႐ုရွား သမၼတရဲ႕ ဘဲလား႐ုစ္ ခရီးေၾကာင့္ ယူကရိန္းမွာ ထပ္ၿပီး ထိုးစစ္ဆင္လာမယ့္အေရး စိုးရိမ္
{{Zawgyi/Unicode }}
႐ုရွား သမၼတ Vladimir Putin က တနလာၤေန႔မွာ အိမ္နီးခ်င္း မဟာမိတ္ ဘယ္လာ႐ုစ္ ႏိုင္ငံကို ရွားရွားပါးပါး သြားေရာက္ခဲ႔ၿပီး ပူးေပါင္းေဆာင္ရြက္ေရးရဲ႕ အက်ိဳးရလဒ္ေတြကို အမႊမ္းတင္ ေျပာဆိုခဲ႔တာေၾကာင့္ ဒါဟာ ေျမျပင္ကေန ပူးေပါင္း ထိုးစစ္ဆင္လာမယ့္ အေပၚ ယူကရိန္း အစိုးရကို စိုးရိမ္စိတ္ ၀င္ေစပါတယ္။
ပူတင္နဲ႔ ဘဲလား႐ုစ္ သမၼတတို႔ ေတြ႕ဆံုမႈမွာ ဆိုရင္ ယူကရိန္ကို ထပ္မံ တိုက္ခိုက္ေရး ေဆြးေႏြးၾကမွာ ျဖစ္သလို၊ အထူးသျဖင့္ ေျမျပင္ကေန ယူကရိန္းကို တိုက္ခိုက္တဲ႔ စစ္ဆင္ေရးေတြမွာ ဘဲလား႐ုစ္ တပ္ဖြဲ႔ေတြ ပိုၿပီး ပါ၀င္လာေရးကိုလည္း ေဆြးေႏြးၾကမယ္လို႔ ယံုၾကည္ေၾကာင္း ယူကရိန္း ပူးတြဲစစ္ဦးစီးခ်ဳပ္ Serhiy Nayev က ေျပာပါတယ္။
ဘဲလာ႐ုစ္သမၼတ Alexander Lukashenko ကေတာ့ ယူကရိန္းႏိုင္ငံထဲကို သူတို႔တပ္ေတြ ေစလႊတ္ဖို႔ ရည္ရြယ္ခ်က္ မရွိဘူးလို႔ အႀကိမ္ႀကိမ္ ေျပာထားပါတယ္။ ယူကရိန္းက်ဴးေက်ာ္စစ္ထဲမွာ ဘဲလာ႐ုစ္ႏိုင္ငံ ပိုၿပီး ထဲထဲ၀င္၀င္ ပါ၀င္လာေရး တြန္းအားေပးဖို႔ ႐ုရွား သမၼတ Putin က လိုလားေနတယ္ဆိုတဲ႔ သေဘာမ်ိဳး ေျပာဆိုခ်က္ေတြကိုေတာ့ ႐ုရွား အစိုးရက ပယ္ခ်ထားပါတယ္။ ဒါဟာ အေျခအျမစ္မရွိ မိုက္မဲတဲ့ စြပ္စဲြခ်က္သာ ျဖစ္တယ္လို႔ ႐ုရွားအစိုးရ ေျပာခြင့္ရ Dmitry Peskov ရဲ႕ ေျပာဆိုခ်က္ကို ကိုးကားၿပီး RIA Novosti သတင္းဌာနက ေဖာ္ျပပါတယ္။
႐ုရွား သမၼတ Putin ဒါမွမဟုတ္လည္း ဘဲလား႐ုစ္ သမၼတ Lukanshenko တို႔ကို စစ္ပြဲနဲ႔ ပတ္သက္ၿပီးလည္း ေဆြးေႏြးပြဲ တက္တဲ႔ သတင္းေထာက္ တဦးကမွ ေမးျမန္းခဲ႔တာ မရွိပါဘူး။
ရုရှား သမ္မတရဲ့ ဘဲလားရုစ် ခရီးကြောင့် ယူကရိန်းမှာ ထပ်ပြီး ထိုးစစ်ဆင်လာမယ့်အရေး စိုးရိမ်
{{Zawgyi/Unicode }}
ရုရှား သမ္မတ Vladimir Putin က တနလာၤနေ့မှာ အိမ်နီးချင်း မဟာမိတ် ဘယ်လာရုစ် နိုင်ငံကို ရှားရှားပါးပါး သွားရောက်ခဲ့ပြီး ပူးပေါင်းဆောင်ရွက်ရေးရဲ့ အကျိုးရလဒ်တွေကို အမွှမ်းတင် ပြောဆိုခဲ့တာကြောင့် ဒါဟာ မြေပြင်ကနေ ပူးပေါင်း ထိုးစစ်ဆင်လာမယ့် အပေါ် ယူကရိန်း အစိုးရကို စိုးရိမ်စိတ် ဝင်စေပါတယ်။
ပူတင်နဲ့ ဘဲလားရုစ် သမ္မတတို့ တွေ့ဆုံမှုမှာ ဆိုရင် ယူကရိန်ကို ထပ်မံ တိုက်ခိုက်ရေး ဆွေးနွေးကြမှာ ဖြစ်သလို၊ အထူးသဖြင့် မြေပြင်ကနေ ယူကရိန်းကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေမှာ ဘဲလားရုစ် တပ်ဖွဲ့တွေ ပိုပြီး ပါဝင်လာရေးကိုလည်း ဆွေးနွေးကြမယ်လို့ ယုံကြည်ကြောင်း ယူကရိန်း ပူးတွဲစစ်ဦးစီးချုပ် Serhiy Nayev က ပြောပါတယ်။
ဘဲလာရုစ်သမ္မတ Alexander Lukashenko ကတော့ ယူကရိန်းနိုင်ငံထဲကို သူတို့တပ်တွေ စေလွှတ်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့ အကြိမ်ကြိမ် ပြောထားပါတယ်။ ယူကရိန်းကျူးကျော်စစ်ထဲမှာ ဘဲလာရုစ်နိုင်ငံ ပိုပြီး ထဲထဲဝင်ဝင် ပါဝင်လာရေး တွန်းအားပေးဖို့ ရုရှား သမ္မတ Putin က လိုလားနေတယ်ဆိုတဲ့ သဘောမျိုး ပြောဆိုချက်တွေကိုတော့ ရုရှား အစိုးရက ပယ်ချထားပါတယ်။ ဒါဟာ အခြေအမြစ်မရှိ မိုက်မဲတဲ့ စွပ်စွဲချက်သာ ဖြစ်တယ်လို့ ရုရှားအစိုးရ ပြောခွင့်ရ Dmitry Peskov ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး RIA Novosti သတင်းဌာနက ဖော်ပြပါတယ်။
ရုရှား သမ္မတ Putin ဒါမှမဟုတ်လည်း ဘဲလားရုစ် သမ္မတ Lukanshenko တို့ကို စစ်ပွဲနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးပွဲ တက်တဲ့ သတင်းထောက် တဦးကမှ မေးမြန်းခဲ့တာ မရှိပါဘူး။