ယူကရိန္းႏိုင္ငံကို က်ဴးေက်ာ္စစ္တိုက္ေနတဲ့ ႐ု႐ွားႏိုင္ငံရဲ႕လုပ္ရပ္ဟာ လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္တဲ့ရာဇဝတ္မႈ ျဖစ္တယ္လို႔ အေမရိကန္အစိုးရက တရားဝင္သတ္မွတ္ေၾကာင္း အေမရိကန္ဒုသမၼတ Kamala Harris က ဒီကေန႔ ေၾကညာလိုက္ပါတယ္။
သက္ေသအေထာက္အထားေတြ၊ ဥပေဒသတ္မွတ္ခ်က္ေတြကို ေလ့လာသုံးသပ္ခဲ့ၿပီးေနာက္႐ု႐ွားတို႔ရဲ႕လုပ္ရပ္ဟာ လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈေျမာက္တယ္ဆိုတာ သံသယျဖစ္စရာ မ႐ွိဘူးလို႔ ဂ်ာမနီႏိုင္ငံမွာ က်င္းပေနတဲ့ Munich Security Conference လုံျခဳံေရးညီလာခံမွာ ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။
ဒီျပစ္မႈေတြကို က်ဴးလြန္ခဲ့သူေတြ၊ ဒီျပစ္မႈေတြ က်ဴးလြန္ေအာင္ အမိန္႔ေပးသူေတြအားလုံးအေနနဲ႔ သူတို႔လုပ္ရပ္အတြက္ တာဝန္ခံရမွာ ျဖစ္တယ္လို႔ အေမရိကန္ဒုသမၼတက ေျပာၾကားခဲ့ပါတယ္။ အေမရိကန္ႏိုင္ငံျခားေရးဌာနက ဥပေဒေၾကာင္းအရ သုံးသပ္ၿပီး အခုလို တရားဝင္သတ္မွတ္လိုက္တဲ့အတြက္ ႐ု႐ွားက်ဴးေက်ာ္စစ္အေပၚေတာ့ ခ်က္ခ်င္းအက်ိဳးဆက္ေတြ ႐ွိလာဦးမွာ မဟုတ္ပါဘူး။
ဒါေပမဲ့ ႐ု႐ွားသမၼတ Vladimir Putin ကို ႏိုင္ငံတကာအသိုင္းအဝိုင္းကေန ေနာက္ထပ္ဖယ္က်င္ႏိုင္ဖို႔နဲ႔ သူ႔အစိုးရအဖြဲ႔ဝင္ေတြကို ႏိုင္ငံတကာတရား႐ုံးေတြမွာ အေရးယူႏိုင္ဖို႔ ဒဏ္ခတ္ပိတ္ဆို႔မႈေတြ လုပ္ႏိုင္ဖို႔ အေမရိကန္အစိုးရက ေမွ်ာ္လင့္ပါတယ္။ သမၼတ Joe Biden ဦးေဆာင္တဲ့ မဟာမိတ္ေတြရဲ႕ ပူတင္အေပၚ အေရးယူမႈေၾကာင့္ ႐ု႐ွားဟာ အင္အားခ်ည့္နည့္ေနတဲ့ ႏိုင္ငံတခု ျဖစ္ေနတယ္လို႔ အေမရိကန္ဒုသမၼတ Kamala Harris က Munich လုံျခံဳေရးညီလာခံမွာ ေျပာၾကားခဲ့သြားပါတယ္။
=== Unicode ===
ယူကရိန်းနိုင်ငံကို ကျူးကျော်စစ်တိုက်နေတဲ့ ရုရှားနိုင်ငံရဲ့လုပ်ရပ်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု ဖြစ်တယ်လို့ အမေရိကန်အစိုးရက တရားဝင်သတ်မှတ်ကြောင်း အမေရိကန်ဒုသမ္မတ Kamala Harris က ဒီကနေ့ ကြေညာလိုက်ပါတယ်။
သက်သေအထောက်အထားတွေ၊ ဥပဒေသတ်မှတ်ချက်တွေကို လေ့လာသုံးသပ်ခဲ့ပြီးနောက်ရုရှားတို့ရဲ့လုပ်ရပ်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တယ်ဆိုတာ သံသယဖြစ်စရာ မရှိဘူးလို့ ဂျာမနီနိုင်ငံမှာ ကျင်းပနေတဲ့ Munich Security Conference လုံခြုံရေးညီလာခံမှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ဒီပြစ်မှုတွေကို ကျူးလွန်ခဲ့သူတွေ၊ ဒီပြစ်မှုတွေ ကျူးလွန်အောင် အမိန့်ပေးသူတွေအားလုံးအနေနဲ့ သူတို့လုပ်ရပ်အတွက် တာဝန်ခံရမှာ ဖြစ်တယ်လို့ အမေရိကန်ဒုသမ္မတက ပြောကြားခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနက ဥပဒေကြောင်းအရ သုံးသပ်ပြီး အခုလို တရားဝင်သတ်မှတ်လိုက်တဲ့အတွက် ရုရှားကျူးကျော်စစ်အပေါ်တော့ ချက်ချင်းအကျိုးဆက်တွေ ရှိလာဦးမှာ မဟုတ်ပါဘူး။
ဒါပေမဲ့ ရုရှားသမ္မတ Vladimir Putin ကို နိုင်ငံတကာအသိုင်းအဝိုင်းကနေ နောက်ထပ်ဖယ်ကျင်နိုင်ဖို့နဲ့ သူ့အစိုးရအဖွဲ့ဝင်တွေကို နိုင်ငံတကာတရားရုံးတွေမှာ အရေးယူနိုင်ဖို့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်နိုင်ဖို့ အမေရိကန်အစိုးရက မျှော်လင့်ပါတယ်။ သမ္မတ Joe Biden ဦးဆောင်တဲ့ မဟာမိတ်တွေရဲ့ ပူတင်အပေါ် အရေးယူမှုကြောင့် ရုရှားဟာ အင်အားချည့်နည့်နေတဲ့ နိုင်ငံတခု ဖြစ်နေတယ်လို့ အမေရိကန်ဒုသမ္မတ Kamala Harris က Munich လုံခြုံရေးညီလာခံမှာ ပြောကြားခဲ့သွားပါတယ်။