သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားမွာ အက်ဥ္းက်ေနတဲ့ အေမရိကန္ ဘတ္စကတ္ေဘာမယ္ လြတ္ေျမာက္ 


EEUU-RUSIA GRINER

႐ုရွားႏိုင္ငံမွာ ဖမ္းဆီးခံထားရတဲ့ အေမရိကန္ ဘတ္စကက္ေဘာမယ္ Brittney Griner ဟာ အက်ဥ္းသားလဲလွယ္ေရး အစီအစဥ္အရ ျပန္လည္လြတ္ေျမာက္ လာၿပီျဖစ္ေၾကာင္း အေမရိကန္သမၼတ Joe Biden က ၾကာသပေတးေန႔က ေၾကညာခဲ့ပါတယ္။  


႐ုရွားမွာ အက်ဥ္းက်ေနတဲ့ အေမရိကန္ ဘတ္စကတ္ေဘာမယ္ လြတ္ေျမာက္

{{Zawgyi/Unicode}}
႐ုရွားႏိုင္ငံမွာ ဖမ္းဆီးခံထားရတဲ့ အေမရိကန္ ဘတ္စကက္ေဘာမယ္ Brittney Griner ဟာ အက်ဥ္းသားလဲလွယ္ေရး အစီအစဥ္အရ ျပန္လည္လြတ္ေျမာက္ လာၿပီျဖစ္ေၾကာင္း အေမရိကန္သမၼတ Joe Biden က ၾကာသပေတးေန႔က ေၾကညာခဲ့ပါတယ္။

“ သူ႔ရဲ႔လြတ္ေျမာက္ေရးအတြက္ အခ်ိန္ၾကာျမင့္စြာ မေနမနား တြန္းအားေပး ေဆာင္ရြက္ခဲ့ပါတယ္။ လြတ္ေျမာက္ေရးအတြက္ ႀကိဳးပမ္းခဲ့တဲ့ အစိုးရတာ၀န္ရွိသူ အားလံုးလည္း ေက်းဇူးတင္ပါတယ္။ ဒါ့အျပင္ ၾကား၀င္ေဆာင္ရြက္ေပးခဲ့တဲ့ UAE ႏိုင္ငံကိုလည္း ေက်းဇူးတင္ပါတယ္” လို႔ သမၼတ က ေျပာပါတယ္ ။

အေမရိကန္ ဘတ္စကက္ေဘာမယ္ Griner ကို မူးယစ္ေဆးဝါးမႈနဲ႔ စြပ္စဲြၿပီး၊ ၿပီးခဲ့တဲ့ ေဖေဖၚဝါရီ လထဲ က ႐ုရွားမွ ာဖမ္းဆီးေထာင္ခ်ခဲ့ပါတယ္။ အခုအခါ အေမရိကန္ ျပည္ေထာင္စု မွာ ဖမ္းဆီးခံထားရတဲ့ ႐ုရွားႏိုင္ငံတကာ လက္နက္ေမွာင္ခို Viktor Bout နဲ႔ အက်ဥ္းသား တဦးခ်င္း လဲလွယ္ေရး အစီအရ Griner ျပန္လည္ လြတ္ေျမာက္လာတာ ျဖစ္ပါတယ္။

Griner ျပန္လည္ လြတ္ေျမာက္လာတဲ့အတြက္ ၀မ္းသာပါတယ္လို႔ ဇနီးသည္ျဖစ္သူ Cherelle Griner က ေျပာဆိုခဲ့သလို၊ လြတ္ေျမာက္ေရး ႀကိဳးပမ္းခဲ့ၾကတဲ့ သမၼတ Joe Biden အစိုးရကိုလည္း ေက်းဇူးတင္စကား ေျပာခဲ့တာပါ။။ ဒါေပမဲ့ Paul Whelan အပါအ၀င္ က်န္ဖမ္းဆီးထားသူေတြ ျပန္လည္ လြတ္ေျမာက္ဖို႔ လိုအပ္ေနေသးတဲ့အတြက္ အတူတကြ ဆက္လက္ႀကိဳးပမ္းသြားမယ္လို႔ ဇနီးျဖစ္သူ Cherelle Griner ကေျပာဆိုပါတယ္။

အေမရိကန္ စစ္သားေဟာင္းျဖစ္တဲ့ Whelan ကိုေတာ့ သူလ်ိဳလုပ္တယ္ဆိုတဲ့ စြပ္စဲြခ်က္နဲ႔ ႐ုရွားမွာ ဖမ္းဆီးထားတာ ၄ ႏွစ္နီးပါးရွိသြားၿပီ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


ရုရှားမှာ အကျဉ်းကျနေတဲ့ အမေရိကန် ဘတ်စကတ်ဘောမယ် လွတ်မြောက်

{{Zawgyi/Unicode}}
ရုရှားနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန် ဘတ်စကက်ဘောမယ် Brittney Griner ဟာ အကျဉ်းသားလဲလှယ်ရေး အစီအစဉ်အရ ပြန်လည်လွတ်မြောက် လာပြီဖြစ်ကြောင်း အမေရိကန်သမ္မတ Joe Biden က ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။

“ သူ့ရဲ့လွတ်မြောက်ရေးအတွက် အချိန်ကြာမြင့်စွာ မနေမနား တွန်းအားပေး ဆောင်ရွက်ခဲ့ပါတယ်။ လွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့တဲ့ အစိုးရတာဝန်ရှိသူ အားလုံးလည်း ကျေးဇူးတင်ပါတယ်။ ဒါ့အပြင် ကြားဝင်ဆောင်ရွက်ပေးခဲ့တဲ့ UAE နိုင်ငံကိုလည်း ကျေးဇူးတင်ပါတယ်” လို့ သမ္မတ က ပြောပါတယ် ။

အမေရိကန် ဘတ်စကက်ဘောမယ် Griner ကို မူးယစ်ဆေးဝါးမှုနဲ့ စွပ်စွဲပြီး၊ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ လထဲ က ရုရှားမှ ာဖမ်းဆီးထောင်ချခဲ့ပါတယ်။ အခုအခါ အမေရိကန် ပြည်ထောင်စု မှာ ဖမ်းဆီးခံထားရတဲ့ ရုရှားနိုင်ငံတကာ လက်နက်မှောင်ခို Viktor Bout နဲ့ အကျဉ်းသား တဦးချင်း လဲလှယ်ရေး အစီအရ Griner ပြန်လည် လွတ်မြောက်လာတာ ဖြစ်ပါတယ်။

Griner ပြန်လည် လွတ်မြောက်လာတဲ့အတွက် ဝမ်းသာပါတယ်လို့ ဇနီးသည်ဖြစ်သူ Cherelle Griner က ပြောဆိုခဲ့သလို၊ လွတ်မြောက်ရေး ကြိုးပမ်းခဲ့ကြတဲ့ သမ္မတ Joe Biden အစိုးရကိုလည်း ကျေးဇူးတင်စကား ပြောခဲ့တာပါ။။ ဒါပေမဲ့ Paul Whelan အပါအဝင် ကျန်ဖမ်းဆီးထားသူတွေ ပြန်လည် လွတ်မြောက်ဖို့ လိုအပ်နေသေးတဲ့အတွက် အတူတကွ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဇနီးဖြစ်သူ Cherelle Griner ကပြောဆိုပါတယ်။

အမေရိကန် စစ်သားဟောင်းဖြစ်တဲ့ Whelan ကိုတော့ သူလျိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရုရှားမှာ ဖမ်းဆီးထားတာ ၄ နှစ်နီးပါးရှိသွားပြီ ဖြစ်ပါတယ်။

XS
SM
MD
LG