ၃ စင္းစာေလာက္ အ႐ြယ္အစားေလာက္႐ွိၿပီး၊ အျမင့္ေပ ၆ ေသာင္းေလာက္မွာ ပ်ံသန္းခဲ့ေနတဲ့ ဒီ မိုးပ်ံပူေဖါင္းႀကီးဟာ သြားလိုရာကို ေျမျပင္က ထိန္းစရာမလိုဘဲ သူ႔အလိုလို ေမာင္းႏွင္ႏိုင္တဲ့ စက္ပစၥည္းေတြ အထဲမွာပါတယ္လို႔ ဆိုပါတယ္။

==== Unicode ====

အမေရိကန် လေကြောင်းပိုင်ထဲရောက်နေတဲ့ သံသယဖြစ်ဖွယ် တရုတ်ထောက်လှမ်းရေး မိုးပျံပူဖေါင်းကြီးကို အမေရိကန်လေတပ်က မနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ပစ်ချလိုက်တဲ့အပေါ်၊ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ကန့်ကွက်လိုက်ပြီး ဒါဟာ အမေရိကန်အစိုးရက လိုအပ်တာထက်ပိုပြီး တုန့်ပြန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။

ဒီလုပ်ရပ်ကို တရုတ်နိုင်ငံက အလေးအနက် ကန့်ကွက်ကြောင်းနဲ့ အခုလို ဖြစ်သွားတဲ့အတွက် အနာဂတ်မှာ အလားတူဖြစ်ရပ်မျိုးနဲ့ ကြုံတွေ့ရမယ်ဆိုရင် တရုတ်တို့ဘက်ကလည်း တူညီတဲ့ တုန့်ပြန်မှုမျိုး လုပ်ဆောင်သွားမယ်လို့ တရုတ်ကာကွယ်ရေးဌာန ပြောခွင့်ရ Tan Kefei က ပြောပါတယ်။

တရုတ်တို့အဆိုအရ မိုးပျံပူဖေါင်းကြီးဟာ လေရဲ့သယ်ဆောင်မှုအရ အမေရိကန်နိုင်ငံအတွင်းကို မတော်တဆ ရောက်ရှိသွားတာဖြစ်ပြီး၊ အမေရိကန်တို့ စွပ်စွဲပြောဆိုနေသလို ထောက်လှမ်းရေးလုပ်တဲ့ မိုးပျံပူဖေါင်းမဟုတ်ဘဲ၊ အရပ်ဘက်သုံး မိုးလေဝသဆိုင်ရာ အချက်အလက်တွေ စုဆောင်းရေးအတွက် ဖြစ်တယ်လို့ တရုတ်အစိုးရက အစောပိုင်းမှာ ပြောထားပါတယ်။

ကျောင်းကား ၃ စင်းစာလောက် အရွယ်အစားလောက်ရှိပြီး၊ အမြင့်ပေ ၆ သောင်းလောက်မှာ ပျံသန်းခဲ့နေတဲ့ ဒီ မိုးပျံပူဖေါင်းကြီးဟာ သွားလိုရာကို မြေပြင်က ထိန်းစရာမလိုဘဲ သူ့အလိုလို မောင်းနှင်နိုင်တဲ့ စက်ပစ္စည်းတွေ အထဲမှာပါတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG