သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဘာသာေရး လြတ္လပ္ခြင့္ ခ်ိဳးေဖါက္တဲ့ ႏိုင္ငံေတြထဲ ျမန္မာပါဝင္ 


ဘာသာေရး လြတ္လပ္ခြင့္ ခ်ိဳးေဖါက္တဲ့ ႏိုင္ငံေတြထဲ ျမန္မာပါဝင္

{{Zawgyi/Unicode}}

ကမ႓ာေပၚမွာ ဘာသာေရး လြတ္လပ္ခြင့္ ခ်ိဳးေဖါက္တဲ့ အထူးစိုးရိမ္ရတဲ့ႏိုင္ငံေတြရဲ႔အမည္ကို အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီးဌာနက ေသာၾကာေန႔ က ထုတ္ျပန္ေၾကညာရာမွာ ျမန္မာႏိုင္ငံ ထိပ္ဆုံးက ပါ၀င္ေနပါတယ္။

အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီး Antony Blinken က ထုတ္ျပန္ေၾကညာရာမွာ ျမန္မာ၊ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ က်ဴးဗား၊ အီရီႀထီးယား၊ အီရန္၊ ေျမာက္ကိုရီးယား၊ ပါကစၥတန္၊ ေဆာ္ဒီအာေရးဗီးယား၊ နီကြာရာဂြါ၊ ႐ုရွား စတဲ့ႏိုင္ငံေတြဟာ ဘာသာေရး လြတ္လပ္ခြင့္ခ်ိဳးေဖါက္မႈ အထူးစိုးရိမ္ရတဲ့ႏိုင္ငံေတြျဖစ္တယ္လို႔ ေၾကညာခဲ့ပါတယ္။

အစိုးရေတြကိုယ္တိုင္၊ ဒါမွမဟုတ္ အစိုးရ မဟုတ္တဲ့ အျခားဖဲြ႕စည္းေတြက လူတဦးတေယာက္အေပၚ သူတို႔ရဲ႔ ကိုးကြယ္ယုံၾကည္မႈေၾကာင့္ ၿခိမ္းေျခာက္ ေႏွာက္ယွက္တာေတြ၊ ဖမ္းဆီးေထာင္ခ်တာေတြ၊ ၫွင္းပန္းႏွိပ္စက္တာနဲ႔ သတ္ျဖတ္တာေတြ အထိ က်ဴးလြန္ၾကပါတယ္။ ဒီလိုအခြင့္အေရး ခ်ိဳးေဖါက္မႈေတြကို အေမရိကန္ ျပည္ေထာင္စု အေနနဲ႔ လက္ခံမွ ာမဟုတ္ဘူးလို႔ အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီးဌာန ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

တခ်ိဳ႔ေနရာေတြမွာ ကိုးကြယ္ယုံၾကည္မႈအေပၚႏိုင္ငံေရးအရ အျမတ္ထုတ္တာေတြလည္း ရွိပါတယ္။ ဒီလိုလုပ္ေဆာင္မႈေတြဟာ အမုန္းတရားေတြကိုဖန္တီးေပးသလို၊ စီးပြားေရးအရ လုံျခဳံမႈကိုလည္း ၿခိမ္းေျခာက္ပါေနပါတယ္။ ဒါ့အျပင္ ၿငိမ္းခ်မ္းေရးနဲ႔ ႏိုင္ငံေရး တည္ၿငိမ္မႈကိုလည္း ျခိမ္းေျခာက္ေနပါတယ္လို႔ ဆက္လက္ေဖၚျပထားပါတယ္။

ဒါ့အျပင္ အယ္ဂ်ီးရီးယား၊ အာဖရိက ဗဟိုပိုင္းႏိုင္ငံေတြ ၊ ေမာ္ရိုကုိ နဲ႔ ဗီယက္နမ္ႏိုင္ငံေတြကို အထူးေစာင့္ၾကည့္ရမဲ့ ႏိုင္ငံေတြအျဖစ္ ၀န္ႀကီး Blinken က ေၾကညာခဲ့ပါတယ္။

ဒါ့အျပင္ အစၥလမၼစ္ အစြန္းေရာက္အဖဲြ႔ေတြျဖစ္ၾကတဲ့ al-Shaban, ISIS Greater Shara, ISIS west Afric, Taliban အပါအ၀င္ အာဖရိက မွာ လႈပ္ရွားေနၾကတဲ့ ႐ုရွားေၾကးစား လက္နက္ကိုင္အဖဲြ႔Wagner Group တို႔ကိုလည္း အထူးစိုးရိမ္ရတဲ့ အဖဲြ႕ေတြအျဖစ္ အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီး Antony Blinken ကေၾကညာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

ဘာသာရေး လွတ်လပ်ခွင့် ချိုးဖေါက်တဲ့ နိုင်ငံတွေထဲ မြန်မာပါဝင်

{{Zawgyi/Unicode}}

ကမ္ဘာပေါ်မှာ ဘာသာရေး လွတ်လပ်ခွင့် ချိုးဖေါက်တဲ့ အထူးစိုးရိမ်ရတဲ့နိုင်ငံတွေရဲ့အမည်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့ က ထုတ်ပြန်ကြေညာရာမှာ မြန်မာနိုင်ငံ ထိပ်ဆုံးက ပါဝင်နေပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ထုတ်ပြန်ကြေညာရာမှာ မြန်မာ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကျူးဗား၊ အီရီထြီးယား၊ အီရန်၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ဆော်ဒီအာရေးဗီးယား၊ နီကွာရာဂွါ၊ ရုရှား စတဲ့နိုင်ငံတွေဟာ ဘာသာရေး လွတ်လပ်ခွင့်ချိုးဖေါက်မှု အထူးစိုးရိမ်ရတဲ့နိုင်ငံတွေဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

အစိုးရတွေကိုယ်တိုင်၊ ဒါမှမဟုတ် အစိုးရ မဟုတ်တဲ့ အခြားဖွဲ့စည်းတွေက လူတဦးတယောက်အပေါ် သူတို့ရဲ့ ကိုးကွယ်ယုံကြည်မှုကြောင့် ခြိမ်းခြောက် နှောက်ယှက်တာတွေ၊ ဖမ်းဆီးထောင်ချတာတွေ၊ ညှင်းပန်းနှိပ်စက်တာနဲ့ သတ်ဖြတ်တာတွေ အထိ ကျူးလွန်ကြပါတယ်။ ဒီလိုအခွင့်အရေး ချိုးဖေါက်မှုတွေကို အမေရိကန် ပြည်ထောင်စု အနေနဲ့ လက်ခံမှ ာမဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

တချို့နေရာတွေမှာ ကိုးကွယ်ယုံကြည်မှုအပေါ်နိုင်ငံရေးအရ အမြတ်ထုတ်တာတွေလည်း ရှိပါတယ်။ ဒီလိုလုပ်ဆောင်မှုတွေဟာ အမုန်းတရားတွေကိုဖန်တီးပေးသလို၊ စီးပွားရေးအရ လုံခြုံမှုကိုလည်း ခြိမ်းခြောက်ပါနေပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေး တည်ငြိမ်မှုကိုလည်း ခြိမ်းခြောက်နေပါတယ်လို့ ဆက်လက်ဖေါ်ပြထားပါတယ်။

ဒါ့အပြင် အယ်ဂျီးရီးယား၊ အာဖရိက ဗဟိုပိုင်းနိုင်ငံတွေ ၊ မော်ရိုကို နဲ့ ဗီယက်နမ်နိုင်ငံတွေကို အထူးစောင့်ကြည့်ရမဲ့ နိုင်ငံတွေအဖြစ် ဝန်ကြီး Blinken က ကြေညာခဲ့ပါတယ်။

ဒါ့အပြင် အစ္စလမ္မစ် အစွန်းရောက်အဖွဲ့တွေဖြစ်ကြတဲ့ al-Shaban, ISIS Greater Shara, ISIS west Afric, Taliban အပါအဝင် အာဖရိက မှာ လှုပ်ရှားနေကြတဲ့ ရုရှားကြေးစား လက်နက်ကိုင်အဖွဲ့Wagner Group တို့ကိုလည်း အထူးစိုးရိမ်ရတဲ့ အဖွဲ့တွေအဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကကြေညာခဲ့ပါတယ်။

XS
SM
MD
LG