သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖမ္းဆီးခံ အေမရိကန္ ဘတ္စ္ကတ္ေဘာသမားနဲ႔ ႐ုရွား လက္နက္ကုန္သည္ လဲလွယ္မယ့္ သတင္းထြက္


Russian arms dealer Viktor Bout (undated file photo).

[[ ZAWGYI /UNICODE ]]

ဖမ္းဆီးခံ အေမရိကန္ ဘတ္စ္ကတ္ေဘာသမားနဲ႔ ႐ုရွားလက္နက္ကုန္သည္ လဲလွယ္မယ့္သတင္းထြက္

Merchant of Death - မရဏ ကုန္သည္ လို႔ သမုတ္ၾကၿပီး ေဟာလီးဝုဒ္ ႐ုပ္ရွင္ကား အျဖစ္လည္း ဖန္တီးခဲ႔ၾကတဲ႔ ႐ုရွား လက္နက္ ကုန္သည္ တဦး ျပန္ၿပီး သတင္းႀကီးေနပါတယ္။ အက်ဥ္းသား လဲလွယ္ေရး အစီအစဥ္နဲ႔ လက္နက္ ကုန္သည္ Viktor Bout ဟာ အေမရိကန္ကေန ႐ုရွားႏိုင္ငံကို ျပန္ပို႔ႏိုင္တယ္လို႔ ခန္႔မွန္းေျပာဆိုေနၾကတာပါ။

႐ုရွားမွာ ဖမ္းခံထားရတဲ့ နာမည္ေက်ာ္ အေမရိကန္ ဘတ္စကက္ေဘာ ကစားသမား Brittney Griner ကိုေတာ့ ၾကာသပေတးေန႔မွာ ႐ုရွား တရားရံုးမွာ ထပ္ၿပီး ရံုးထုတ္ခဲ႔ၿပီး ၾကားနာမႈကိုေတာ့ သတင္းသမားေတြ ၀င္ခြင့္ မေပးခဲ႔ပါဘူး။

သူမ ကစားေနတဲ႔ ႐ုရွားက UMMC Yekaterinburg အသင္းက အႀကီးအကဲကေတာ့ သူမရဲ႕ ကိုယ္က်င့္တရား ေကာင္းမြန္ေၾကာင္းကို တရားရံုးမွာ ထြက္ဆိုခဲ႔ေၾကာင္း သူမရဲ႕ ေရွ႕ေနေတြက ေျပာပါတယ္။

သတင္းေတြ ထြက္ေနသလို၊ ႐ုရွားမွာ ဖမ္းခံထားရတဲ႔ အေမရိကန္ ဘတ္စကတ္ေဘာသမား Griner အေမရိကန္ မရိန္းတပ္ဖြဲ႔၀င္ေဟာင္း Paul Whelan တို႔ ႏွစ္ဦးနဲ႔ အက်ဥ္းသား လဲလွယ္ေရး အစီအစဥ္အရ ႐ုရွား လက္နက္ကုန္သည္ လြတ္ေျမာက္သြားမယ္ဆိုရင္ေတာ့ ပိုၿပီးနာမည္ႀကီးသြားႏိုင္ပါတယ္။

႐ုရွား လက္နက္ကုန္သည္ Bout ဟာ အေမရိကန္မွာ ဆယ္စုႏွစ္ တခုေက်ာ္ၾကာ အက်ဥ္းက်ေနတာ ျဖစ္ပါတယ္။ ၂၀၀၅ ခုႏွစ္မွာ ေဟာလိဝုဒ္က ႐ိုက္ကူးခဲ့တဲ့ Lord of War ႐ုပ္ရွင္မွာ မင္းသား Nicolas Cage က ႐ုရွားလက္နက္ကုန္သည္ Bout ေနရာမွာ သ႐ုပ္ေဆာင္ခဲ့တာပါ။

ေတာင္အေမရိက၊ အေရွ႕အလယ္ပိုင္းနဲ႔ အာဖရိက ျပည္တြင္းစစ္ေတြမွာ လက္နက္ေတြ တင္ပို႔ခဲ႔တယ္ဆိုၿပီး နာမည္ႀကီးလာတဲ႔ လက္နက္ကုန္သည္ Bout ဟာ ဆိုဗီယက္ ေလတပ္ အရာရွိေဟာင္း ျဖစ္ပါတယ္။ သူ႔ဆီက လက္နက္၀ယ္တဲ့ ေဖာက္သည္ေတြထဲမွာေတာ့ လိုက္ေဘးရီးယားက Charles Taylor၊ လစ္ဗ်ား ေခါင္းေဆာင္ေဟာင္း Moammar Gadhafi နဲ႔ အန္ဂိုလာ ျပည္တြင္းစစ္မွာေတာ့ ႏွစ္ဘက္ စလံုးက သူ႔ ေဖာက္သည္ေတြ ျဖစ္ၾကတယ္လို႔လည္း ေျပာၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

===================

{{ UNICODE }}

ဖမ်းဆီးခံ အမေရိကန် ဘတ်စ်ကတ်ဘောသမားနဲ့ ရုရှားလက်နက်ကုန်သည် လဲလှယ်မယ့်သတင်းထွက်

Merchant of Death - မရဏ ကုန်သည် လို့ သမုတ်ကြပြီး ဟောလီးဝုဒ် ရုပ်ရှင်ကား အဖြစ်လည်း ဖန်တီးခဲ့ကြတဲ့ ရုရှား လက်နက် ကုန်သည် တဦး ပြန်ပြီး သတင်းကြီးနေပါတယ်။ အကျဉ်းသား လဲလှယ်ရေး အစီအစဉ်နဲ့ လက်နက် ကုန်သည် Viktor Bout ဟာ အမေရိကန်ကနေ ရုရှားနိုင်ငံကို ပြန်ပို့နိုင်တယ်လို့ ခန့်မှန်းပြောဆိုနေကြတာပါ။

ရုရှားမှာ ဖမ်းခံထားရတဲ့ နာမည်ကျော် အမေရိကန် ဘတ်စကက်ဘော ကစားသမား ် Brittney Griner ကိုတော့ ကြာသပတေးနေ့မှာ ရုရှား တရားရုံးမှာ ထပ်ပြီး ရုံးထုတ်ခဲ့ပြီး ကြားနာမှုကိုတော့ သတင်းသမားတွေ ဝင်ခွင့် မပေးခဲ့ပါဘူး။

သူမ ကစားနေတဲ့ ရုရှားက UMMC Yekaterinburg အသင်းက အကြီးအကဲကတော့ သူမရဲ့ ကိုယ်ကျင့်တရား ကောင်းမွန်ကြောင်းကို တရားရုံးမှာ ထွက်ဆိုခဲ့ကြောင်း သူမရဲ့ ရှေ့နေတွေက ပြောပါတယ်။

သတင်းတွေ ထွက်နေသလို၊ ရုရှားမှာ ဖမ်းခံထားရတဲ့ အမေရိကန် ဘတ်စကတ်ဘောသမား Griner အမေရိကန် မရိန်းတပ်ဖွဲ့ဝင်ဟောင်း Paul Whelan တို့ နှစ်ဦးနဲ့ အကျဉ်းသား လဲလှယ်ရေး အစီအစဉ်အရ ရုရှား လက်နက်ကုန်သည် လွတ်မြောက်သွားမယ်ဆိုရင်တော့ ပိုပြီးနာမည်ကြီးသွားနိုင်ပါတယ်။

ရုရှား လက်နက်ကုန်သည် Bout ဟာ အမေရိကန်မှာ ဆယ်စုနှစ် တခုကျော်ကြာ အကျဉ်းကျနေတာ ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ဟောလိဝုဒ်က ရိုက်ကူးခဲ့တဲ့ Lord of War ရုပ်ရှင်မှာ မင်းသား Nicolas Cage က ရုရှားလက်နက်ကုန်သည် Bout နေရာမှာ သရုပ်ဆောင်ခဲ့တာပါ။

တောင်အမေရိက၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက ပြည်တွင်းစစ်တွေမှာ လက်နက်တွေ တင်ပို့ခဲ့တယ်ဆိုပြီး နာမည်ကြီးလာတဲ့ လက်နက်ကုန်သည် Bout ဟာ ဆိုဗီယက် လေတပ် အရာရှိဟောင်း ဖြစ်ပါတယ်။ သူ့ဆီက လက်နက်ဝယ်တဲ့ ဖောက်သည်တွေထဲမှာတော့ လိုက်ဘေးရီးယားက Charles Taylor၊ လစ်ဗျား ခေါင်းဆောင်ဟောင်း Moammar Gadhafi နဲ့ အန်ဂိုလာ ပြည်တွင်းစစ်မှာတော့ နှစ်ဘက် စလုံးက သူ့ ဖောက်သည်တွေ ဖြစ်ကြတယ်လို့လည်း ပြောကြပါတယ်။

XS
SM
MD
LG