သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းသမၼတ နဲ႔ ကန္သမၼတ အိမ္ျဖဴေတာ္မွာ ေတြ႕ဆံု


(Zawgyi/ Unicode)

ယူကရိန္းသမၼတ Volodymyr Zelenskyy ဟာ သူ႔ရဲ႕ ပထမဆုံး ျပည္ပ ခရီးစဥ္အျဖစ္ အေမရိကန္ ျပည္ေထာင္စုကို ဗုဒၶဟူးေန႔က ေရာက္ရွိလာခဲ့ၿပီး အေမရိကန္ သမၼတ Joe Biden က အိမ္ျဖဴေတာ္မွာ သူ႔ကိုႀကိဳဆိုခဲ့ပါတယ္။

“ က်ေနာ္နဲ႔အတူ ယူကရိန္းျပည္သူေတြက အေမရိကန္ သမၼတကို ေက်းဇူးအထူးတင္ပါတယ္။ ဒါ့အျပင္ ယူကရိန္းကို ကူညီတဲ့ အေမရိကန္လႊတ္ေတာ္နဲ႔ အေမရိကန္ျပည္သူေတြကိုလည္း ေက်းဇူးတင္ပါတယ္လို႔ သမၼတ Zelenskyy က သမၼတ Biden နဲ႔ အိမ္ျဖဴေတာ္မွာ ေတြ႕ဆုံစဥ္ ေျပာၾကားခဲ့ပါတယ္။

သမၼတ Biden ကလည္း ယူကရိန္းျပည္သူေတြဟာ တကမ ၻာလုံးအတြက္ အားက်ဂုဏ္ယူစရာျဖစ္ပါတယ္။ ဒါ့အျပင္ ခင္ဗ်ားဟာလည္း အေမရိကန္ျပည္ေထာင္စုမွာ ဒီႏွစ္အတြက္ ထူးျခား ေျပာင္ေျမာက္သူ အျဖစ္ အသိအမွတ္ျပဳ ခံရသူပါလို႔ ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။ အေမရိကန္ျပည္ေထာင္စုရဲ႕ Time မဂၢဇင္းမွာ သမၼတ Zelenskyy ကို ဒီႏွစ္အတြက္ စြမ္းေဆာင္ရည္ အေကာင္းဆုံး ထူးျခားတဲ့သူ အျဖစ္ အသိအမွတ္ျပဳ ေဖၚျပထားပါတယ္။

က်ေနာ္တို႔ မဟာမိတ္ေတြျဖစ္တဲ့ ဥေရာပ၊ ဂ်ပန္နဲ႔ အျခားႏိုင္ငံေတြ အပါအ၀င္ အေမရိကန္ လႊတ္ေတာ္မွာ ဒီမိုကရက္ေရာ၊ ရီပတ္ဘလစ္ကန္ေတြကပါ ယူကရိန္းရဲ႕ လိုအပ္ခ်က္ေတြ အတြက္ ေငြေၾကး၊ လူသားျခင္း စာနာမႈ အကူအညီ၊ လုံၿခဳံေရး ဆိုင္ ရာ အကူအညီ အေထာက္အပံ႔ေတြကို ေဆာင္ရြက္ေပးႏိုင္ခဲ့ေၾကာင္း သမၼတ Biden က ေျပာဆိုခဲ့ပါတယ္။

အေမရိကန္ ျပည္ေထာင္စုက ယူကရိန္းကို ေဒၚလာ ၁၉ ဒသမ ၃ ဘီလ်ံ စစ္ေရးအကူအညီေပးခဲ့သလို ဒီ ဗုဒၶဟူး ေန႔မွာလည္း ေလေၾကာင္းရန္ ကာကြယ္ေရးအတြက္ အဆင့္ျမင့္ ဒုံးခြင္းဒံုး Patriot missile ဒုံးေတြ အပါအ၀င္ ေဒၚလာ ၂ ဘီလ်ံဖိုး ထပ္မံေပးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ယူကရိန်းသမ္မတ နဲ့ ကန်သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံ

ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ သူ့ရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ်အဖြစ် အမေရိကန် ပြည်ထောင်စုကို ဗုဒ္ဓဟူးနေ့က ရောက်ရှိလာခဲ့ပြီး အမေရိကန် သမ္မတ Joe Biden က အိမ်ဖြူတော်မှာ သူ့ကိုကြိုဆိုခဲ့ပါတယ်။

“ ကျနော်နဲ့အတူ ယူကရိန်းပြည်သူတွေက အမေရိကန် သမ္မတကို ကျေးဇူးအထူးတင်ပါတယ်။ ဒါ့အပြင် ယူကရိန်းကို ကူညီတဲ့ အမေရိကန်လွှတ်တော်နဲ့ အမေရိကန်ပြည်သူတွေကိုလည်း ကျေးဇူးတင်ပါတယ်လို့ သမ္မတ Zelenskyy က သမ္မတ Biden နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

သမ္မတ Biden ကလည်း ယူကရိန်းပြည်သူတွေဟာ တကမ ္ဘာလုံးအတွက် အားကျဂုဏ်ယူစရာဖြစ်ပါတယ်။ ဒါ့အပြင် ခင်ဗျားဟာလည်း အမေရိကန်ပြည်ထောင်စုမှာ ဒီနှစ်အတွက် ထူးခြား ပြောင်မြောက်သူ အဖြစ် အသိအမှတ်ပြု ခံရသူပါလို့ ချီးကျူးပြောဆိုခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ Time မဂ္ဂဇင်းမှာ သမ္မတ Zelenskyy ကို ဒီနှစ်အတွက် စွမ်းဆောင်ရည် အကောင်းဆုံး ထူးခြားတဲ့သူ အဖြစ် အသိအမှတ်ပြု ဖေါ်ပြထားပါတယ်။

ကျနော်တို့ မဟာမိတ်တွေဖြစ်တဲ့ ဥရောပ၊ ဂျပန်နဲ့ အခြားနိုင်ငံတွေ အပါအဝင် အမေရိကန် လွှတ်တော်မှာ ဒီမိုကရက်ရော၊ ရီပတ်ဘလစ်ကန်တွေကပါ ယူကရိန်းရဲ့ လိုအပ်ချက်တွေ အတွက် ငွေကြေး၊ လူသားခြင်း စာနာမှု အကူအညီ၊ လုံခြုံရေး ဆိုင် ရာ အကူအညီ အထောက်အပံ့တွေကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သမ္မတ Biden က ပြောဆိုခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုက ယူကရိန်းကို ဒေါ်လာ ၁၉ ဒသမ ၃ ဘီလျံ စစ်ရေးအကူအညီပေးခဲ့သလို ဒီ ဗုဒ္ဓဟူး နေ့မှာလည်း လေကြောင်းရန် ကာကွယ်ရေးအတွက် အဆင့်မြင့် ဒုံးခွင်းဒုံး Patriot missile ဒုံးတွေ အပါအဝင် ဒေါ်လာ ၂ ဘီလျံဖိုး ထပ်မံပေးခဲ့ပါတယ်။

XS
SM
MD
LG