သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းျပည္သူေတြအတြက္ ဆာခါေရာ့ဗ္ လူ႔အခြင့္အေရးဆု ေပးအပ္


ဥေရာပပါလီမန္က ခ်ီးျမႇင့္တဲ့ ဆာခါေရာ့ဗ္ လူ႔အခြင့္အေရးဆု လက္ခံယူသူမ်ား။ 14 DEC 2022

[[ ZAWGYI ]]

ယူကရိန္းျပည္သူေတြအတြက္ ဆာခါေရာ့ဗ္ လူ႔အခြင့္အေရးဆု ေပးအပ္

ဥေရာပပါလီမန္က ခ်ီးျမႇင့္တဲ့ ဆာခါေရာ့ဗ္ လူ႔အခြင့္အေရးဆုကို ႐ုရွားရဲ႕က်ဳးေက်ာ္မႈမွာ ရဲရဲရင့္ရင့္ ရင္ဆိုင္ေနၾကတဲ့ သူေတြအျဖစ္ ယူကရိန္းျပည္သူေတြကို ေပးအပ္လိုက္ပါတယ္။ ကိုယ္စားလွယ္ေတြက ဗုဒၶဟူးေန႔ အခမ္းအနားမွာ တက္ေရာက္ လက္ခံ ယူခဲ့ၾကပါတယ္။

“ ဒီႏွစ္အတြက္ေတာ့ ရဲရင့္တဲ့ ယူကရိန္းျပည္သူေတြကို ကိုယ္စားျပဳတဲ့ သမၼတ၊ ေ႐ြးေကာက္ခံ ကိုယ္စားလွယ္ေတြနဲ႔ လူထုအေျချပဳ အဖြဲ႕အစည္းေတြကို ၂၀၂၂ ခုႏွစ္ ဆာခါေရာ့ဗ္ဆု ခ်ီးျမႇင့္ဖို႔ က်မတို႔ ခုလို ဆုံဆည္းၾကတာျဖစ္ပါတယ္။ ယူကရိန္းျပည္သူေတြ ခုထိ ႀကံ့ႀကံ့ခံ တိုက္ပြဲဝင္ေနၾကသလို၊ လြတ္လပ္မႈနဲ႔ ဥေရာပ စံတန္ဖိုးေတြအတြက္လည္း ေပးဆပ္မႈေပါင္းမ်ားစြာ လုပ္ခဲ့ၾကပါတယ္။” လို႔ ဥေရာပပါလီမန္ ဥကၠဌ Roberta Metsola က ျပင္သစ္ႏိုင္ငံ Strasbourg ၿမိဳ႕က ဗုဒၶဟူးေန႔ ဆုေပးပြဲမွာ ေျပာသြားတာပါ။

ကိုယ့္ျပည္သူေတြအေပၚ လူ႔အခြင့္အေရး ေလးစားမႈမရွိတဲ့ ႏိုင္ငံတႏိုင္ငံဟာ အိမ္နီးခ်င္းႏိုင္ငံေတြ အေပၚမွာလည္း ေလးစားမွာ မဟုတ္ဘူးဆိုတဲ့ ကြယ္လြန္သူ ဆိုဗီယက္ယူနီယံက ႐ူပေဗဒပညာရွင္ Andrei Sakharov အင္ဒေရ ဆာခါေရာ့ဗ္ရဲ႕ ေျပာၾကားခ်က္ကိုလည္း ကိုးကား ေျပာဆိုခဲ့ပါတယ္။

ယူကရိန္းသမၼတ Volodymyr Zelenskyy က ဗီဒီယိုကတဆင့္ မိန႔္ခြန္းေျပာရာမွာ - ႐ုရွား အၾကမ္းဖက္စစ္ပြဲရဲ႕ ရည္႐ြယ္ခ်က္ ကေတာ့ ယူကရိန္းနဲ႔ ဥေရာပရဲ႕လြတ္လပ္မႈေတြကို ပိတ္ပင္တားဆီးဖို႔ ျဖစ္တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ဒီ ဆာခါေရာ့ဗ္ဆုကို ခ်ီးျမႇင့္ေပးတဲ့အတြက္ေရာ၊ ေထာက္ခံအားေပးမႈအတြက္ပါ ဥေရာပပါလီမန္ကိုလည္း ေက်းဇူးတင္ေၾကာင္း သမၼတ Zelenskyy က ေျပာပါတယ္။ က်ဴးေက်ာ္စစ္ က်ဴးလြန္တဲ့ ႐ုရွားေခါင္းေဆာင္ေတြကို အေရးယူသြားႏိုင္ေရး ဥေရာပႏိုင္ငံေတြက တရားေရးစနစ္ တခု ထူေထာင္ စစ္ေဆး စီရင္သြားဖို႔ကိုလည္း Zelenskyy က တိုက္တြန္းလိုက္ပါတယ္။

ဆာခါေရာ့ဗ္ဆု လက္ခံယူဖို႔ အခမ္းအနား တက္ေရာက္လာတဲ့ ယူကရိန္း ကိုယ္စားလွယ္ေတြထဲမွာ စစ္မႈထမ္းေဟာင္းေတြ၊ ႐ုရွား သိမ္းပိုက္ထားတဲ့ Melitopol ၿမိဳ႕ရဲ႕ ၿမိဳ႕ေတာ္ဝန္ Ivan Fedorov ၊ လူ႔အခြင့္ေရးလႈပ္ရွားသူ Oleksandra Matviychuk နဲ႔ အျခားလူေတြလည္း ပါဝင္တာပါ။ ဆုေၾကးေငြအျဖစ္ အေမရိကန္ေဒၚလာ (၅၃,၀၀၀)ေက်ာ္ ရရွိမွာျဖစ္ပါတယ္။

ဥေရာပရဲ႕ အျမင့္ဆုံး လူ႔အခြင့္အေရးဆုကိုေတာ့ တခ်ိန္က ဆိုဗီယက္ယူနီယံမွာ လူ႔အခြင့္အေရးအတြက္ လႈပ္ရွားခဲ့တဲ့ ႐ူပေဗဒပညာရွင္ အင္ဒေရ ဆာခါေရာ့ဗ္ကို ဂုဏ္ျပဳတဲ့အေနနဲ႔ ဥေရာပ ပါလီမန္က ၁၉၈၈ ခုႏွစ္ကစလို႔ လူ႔အခြင့္အေရးနဲ႔ အေျခခံလြတ္လပ္ခြင့္ေတြအတြက္ ႀကိဳးပမ္းၾကတဲ့ လူပုဂၢိဳလ္နဲ႔ အဖြဲ႕အစည္းေတြကို ခ်ီးျမႇင့္လာခဲ့တာပါ။ ျမန္မာႏိုင္ငံက ေဒၚေအာင္ဆန္းစုၾကည္ကိုလည္း ၁၉၉၀ ျပည့္ႏွစ္မွာ ဆာခါေရာ့ဗ္ဆု ခ်ီးျမႇင့္ခဲ့ဖူးပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

{{ UNICODE }}

ယူကရိန်းပြည်သူတွေအတွက် ဆာခါရော့ဗ် လူ့အခွင့်အရေးဆု ပေးအပ်

ဥရောပပါလီမန်က ချီးမြှင့်တဲ့ ဆာခါရော့ဗ် လူ့အခွင့်အရေးဆုကို ရုရှားရဲ့ကျုးကျော်မှုမှာ ရဲရဲရင့်ရင့် ရင်ဆိုင်နေကြတဲ့ သူတွေအဖြစ် ယူကရိန်းပြည်သူတွေကို ပေးအပ်လိုက်ပါတယ်။ ကိုယ်စားလှယ်တွေက ဗုဒ္ဓဟူးနေ့ အခမ်းအနားမှာ တက်ရောက် လက်ခံ ယူခဲ့ကြပါတယ်။

“ ဒီနှစ်အတွက်တော့ ရဲရင့်တဲ့ ယူကရိန်းပြည်သူတွေကို ကိုယ်စားပြုတဲ့ သမ္မတ၊ ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေကို ၂၀၂၂ ခုနှစ် ဆာခါရော့ဗ်ဆု ချီးမြှင့်ဖို့ ကျမတို့ ခုလို ဆုံဆည်းကြတာဖြစ်ပါတယ်။ ယူကရိန်းပြည်သူတွေ ခုထိ ကြံ့ကြံ့ခံ တိုက်ပွဲဝင်နေကြသလို၊ လွတ်လပ်မှုနဲ့ ဥရောပ စံတန်ဖိုးတွေအတွက်လည်း ပေးဆပ်မှုပေါင်းများစွာ လုပ်ခဲ့ကြပါတယ်။” လို့ ဥရောပပါလီမန် ဥက္ကဌ Roberta Metsola က ပြင်သစ်နိုင်ငံ Strasbourg မြို့က ဗုဒ္ဓဟူးနေ့ ဆုပေးပွဲမှာ ပြောသွားတာပါ။

ကိုယ့်ပြည်သူတွေအပေါ် လူ့အခွင့်အရေး လေးစားမှုမရှိတဲ့ နိုင်ငံတနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေ အပေါ်မှာလည်း လေးစားမှာ မဟုတ်ဘူးဆိုတဲ့ ကွယ်လွန်သူ ဆိုဗီယက်ယူနီယံက ရူပဗေဒပညာရှင် Andrei Sakharov အင်ဒရေ ဆာခါရော့ဗ်ရဲ့ ပြောကြားချက်ကိုလည်း ကိုးကား ပြောဆိုခဲ့ပါတယ်။

ယူကရိန်းသမ္မတ Volodymyr Zelenskyy က ဗီဒီယိုကတဆင့် မိန့်ခွန်းပြောရာမှာ - ရုရှား အကြမ်းဖက်စစ်ပွဲရဲ့ ရည်ရွယ်ချက် ကတော့ ယူကရိန်းနဲ့ ဥရောပရဲ့လွတ်လပ်မှုတွေကို ပိတ်ပင်တားဆီးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီ ဆာခါရော့ဗ်ဆုကို ချီးမြှင့်ပေးတဲ့အတွက်ရော၊ ထောက်ခံအားပေးမှုအတွက်ပါ ဥရောပပါလီမန်ကိုလည်း ကျေးဇူးတင်ကြောင်း သမ္မတ Zelenskyy က ပြောပါတယ်။ ကျူးကျော်စစ် ကျူးလွန်တဲ့ ရုရှားခေါင်းဆောင်တွေကို အရေးယူသွားနိုင်ရေး ဥရောပနိုင်ငံတွေက တရားရေးစနစ် တခု ထူထောင် စစ်ဆေး စီရင်သွားဖို့ကိုလည်း Zelenskyy က တိုက်တွန်းလိုက်ပါတယ်။

ဆာခါရော့ဗ်ဆု လက်ခံယူဖို့ အခမ်းအနား တက်ရောက်လာတဲ့ ယူကရိန်း ကိုယ်စားလှယ်တွေထဲမှာ စစ်မှုထမ်းဟောင်းတွေ၊ ရုရှား သိမ်းပိုက်ထားတဲ့ Melitopol မြို့ရဲ့ မြို့တော်ဝန် Ivan Fedorov ၊ လူ့အခွင့်ရေးလှုပ်ရှားသူ Oleksandra Matviychuk နဲ့ အခြားလူတွေလည်း ပါဝင်တာပါ။ ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ (၅၃,၀၀၀)ကျော် ရရှိမှာဖြစ်ပါတယ်။

ဥရောပရဲ့ အမြင့်ဆုံး လူ့အခွင့်အရေးဆုကိုတော့ တချိန်က ဆိုဗီယက်ယူနီယံမှာ လူ့အခွင့်အရေးအတွက် လှုပ်ရှားခဲ့တဲ့ ရူပဗေဒပညာရှင် အင်ဒရေ ဆာခါရော့ဗ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဥရောပ ပါလီမန်က ၁၉၈၈ ခုနှစ်ကစလို့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေအတွက် ကြိုးပမ်းကြတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ချီးမြှင့်လာခဲ့တာပါ။ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ၁၉၉၀ ပြည့်နှစ်မှာ ဆာခါရော့ဗ်ဆု ချီးမြှင့်ခဲ့ဖူးပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG