သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္နဲ႔ခ်ဳပ္ဆိုထားတဲ့ ႏ်ဴကလီးယားလက္နက္ေလွ်ာ့ခ်ေရးစာခ်ဳပ္ ႐ုရွားရပ္ဆိုင္း


ႏိုင္ငံေတာ္ အေျချပမိန္႔ခြန္းေျပာေနတဲ့ ႐ုရွားသမၼတပူတင္ (ေဖေဖာ္ဝါရီ ၂၁၊ ၂၀၂၃)

အေမရိကန္နဲ႔ ခ်ဳပ္ဆိုထားတဲ့ ႏ်ဴကလီယား လက္နက္ေလွ်ာ့ခ်ေရး စာခ်ဳပ္ကို ႐ုရွားက ရပ္ဆိုင္းပစ္လိုက္ပါတယ္။ ယူကရိန္း ပဋိပကၡကို ေလာင္စာထည့္ေပးၿပီး၊ ပဋိပကၡ ပိုမိုဆိုးဝါးလာေစတဲ့အျပင္၊ ဒီပဋိပကၡဒဏ္ ခံၾကရသူေတြအတြက္ အေနာက္ႏိုင္ငံခါင္းေဆာင္ေတြမွာ တာဝန္ရွိတယ္လို႔ ဒီေန႔ အဂၤါေန႔မွာပဲ ႐ုရွား သမၼတပူတင္က သူ႔ရဲ႕ ႏိုင္ငံေတာ္ အေျချပမိန႔္ခြန္းမွာ ေျပာၾကားရင္း အေမရိကန္နဲ႔ န်ဴကလီးယား လက္နက္ဆိုင္ရာစာခ်ဳပ္ကို ရပ္ဆိုင္းလိုက္တာျဖစ္ပါတယ္။ အေနာက္ႏိုင္ငံေတြဟာ ႐ုရွားနဲ႔ ဆက္ဆံေရးကို တခ်ီတည္း အားလုံးအဆုံးသြားေစခ်င္တာေၾကာင့္ ႐ုရွားဟာ မရပ္မျဖစ္ မဟာဗ်ဴဟာလက္နက္ေလွ်ာ့ခ်ေရး စာခ်ဳပ္ (START) အသစ္ကို ရပ္လိုက္ရတာ ျဖစ္တယ္လို႔ ႐ုရွား သမၼတ ပူတင္က ဆိုပါတယ္။ ဒီစာခ်ဳပ္ကို ၂၀၂၆ ေဖေဖာ္ဝါရီ ၄ ရက္အထိ သက္တမ္းတိုးထားဖို႔ အေမရိကန္နဲ႔ ႐ုရွားတို႔က သေဘာတူထားၾကတာပါ။

ယူကရိန္းစစ္ပြဲဟာ ပိုမို ရႈပ္ေထြးလာတဲ့အတိုင္း၊ အေမရိကန္ သမၼတဘိုင္ဒင္ကေတာ့ ဒီေန႔ အဂၤါေန႔ မွာ ပိုလန္သမၼတအန္ဒေရဒူဒ Andrzej Duda နဲ႔ ေတြ႕ဆုံဖို႔ ရွိၿပီး ဝါေဆာၿမိဳ႕ေတာ္ဝင္ ရဲတိုက္ရဲ႕ ျမက္ခင္းျပင္မွာ မိန႔္ခြန္း ေျပာဖို႔ ရွိပါတယ္။ ယူကရိန္းအေပၚ ထားရွိတဲ့ ကတိကဝတ္ေတြ ကို ဒီ မိန႔္ခြန္းမွာ မီးေမာင္းထိုးျပလိမ့္မယ္လို႔ ေမွ်ာ္လင့္ထားၾကပါတယ္။ သမၼတဘိုင္ဒင္ဟာ ယူကရိန္း ၿမိဳ႕ေတာ္ကိဗ္ကို မေၾကညာဘဲ ေရာက္ရွိသြားခဲ့ၿပီးေနာက္ တနလၤာေန႔မွာ ပိုလန္ႏိုင္ငံၿမိဳ႕ေတာ္ ဝါေဆာကို သြားေရာက္ခဲ့တာပါ။ ဗုဒၶဟူးေန႔မွာလည္း ပိုလန္သမၼတဒူဒနဲ႔အတူ အျခားေနတိုးအဖြဲ႕ အေရွ႕ဘက္ စစ္ေရးမဟာမိတ္ ၉ ႏိုင္ငံ ေခါင္းေဆာင္ေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးမွာ ျဖစ္ပါတယ္။

ယူကရိန္းက ဦးၫြတ္လာၿပီး အေနာက္ႏိုင္ငံေတြက ကြဲျပားေနၾကမယ္လို႔ ယူကရိန္းက်ဴးေက်ာ္စစ္ကို စတင္ခဲ့ရာမွာ ႐ုရွားသမၼတပူတင္က မွားယြင္းစြာ ယူဆခဲ့တယ္လို႔ အိမ္ျဖဴေတာ္ အမ်ိဳးသား လုံၿခဳံေရး အႀကံေပး Jake Sullivan က ဆိုပါတယ္။ ဒါနဲ႔ ေျပာင္းျပန္ကို ပူတင္ ရင္ဆိုင္ခဲ့ရတာပါလို႔ သူက ဆက္ေျပာပါတယ္။

႐ုရွားကို ေၾကာက္႐ြံတဲ့ေရာဂါ အဆက္ျဖစ္ၿပီး လက္နက္ေတြထပ္ အသစ္တင္ပို႔ၾကဖို႔ ဆြဲေဆာင္စည္း႐ုံးၾကတာ ျဖစ္ဖို႔မ်ားေပမယ့္ အေမရိကန္ သမၼတဘိုင္ဒင္ရဲ႕ ဒီေန႔ ပိုလန္ခရီးစဥ္ကို အလြန္ ဂ႐ုတစိုက္ ေစာင့္ၾကည့္ေနေၾကာင္း ႐ုရွား အစိုးရေျပာေရးဆိုခြင့္ရွိသူ Dmitry Peskov က ႐ုရွား႐ုပ္ျမင္သံၾကားကို ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

ကန်နဲ့ချုပ်ဆိုထားတဲ့ နျူကလီးယားလက်နက်လျှော့ချရေးစာချုပ် ရုရှားရပ်ဆိုင်း

အမေရိကန်နဲ့ ချုပ်ဆိုထားတဲ့ နျူကလီယား လက်နက် လျှော့ချရေး စာချုပ်ကို ရုရှားက ရပ်ဆိုင်းပစ်လိုက်ပါတယ်။ ယူကရိန်း ပဋိပက္ခကို လောင်စာ ထည့်ပေးပြီး၊ ပဋိပက္ခ ပိုမိုဆိုးဝါးလာစေတဲ့အပြင်၊ ဒီပဋိပက္ခဒဏ် ခံကြရသူတွေအတွက် အနောက်နိုင်ငံခါင်းဆောင်တွေမှာ တာဝန်ရှိတယ်လို့ ဒီနေ့ အင်္ဂါနေ့မှာပဲ ရုရှား သမ္မတပူတင်က သူ့ ရဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ ပြောကြားရင်း အမေရိကန်နဲ့ နျူကလီးယား လက်နက် ဆိုင်ရာစာချုပ်ကို ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။ အနောက်နိုင်ငံတွေဟာ ရုရှားနဲ့ ဆက်ဆံရေးကို တချီတည်း အားလုံးအဆုံးသွားစေချင်တာကြောင့် ရုရှားဟာ မရပ်မဖြစ် မဟာဗျူဟာလက်နက်လျှော့ချရေး စာချုပ် (START) အသစ်ကို ရပ်လိုက်ရတာ ဖြစ်တယ်လို့ ရုရှား သမ္မတ ပူတင်က ဆိုပါတယ်။ ဒီစာချုပ်ကို ၂၀၂၆ ဖေဖော်ဝါရီ ၄ ရက်အထိ သက်တမ်းတိုးထားဖို့ အမေရိကန်နဲ့ ရုရှားတို့က သဘောတူထားကြတာပါ။

ယူကရိန်းစစ်ပွဲဟာ ပိုမိုရှုပ်ထွေးလာတဲ့အတိုင်း၊ အမေရိကန် သမ္မတဘိုင်ဒင်ကတော့ ဒီနေ့ အင်္ဂါနေ့ မှာ ပိုလန်သမ္မတအန်ဒရေဒူဒ Andrzej Duda နဲ့ တွေ့ဆုံဖို့ ရှိပြီး ဝါဆောမြို့တော်ဝင် ရဲတိုက်ရဲ့ မြက်ခင်းပြင်မှာ မိန့်ခွန်း ပြောဖို့ ရှိပါတယ်။ ယူကရိန်းအပေါ် ထားရှိတဲ့ ကတိကဝတ်တွေ ကို ဒီ မိန့်ခွန်းမှာ မီးမောင်းထိုးပြလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။ သမ္မတဘိုင်ဒင်ဟာ ယူကရိန်း မြို့တော်ကိဗ်ကို မကြေညာဘဲ ရောက်ရှိသွားခဲ့ပြီးနောက် တနင်္လာနေ့မှာ ပိုလန်နိုင်ငံမြို့တော် ဝါဆောကို သွားရောက်ခဲ့တာပါ။ ဗုဒ္ဓဟူးနေ့မှာလည်း ပိုလန်သမ္မတဒူဒနဲ့အတူ အခြားနေတိုးအဖွဲ့ အရှေ့ဘက် စစ်ရေးမဟာမိတ် ၉ နိုင်ငံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။

ယူကရိန်းက ဦးညွတ်လာပြီး အနောက်နိုင်ငံတွေက ကွဲပြားနေကြမယ်လို့ ယူကရိန်းကျူးကျော်စစ်ကို စတင်ခဲ့ရာမှာ ရုရှားသမ္မတပူတင်က မှားယွင်းစွာ ယူဆခဲ့တယ်လို့ အိမ်ဖြူတော် အမျိုးသား လုံခြုံရေး အကြံပေး Jake Sullivan က ဆိုပါတယ်။ ဒါနဲ့ ပြောင်းပြန်ကို ပူတင် ရင်ဆိုင်ခဲ့ရတာပါလို့ သူက ဆက်ပြောပါတယ်။

ရုရှားကို ကြောက်ရွံတဲ့ရောဂါ အဆက်ဖြစ်ပြီး လက်နက်တွေထပ် အသစ်တင်ပို့ကြဖို့ ဆွဲဆောင်စည်းရုံးကြတာ ဖြစ်ဖို့များပေမယ့် အမေရိကန် သမ္မတဘိုင်ဒင်ရဲ့ ဒီနေ့ ပိုလန်ခရီးစဉ်ကို အလွန် ဂရုတစိုက် စောင့်ကြည့်နေကြောင်း ရုရှား အစိုးရပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ရုရှား ရုပ်မြင်သံကြားကို ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG