သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ႐ုရွားအေပၚ ဒဏ္ခတ္အေရးယူမႈေတြ ထိေရာက္မႈရွိ (၀န္ႀကီးဘလင္ကန္) 


အေနာက္ႏိုင္ငံေတြရဲ႕ ပိတ္ဆို႔ဒဏ္ခတ္မႈေၾကာင့္ ေန႔စဥ္နဲ႔အမွ် ေပးဆပ္ေနရတဲ့ ႐ုရွားဟာ ယူကရိန္းအေပၚ က်ဳးေက်ာ္စစ္ အရွိန္ျမႇင့္ဖို႔ လက္နက္ေတြ ျဖည့္တင္းေရး ပိုမိုခက္ခဲလာေနတယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က တနဂၤေႏြေန႔ က ေျပာပါတယ္။

႐ုရွားအေပၚ ဒဏ္ခတ္အေရးယူမႈေတြ ထိေရာက္မႈရွိ (၀န္ႀကီးဘလင္ကန္)

{{Zawgyi/Unicode}}
အေနာက္ႏိုင္ငံေတြရဲ႕ ပိတ္ဆို႔ဒဏ္ခတ္မႈေၾကာင့္ ေန႔စဥ္နဲ႔အမွ် ေပးဆပ္ေနရတဲ့ ႐ုရွားဟာ ယူကရိန္းအေပၚ က်ဳးေက်ာ္စစ္ အရွိန္ျမႇင့္ဖို႔ လက္နက္ေတြ ျဖည့္တင္းေရး ပိုမိုခက္ခဲလာေနတယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က တနဂၤေႏြေန႔ က ေျပာပါတယ္။

အေမရိကန္ နဲ႔ မဟာမိတ္ေတြရဲ႕ ကုန္သြယ္ေရး ထိန္းခ်ဳပ္မႈေၾကာင့္ ရုရွားအေနနဲ႔ လက္နက္ေတြ ထုတ္လုပ္ဖို႔အတြက္ လိုအပ္တဲ့ အစိတ္အပိုင္းေတြကို ျပည္ပကေန တင္သြင္းလို႔ မရႏိုင္ေတာ့ဘူးလို႔ သူကေျပာပါတယ္။ အဲဒီအတြက္ ယူကရိန္းတပ္ဖြဲ႔ေတြ ရဲ႕တန္ျပန္ထိုးစစ္ေၾကာင့္ စြန္႔လႊတ္ခဲ့ရတဲ့ လက္နက္ေတြ၊ စစ္ပြဲမွာ ပ်က္စီးသြားတဲ့ လက္နက္ေတြ ေနရာကို အစားထိုးဖို႔ အခက္အခဲရွိလာတယ္လို႔လည္း သူက ေျပာပါတယ္။

ရုရွားအေနနဲ႔ ေန႔စဥ္ေန႔တိုင္း အကုန္အက်ေတြ မ်ားျပားၿပီး ႀကီးမားတဲ့ ဝန္ထုပ္ဝန္ပိုးကို ထမ္းေနရေၾကာင္းလည္း CNN ရုပ္သံသတင္းဌာန ရဲ႕ State of the Union Show အစီအစဥ္မွာ ၀န္ႀကီး ဘလင္ကန္က ေျပာပါတယ္။

ၿဗိတိန္ ကာကြယ္ေရး ဝန္ႀကီးဌာနကလည္း မၾကာေသးခင္က စစ္တမ္းအရ ယူကရိန္း က်ဴးေက်ာ္စစ္နဲ႔ ပတ္သက္ၿပီး ရုရွားႏိုင္ငံတြင္းမွာ လူထုေထာက္ခံမႈေတြဟာ က်ဆင္းေနတယ္လို႔ ေျပာဆိုပါတယ္။ ႐ုရွားအစိုးရက စုေဆာင္းထားတဲ့ အခ်က္အလက္ေတြအရ ယူကရိန္း က်ဴးေက်ာ္စစ္အေပၚ အရင္ ၿပီးခဲ့တဲ့ ဧၿပီလက ၈ဝ ရာခိုင္ႏႈန္း ေထာက္ခံခဲ့ရာကေန အခုအခါမွာေတာ့ ၂၅ ရာခိုင္ႏႈန္းေလာက္ပဲ ေထာက္ခံၾကၿပီး ၅၅ ရာခိုင္ႏႈန္းက ၿငိမ္းခ်မ္းေရးေဆြးေႏြးးၾကဖို႔ လိုလားေနၾကေၾကာင္း ရုရွား လြတ္လပ္တဲ့ မီဒီယာတခုမွာ ေဖာ္ျပထားတာကို ၿဗိတိန္ ကာကြယ္ေရးဝန္ႀကီးဌာနက တနဂၤေႏြေန႔က ကိုးကားထားတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

ရုရှားအပေါ် ဒဏ်ခတ်အရေးယူမှုတွေ ထိရောက်မှုရှိ (ဝန်ကြီးဘလင်ကန်)

{{Zawgyi/Unicode}}
အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုကြောင့် နေ့စဉ်နဲ့အမျှ ပေးဆပ်နေရတဲ့ ရုရှားဟာ ယူကရိန်းအပေါ် ကျုးကျော်စစ် အရှိန်မြှင့်ဖို့ လက်နက်တွေ ဖြည့်တင်းရေး ပိုမိုခက်ခဲလာနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က တနင်္ဂနွေနေ့ က ပြောပါတယ်။

အမေရိကန် နဲ့ မဟာမိတ်တွေရဲ့ ကုန်သွယ်ရေး ထိန်းချုပ်မှုကြောင့် ရုရှားအနေနဲ့ လက်နက်တွေ ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေကို ပြည်ပကနေ တင်သွင်းလို့ မရနိုင်တော့ဘူးလို့ သူကပြောပါတယ်။ အဲဒီအတွက် ယူကရိန်းတပ်ဖွဲ့တွေ ရဲ့တန်ပြန်ထိုးစစ်ကြောင့် စွန့်လွှတ်ခဲ့ရတဲ့ လက်နက်တွေ၊ စစ်ပွဲမှာ ပျက်စီးသွားတဲ့ လက်နက်တွေ နေရာကို အစားထိုးဖို့ အခက်အခဲရှိလာတယ်လို့လည်း သူက ပြောပါတယ်။

ရုရှားအနေနဲ့ နေ့စဉ်နေ့တိုင်း အကုန်အကျတွေ များပြားပြီး ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းနေရကြောင်းလည်း CNN ရုပ်သံသတင်းဌာန ရဲ့ State of the Union Show အစီအစဉ်မှာ ဝန်ကြီး ဘလင်ကန်က ပြောပါတယ်။

ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနကလည်း မကြာသေးခင်က စစ်တမ်းအရ ယူကရိန်း ကျူးကျော်စစ်နဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံတွင်းမှာ လူထုထောက်ခံမှုတွေဟာ ကျဆင်းနေတယ်လို့ ပြောဆိုပါတယ်။ ရုရှားအစိုးရက စုဆောင်းထားတဲ့ အချက်အလက်တွေအရ ယူကရိန်း ကျူးကျော်စစ်အပေါ် အရင် ပြီးခဲ့တဲ့ ဧပြီလက ၈ဝ ရာခိုင်နှုန်း ထောက်ခံခဲ့ရာကနေ အခုအခါမှာတော့ ၂၅ ရာခိုင်နှုန်းလောက်ပဲ ထောက်ခံကြပြီး ၅၅ ရာခိုင်နှုန်းက ငြိမ်းချမ်းရေးဆွေးနွေးးကြဖို့ လိုလားနေကြကြောင်း ရုရှား လွတ်လပ်တဲ့ မီဒီယာတခုမှာ ဖော်ပြထားတာကို ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့က ကိုးကားထားတာဖြစ်ပါတယ်။

XS
SM
MD
LG