သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္ မိုးပ်ံပူေဖာင္းေတြနဲ႔ ဆက္စပ္တဲ့ ကုမၸဏီတခ်ဳိ ႔ အေမရိကန္ ဒဏ္ခတ္


အေမရိကန္ပိုင္နက္ ေဝဟင္မွာ တ႐ုတ္ မိုးပ်ံပူေဖာင္းႀကီးေတြ ေတြ႔ခဲ့တဲ့ကိစၥနဲ႔ ဆက္စပ္ၿပီး တ႐ုတ္သုေတသနဌာနတခုနဲ႔ တ႐ုတ္ကုမၸဏီ ၅ ခုကို တင္ပို႔ကုန္ဆိုင္ရာ အေမရိကန္ရဲ႕ အမည္မည္းစာရင္းထဲမွာ ေသာၾကာေန႔က ထည့္သြင္းအေရးယူဒဏ္ခတ္လိုက္ပါတယ္။

အေမရိကန္နဲ႔ မဟာမိတ္ႏိုင္ငံေတြရဲ႕ အမ်ိဳးသားလုံျခဳံေရးကို ၿခိမ္းေျခာက္တဲ့ တ႐ုတ္ရဲ႕ ေထာက္လွမ္းမႈ လုပ္ရပ္ေတြကို ထိထိေရာက္ေရာက္ ေဖာ္ထုတ္ကိုင္တြယ္ဖို႔ ႀကိဳးပမ္းေနတဲ့အေၾကာင္း သမၼတအိမ္ျဖဴေတာ္က ေျပာၾကားအၿပီးမွာပဲ ဒီအေရးယူမႈ အသစ္ထြက္လာတာပါ။ အခု အေရးယူလိုက္တဲ့ ကုမၸဏီ ၅ ခုနဲ႔ သုေတသနဌာန တို႔ဟာ အထူးသျဖင့္ မိုးပ်ံပူေဖာင္းေတြနဲ႔ မိုးပ်ံယာဥ္ေတြ အပါအဝင္ တ႐ုတ္စစ္တပ္ရဲ႕ အာကာသနဲ႔ ေလေၾကာင္း စူးစမ္းေလ့လာေရး အစီအစဥ္ေတြကို ကူညီေထာက္ပံံေပးေနတဲ့ အဖြဲ႔ေတြျဖစ္ၿပီး တ႐ုတ္စစ္တပ္ ေခတ္မီအဆင့္ျမင့္ တည္ေဆာက္ေရးအတြက္ ကူညီပံ့ပိုးေပးေနတာ ျဖစ္တယ္လို႔ အေမရိကန္ ကူးသန္း ေရာင္းဝယ္ေရး ဝန္ႀကီးဌာနက ေျပာပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္က အေမရိကန္ေဝဟင္မွာ တ႐ုတ္မိုးပ်ံပူေဖာင္းႀကီးေတြ ပ်ံဝဲေနခဲ့တဲ့ကိစၥက အေမရိကန္အစိုးရအတြက္ ႏိုင္ငံေရးအရ ေဒါသထြက္စရာ ျဖစ္ေစခဲ့ၿပီး အေမရိကန္နဲ႔ မဟာမိတ္ေတြအေပၚ တ႐ုတ္ႏိုင္ငံရဲ႕ ၿခိမ္းေျခာက္မႈကို အထူးအာ႐ုံစိုက္ တုံ႔ျပန္ရတဲ့ အေျခအေန ျဖစ္လာေစပါတယ္။ ႏွစ္ေတြနဲ႔ခ်ီ တင္းမာမႈေတြ ႐ွိေနတဲ့ အေမရိကန္နဲ႔ တ႐ုတ္အၾကား ဆက္ဆံေရး ျပန္လည္တည္ေဆာက္ဖို႔ ရည္႐ြယ္ေမွ်ာ္လင့္ထားတဲ့ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ရဲ႕ တ႐ုတ္ႏိုင္ငံ ခရီးစဥ္ကို ပယ္ဖ်က္လိုက္တဲ့အထိ အေမရိကန္ဘက္က ျပန္လည္တုံ႔ျပန္ခဲ့ပါတယ္။

==== Unicode ====

အမေရိကန်ပိုင်နက် ဝေဟင်မှာ တရုတ် မိုးပျံပူဖောင်းကြီးတွေ တွေ့ခဲ့တဲ့ကိစ္စနဲ့ ဆက်စပ်ပြီး တရုတ်သုတေသနဌာနတခုနဲ့ တရုတ်ကုမ္ပဏီ ၅ ခုကို တင်ပို့ကုန်ဆိုင်ရာ အမေရိကန်ရဲ့ အမည်မည်းစာရင်းထဲမှာ သောကြာနေ့က ထည့်သွင်းအရေးယူဒဏ်ခတ်လိုက်ပါတယ်။

အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်တဲ့ တရုတ်ရဲ့ ထောက်လှမ်းမှု လုပ်ရပ်တွေကို ထိထိရောက်ရောက် ဖော်ထုတ်ကိုင်တွယ်ဖို့ ကြိုးပမ်းနေတဲ့အကြောင်း သမ္မတအိမ်ဖြူတော်က ပြောကြားအပြီးမှာပဲ ဒီအရေးယူမှု အသစ်ထွက်လာတာပါ။ အခု အရေးယူလိုက်တဲ့ ကုမ္ပဏီ ၅ ခုနဲ့ သုတေသနဌာန တို့ဟာ အထူးသဖြင့် မိုးပျံပူဖောင်းတွေနဲ့ မိုးပျံယာဉ်တွေ အပါအဝင် တရုတ်စစ်တပ်ရဲ့ အာကာသနဲ့ လေကြောင်း စူးစမ်းလေ့လာရေး အစီအစဉ်တွေကို ကူညီထောက်ပံပေးနေတဲ့ အဖွဲ့တွေဖြစ်ပြီး တရုတ်စစ်တပ် ခေတ်မီအဆင့်မြင့် တည်ဆောက်ရေးအတွက် ကူညီပံ့ပိုးပေးနေတာ ဖြစ်တယ်လို့ အမေရိကန် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန်ဝေဟင်မှာ တရုတ်မိုးပျံပူဖောင်းကြီးတွေ ပျံဝဲနေခဲ့တဲ့ကိစ္စက အမေရိကန်အစိုးရအတွက် နိုင်ငံရေးအရ ဒေါသထွက်စရာ ဖြစ်စေခဲ့ပြီး အမေရိကန်နဲ့ မဟာမိတ်တွေအပေါ် တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုကို အထူးအာရုံစိုက် တုံ့ပြန်ရတဲ့ အခြေအနေ ဖြစ်လာစေပါတယ်။ နှစ်တွေနဲ့ချီ တင်းမာမှုတွေ ရှိနေတဲ့ အမေရိကန်နဲ့ တရုတ်အကြား ဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့ ရည်ရွယ်မျှော်လင့်ထားတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်လိုက်တဲ့အထိ အမေရိကန်ဘက်က ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

XS
SM
MD
LG