သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္ ဘတ္စ္ကတ္ေဘာသမားကို ႐ုရွားတရား႐ုံး ေထာင္ဒဏ္ ၉ ႏွစ္ခ်


(Zawgyi / Unicode)


အေမရိကန္ ဘတ္စကတ္ေဘာ ကစားသမား အေက်ာ္အေမာ္ Brittney Griner ဟာ တမင္သက္သက္ ႐ုရွား ႏိုင္ငံတြင္းကို ေဆးေျခာက္ဆီ ယူေဆာင္လာတာျဖစ္တယ္လို႔ ႐ုရွား တရားသူႀကီးက ၾကာသပေတးေန႔ ႔မွာ ဆံုးျဖတ္ၿပီး သူမကို ေထာင္ဒဏ္ ၉ ႏွစ္ ျပစ္ဒဏ္ ခ်မွတ္လိုက္ပါတယ္။ Griner ကေတာ့ သူမ အေနနဲ႔ ျပစ္မႈ က်ဴးလြန္ဖို႔ ရည္ရြယ္ခ်က္ မရွိခဲ႔ေၾကာင္း ေျပာပါတယ္။

"႐ုရွားႏိုင္ငံရဲ႕ ဥပေဒေတြကို ခ်ဳိးေဖာက္ဖို႔ ရည္ရြယ္ခ်က္ မရွိခဲ့ပါဘူး။" လို႔ ေမာ္စကိုၿမိဳ႕ေတာ္က တရားခြင္မွာ ေျပာဆိုသြားတာပါ။ သူမရဲ႔ ခရီးေဆာင္ ေသတၱာထဲမွာ Vape ဘက္ထရီသံုး အိတ္ေဆာင္ေဆးေငြ႕ရႈ ကရိယာမွာ ထည့္သံုးရတဲ႔ ေဆးထည့္ဘူး cartridge ေတြကို အမႈမဲ႔ အမွတ္မဲ႔ မွားယြင္းၿပီး ထည့္လာတာသာ ျဖစ္ေၾကာင္း ေျပာဆိုခဲ႔ေပမယ့္လည္း တရားသူႀကီးက အျပစ္ရွိေၾကာင္း ဆံုးျဖတ္ခဲ႔တာ ျဖစ္ပါတယ္။ ျပစ္ဒဏ္ စီရင္ခ်က္ အေပၚမွာ Griner ဘက္က စိတ္လႈပ္ရွားမႈ သိပ္ မျပပါဘူး။ ဘာမွ မခံစားရတဲ႔ မ်က္ႏွာနဲ႔ တရားရံုးထဲက ခုခံေလွ်ာက္လဲသူ ထိုင္ရာ ျခံထဲကေန တရားစီရင္ခ်က္ကို နားေထာင္ေနခဲ႔ပါတယ္။

ေမာ္စကို ေလဆိပ္မွာ ၿပီးခဲ႔တဲ႔ ေဖေဖာ္ဝါရီလ အတြင္း သူမ ဖမ္းခံရၿပီးေနာက္ ထိန္းသိမ္းခံရတဲ႔ ကာလကိုလည္း အခု စီရင္ခ်က္ ခ်တဲ႔ ေထာင္ဒဏ္အျဖစ္ သတ္မွတ္ ေရတြက္ေပးမွာ ျဖစ္ေၾကာင္းလည္း တရားသူႀကီး Anna Sotnikova က ေျပာပါတယ္။ အစိုးရ ေရွ႕ေနဘက္က ေတာင္းဆိုထားတဲ႔ အတိုင္း Griner ကို ဒဏ္ေၾကး ေဒၚလာ ၁၆,၅၉၀ လည္း တရားသူႀကီးက ခ်မွတ္ခဲ႔ပါတယ္။

Griner ၊ ေနာက္ အေမရိကန္ မရိန္းတပ္ဖြဲ႔၀င္ေဟာင္း Paul Whelan တို႔ လြတ္ေျမာက္ေရး အတြက္ အေမရိကန္ ထိပ္တန္း တာ၀န္ရွိသူေတြကို ႐ုရွားနဲ႔ အက်ဥ္းသား လဲလွယ္ေရး ေဆာင္ရြက္ခြင့္ျပဳထားတဲ႔ အေမရိကန္ သမၼတ Joe Biden ကေတာ့ Griner အေပၚ စီရင္ခ်က္ဟာ လက္သင့္ခံႏိုင္စရာ မရွိေၾကာင္း ေျပာဆိုထားပါတယ္။ သူလွ်ိဳလုပ္မႈ စြဲခ်က္နဲ႔ ျပစ္ဒဏ္ စီရင္ခံထားရတဲ႔ Whelan ကေတာ့ အျပစ္မရွိေၾကာင္း အႀကိမ္ႀကိမ္ ျငင္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အမေရိကန် ဘတ်စ်ကတ်ဘောသမားကို ရုရှားတရားရုံး ထောင်ဒဏ် ၉ နှစ်ချ


အမေရိကန် ဘတ်စ်ကတ်ဘော ကစားသမား အကျော်အမော် Brittney Griner ဟာ တမင်သက်သက် ရုရှား နိုင်ငံတွင်းကို ဆေးခြောက်ဆီ ယူဆောင်လာတာဖြစ်တယ်လို့ ရုရှား တရားသူကြီးက ကြာသတေးနေ့မှာ ဆုံးဖြတ်ပြီး သူမကို ထောင်ဒဏ် ၉ နှစ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ Griner ကတော့ သူမ အနေနဲ့ ပြစ်မှု ကျူးလွန်ဖို့ ရည်ရွယ်ချက် မရှိခဲ့ကြောင်း ပြောပါတယ်။

"ရုရှားနိုင်ငံရဲ့ ဥပဒေတွေကို ချိုးဖောက်ဖို့ ရည်ရွယ်ချက် မရှိခဲ့ပါဘူး။" လို့ မော်စကိုမြို့တော်က တရားခွင်မှာ ပြောဆိုသွားတာပါ။ သူမရဲ့ ခရီးဆောင် သေတ္တာထဲမှာ Vape ဘက်ထရီသုံးအိတ်ဆောင်ဆေးငွေ့ရှုကရိယာမှာ ထည့်သုံးရတဲ့ ဆေးထည့်ဘူး cartridge တွေကို အမှုမဲ့ အမှတ်မဲ့ မှားယွင်းပြီး ထည့်လာတာသာ ဖြစ်ကြောင်း ပြောဆိုခဲ့ပေမယ့်လည်း တရားသူကြီးက အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ပြစ်ဒဏ် စီရင်ချက် အပေါ်မှာ Griner ဘက်က စိတ်လှုပ်ရှားမှု သိပ် မပြပါဘူး။ ဘာမှ မခံစားရတဲ့ မျက်နှာနဲ့ တရားရုံးထဲက ခုခံလျှောက်လဲသူ ထိုင်ရာ ခြံထဲကနေ တရားစီရင်ချက်ကို နားထောင်နေခဲ့ပါတယ်။

မော်စကို လေဆိပ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အတွင်း သူမ ဖမ်းခံရပြီးနောက် ထိန်းသိမ်းခံရတဲ့ ကာလကိုလည်း အခု စီရင်ချက် ချတဲ့ ထောင်ဒဏ်အဖြစ် သတ်မှတ် ရေတွက်ပေးမှာ ဖြစ်ကြောင်းလည်း တရားသူကြီး Anna Sotnikova က ပြောပါတယ်။ အစိုးရ ရှေ့နေဘက်က တောင်းဆိုထားတဲ့ အတိုင်း Griner ကို ဒဏ်ကြေး ဒေါ်လာ ၁၆,၅၉၀ လည်း တရားသူကြီးက ချမှတ်ခဲ့ပါတယ်။

Griner ၊ နောက် အမေရိကန် မရိန်းတပ်ဖွဲ့ဝင်ဟောင်း Paul Whelan တို့ လွတ်မြောက်ရေး အတွက် အမေရိကန် ထိပ်တန်း တာဝန်ရှိသူတွေကို ရုရှားနဲ့ အကျဉ်းသား လဲလှယ်ရေး ဆောင်ရွက်ခွင့်ပြုထားတဲ့ အမေရိကန် သမ္မတ Joe Biden ကတော့ Griner အပေါ် စီရင်ချက်ဟာ လက်သင့်ခံနိုင်စရာ မရှိကြောင်း ပြောဆိုထားပါတယ်။ သူလျှိုလုပ်မှု စွဲချက်နဲ့ ပြစ်ဒဏ် စီရင်ခံထားရတဲ့ Whelan ကတော့ အပြစ်မရှိကြောင်း အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။

XS
SM
MD
LG