သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဘတ်စ်ကတ်ဘောသမား အယူခံ ရုရှားတရားရုံးပယ်ချ


FILE PHOTO: Court hearing of U.S. basketball player Brittney Griner
FILE PHOTO: Court hearing of U.S. basketball player Brittney Griner

[[ ZAWGYI / UNICODE ]]

အမေရိကန် ဘတ်စ်ကတ်ဘောသမား အယူခံ ရုရှားတရားရုံးပယ်ချ

ရုရှားနိုင်ငံတွင်း ဆေးခြောက်ဆီ ယူဆောင်လာမှုအတွက် ထောင်ဒဏ်(၉)နှစ် ချမှတ်ခံထားရတဲ့ အမေရိကန် ဘတ်စကတ်ဘော ကစားသမား အကျော်အမော် Brittney Griner ရဲ့ အယူခံကို ရုရှားတရားရုံးက အင်္ဂါနေ့မှာ ပယ်ချလိုက်ပါတယ်။ ပြစ်မှုနဲ့ ပြစ်ဒဏ် မမျှတသလို၊ ရုရှားရဲ့တရားစီရင်ရေးစနစ်နဲ့ မကိုင်ညီဘူးဆိုပြီး တရားသေလွှတ်ပေးဖို့ ဒါမှမဟုတ် ထောင်ဒဏ် လျှော့ပေါ့ ပေးဖို့ Griner ရော သူမရဲ့ရှေ့နေတွေကပါ အယူခံဝင်ခဲ့တာပါ။

Griner ရဲ့အယူခံချက်ကို နာရီဝက်လောက်တောင် မကြာပဲ စဉ်းစားခဲ့ပြီးနောက် ချုပ်ရက် ကင်းလွတ်ခွင့်ရှိရုံကလွဲပြီး နဂို ပြစ်ဒဏ်အမိန့်ဟာ အပြောင်းအလဲ မရှိဘူးလို့ တရားသူကြီးက ကြေညာပါတယ်။

ဘတ်စကတ်ဘောသမား Griner ကို လက်ခံနိုင်စရာ မရှိတဲ့ အခြေအနေတွေနေဲ့ မှားယွင်း ဖမ်းဆီးခဲ့တာဖြစ်ပြီး၊ အခုနောက်ထပ် ရုရှား ဟန်ပြတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ထပ်ကြုံရကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဒါပေမဲ့လည်း Griner ပြန်လည် လွတ်မြောက်ရေးအတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက်ကြိုးပမ်းသွားမယ်လို့ သူက ဆိုပါတယ်။

Griner ကို (၉)နှစ် ပြစ်ဒဏ်ချတာဟာ ရုရှားရဲ့ ရာဇဝတ်မှုဆိုင်ရာ ကျင့်ထုံးတွေအရ ညီညွတ်တယ်လို့ ဘယ် တရားသူကြီးကမှ ပြောလိမ့်မယ် မထင်ဘူးလို့ ရုရှားရှေ့နေတဦးဖြစ်တဲ့ Alexander Boykov က ပြောပါတယ်။ Griner ကတော့ သူမအနေနဲ့ ပြစ်မှု ကျူးလွန်ဖို့ ရည်ရွယ်ချက် မရှိခဲ့ကြောင်း၊ "ရုရှားနိုင်ငံရဲ့ ဥပဒေတွေကို ချိုးဖောက်ဖို့ ရည်ရွယ်ချက် မရှိခဲ့ပါဘူး။"လို့ မော်စကိုမြို့တော်က တရားခွင်မှာ ပြောဆိုခဲ့တာပါ။ သူမရဲ့ခရီးဆောင်သေတ္တာထဲမှာ Vape ခေါ် ဘက်ထရီသုံး အိတ်ဆောင်ဆေးငွေ့ရှု ကရိယာမှာ ထည့်သုံးရတဲ့ ဆေးဘူး cartridge တွေကို အမှုမဲ့အမှတ်မဲ့ မှားယွင်းပြီး ထည့်လာမိတာသာဖြစ်ကြောင်း ပြောဆိုခဲ့ပေမယ့် တရားသူကြီးက အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် ဘတ်စ်ကတ်ဘောသမား အယူခံ ရုရှားတရားရုံးပယ်ချ
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

===============

{{ UNICODE }}






XS
SM
MD
LG