သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားသမ္မတ Belarus နိုင်ငံသမ္မတနဲ့ သွားရောက် တွေ့ဆုံ


ရုရှားသမ္မတ Vladimir Putin (ဝဲ)နဲ့ ဘဲလားရု-စ်သမ္မတ Alexander Lukashenko တို့ ဘဲလားရုစ်နိုင်ငံ၊ Minsk မြို့မှာတွေ့ဆုံစဉ်။ (ဒီဇင်ဘာ ၁၉ ၊ ၂၀၂၂)
ရုရှားသမ္မတ Vladimir Putin (ဝဲ)နဲ့ ဘဲလားရု-စ်သမ္မတ Alexander Lukashenko တို့ ဘဲလားရုစ်နိုင်ငံ၊ Minsk မြို့မှာတွေ့ဆုံစဉ်။ (ဒီဇင်ဘာ ၁၉ ၊ ၂၀၂၂)

[[Zawgyi/Unicode]]

ဘဲလာရု-စ်နိုင်ငံကို ရုရှားသမ္မတ Vladimir Putin မသွားခင် တနင်္လာနေ့ အရုဏ်မတက်မီမှာ ဒရုန်းအမြောက်အများနဲ့ ရုရှားက ယူကရိန်း မြို့တော် ကိဗ်ကို တိုက်ခိုက်ပါတယ်။ ရုရှားက သူ့ဘာသာ အလိုအလျောက်ပေါက်ကွဲသွားတဲ့ ဒရုန်း ၂၃ စင်းနဲ့တိုက်ခိုက်ခဲ့ပြီး ယူကရိန်းတပ်တွေက ၁၈ စင်းကိုပစ်ချခဲ့တယ်လို့ ကိဗ်မြို့ တာဝန်ရှိသူတွေက အင်စတာဂရမ်မှာ ပြောထားပါတယ်။

သမ္မတပူတင်ဟာ တနင်္လာနေ့မှာ Belarus နိုင်ငံကို သွားရောက်ပြီး သမ္မတ Alexander Lukashenko နဲ့ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ Belarus နိုင်ငံဟာသူ့ နယ်မြေကို ရုရှားတပ်တွေ အသုံးပြုခွင့်ပေးထားတဲ့ နိုင်ငံဖြစ်ပြီး ရုရှားရဲ့ကာကွယ်ရေးမဟာမိတ်နိုင်ငံလည်း ဖြစ်ပါတယ်။

လေကြောင်းရန်ကာကွယ်ရေးဟာ ယူကရိန်းရဲ့တသမတ်တည်းထားရှိတဲ့ ဦးစားပေးအစီအစဉ်ဖြစ်တယ် လို့ တနင်္ဂနွေနေ့တုန်းက ယူကရိန်းသမ္မတ Zelenskyy က သူ့ရဲ့ ညဗွီဒီယိုမိန့်ခွန်းမှာ ပြောခဲ့ပါတယ်။ ဒီလို တိုက်ခိုက်တာကို ကာကွယ်ဖို့ဆိုရင် လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ယူကရိန်းရဲ့ နေရာတိုင်းမှာ တိုးမြှင့်ချထားဖို့ပဲဖြစ်တယ်လို့ အမေရိကန်နိုင်ငံ ယူကရိန်းသံအမတ်ကြီး Oksana Markarova က အေဘီစီ ရုပ်မြင်သံကြားနဲ့ တနင်္ဂနွေနေ့ အင်တာဗျူးမှာ ပြောပါတယ်။

Patriot ဒုံးကျည် လေကြောင်းကာကွယ်ရေး ဘက်ထရီတွေကို ယူကရိန်းကို အမေရိကန်ကပို့ပေးဖို့ အစီအစဉ်ရှိပေမဲ့ တရားဝင်တော့ မကြေညာသေးပါဘူး။ အဲဒီလိုပေးပို့မယ်ဆိုရင် ပဋိပက္ခထဲမှာ အမေရိကန်ပါနေတာကို တိုးမြှင့်လိုက်တာသာဖြစ်ပြီး ရန်စတာသာဖြစ်တယ်လို့ ရုရှားကတော့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

=================
[[Unicode]]

ရုရှားသမ်မတ Belarus နိုငျငံသမ်မတနဲ့ သှားရောကျ တှေ့ဆုံ





XS
SM
MD
LG