သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Joe Biden ယူကရိန်းနိုင်ငံမြို့တော်ကို သွားရောက်


အမေရိကန် သမ္မတ ဘိုင်ဒင် ယူကရိန်းကိုကြေညာမထားပဲသွားရောက်ခဲ့ပြီး သမ္မတ ဇလန်းစကီးနဲ့တွေ့ဆုံစဉ် (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၃)
အမေရိကန် သမ္မတ ဘိုင်ဒင် ယူကရိန်းကိုကြေညာမထားပဲသွားရောက်ခဲ့ပြီး သမ္မတ ဇလန်းစကီးနဲ့တွေ့ဆုံစဉ် (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၃)

[[Zawgyi/Unicode]]

အမေရိကန် သမ္မတ Joe Biden ဒီနေ့ ယူကရိန်းနိုင်ငံ Kyvi ကို ရောက်ရှိသွားပါတယ်။ ယူကရိန်းကို ရုရှားကျုးကျော်ခဲ့တဲ့ စစ်ပွဲ တနှစ်ပြည့်ဖို့ ရက်ပိုင်းပဲအလိုမှာပဲ သမ္မတ Joe Biden က ကြိုတင် မကြေညာဘဲ ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ သွားရောက် တွေ့ဆုံတာပါ။

ဒီမိုကရေစီဟာ ခင်ဗျားတို့ဘက်မှာ ရပ်တည်နေပါတယ်၊ အမေရိကန် ပြည်သူတွေနဲ့ ကမ္ဘာဟာ ခင်ဗျားတို့နဲ့အတူ ရပ်တည်နေပါတယ်။ Kyiv ဟာ ကျနော့နှလုံးသားထဲမှာ ရှိနေတဲ့မြို့ ဖြစ်ပါတယ်။ ကျနော် ဒုသမ္မတအဖြစ် တာဝန်ယူခဲ့တဲ့အချိန်က ၆ ကြိမ်ရောက်ဖူးပြီး အခု သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့အချိန်မှာ ပထမဆုံးရောက်လာတာပါလို့ သမ္မတ Joe Biden က ယူကရိန်းသမ္မတ Zelenskyy နဲ့ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

ဒီခရီးစဉ်ဟာ ရုရှားရဲ့ ကျုးကျော်စစ်ကို တွန်းလှန်နေတဲ့ ယူကရိန်းနိုင်ငံနဲ့အတူ သွေးစည်းညီညွတ်မှုကို ပြသတဲ့ ခရီးစဉ်ဖြစ်သလို အောင်ပွဲအတွက် နီးလာတာကို ပြသတာလို့ နှစ်နိုင်ငံခေါင်းဆောင်တွေက ပြောဆိုပါတယ်။

တချိန်တည်းမှာ ယူကရိန်းစစ်ပွဲမှာ ရုရှားကို တရုတ်က စစ်ရေးအရ အကူအညီပေးမယ်ဆိုရင် အမေရိကန် နဲ့ တရုတ် ဆက်ဆံရေး မှာ အကျိုးဆက်တွေရှိလာနိုင်တယ်လို့ တူရကီနိုင်ငံကို ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း သတိပေးပြောဆိုပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ထဲ မြူးနစ် လုံခြုံရေး ညီလာခံ မှာ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီနဲ့ တွေ့တော့ ဒါ ကို တိုက်ရိုက် ပြောဆိုခဲ့ပါတယ်။ ရုရှား ကိုပံ့ပိုးတာတွေ လုပ်မယ်ဆိုရင် ဘယ်လိုအကျိုးဆက်တွေ ရှိနိုင်သလဲ ဆိုတာ ကို တရုတ် က နားလည်မယ်လို့ ကျွန်တော် ထင်ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က တူရကီမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာပါ။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Wang Wenbin ကတော့ အမေရိကန်အနေနဲ့ ငြိမ်းချမ်းရေး နဲ့ ညှိုနှိုင်းဆွေးနွေးရေး အရှိန်မြှင့်လုပ်ဆောင်ဖို့၊ အပြစ်တင်တာတွေ ၊ သတင်းအမှားတွေ ဖြန့်နေတာတွေ ရပ်ဖို့ လိုတယ်ဆိုပြီး ဒီနေ့ တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောပါတယ်။

သမ္မတ Joe Biden ယူကရိန်းနိုင်ငံမြို့တော်ကို သွားရောက်
please wait

No media source currently available

0:00 0:01:43 0:00
တိုက်ရိုက် လင့်ခ်

[Unicode]]






XS
SM
MD
LG