သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အျပည္ျပည္ဆိုင္ရာ ဘာသာေရးလြတ္လပ္ခြင့္ ထိပ္သီးေဆြးေႏြးပြဲ ခ်င္းခရစ္ယာန္ကိ္ုယ္စားလွယ္ တက္ေရာက္


International Religious Freedom Summit မွာ တက္ေရာက္ေဆြးေႏြးသူအခ်ဳိ႕။

(Zawgyi / Unicode)

ကမၻာ့ႏိုင္ငံအသီးသီးမွာရွိတဲ့ ျပည္သူအားလုံးရဲ႕ ၈၀ ရာခုိင္ႏႈန္းနီးပါးဟာ အစိုးရ ဒါမွမဟုတ္ သူတို႔ေနထိုင္ရာ လူ႔အဖြဲ႔အစည္းက ဘာသာေရးအေပၚ ကန္႔သတ္ခ်ဳပ္ခ်ယ္မႈေတြ ႏွစ္စဥ္ တိုးၿပီး လုပ္လာတာကို ခံေနရတယ္လို႔ IRF အဖြဲ႔က ေျပာၾကားလိုက္ပါတယ္။

အေမရိကန္ျပည္ေထာင္စု ဝါရွင္တန္ဒီစီၿမိဳ႕မွာ ဇူလိုင္လ ၁၃ ရက္ေန႔ကေန ၁၅ ရက္ေန႔အထိ ၃ ရက္ၾကာ က်င္းပတဲ့ IRF (International Religious Freedom) Summit ေဆြးေႏြးပဲြမွာ အဲဒီလို ေျပာဆိုလိုက္ၾကတာပါ။

International Religious Freedom Summit တက္ေရာက္တဲ့ ခ်င္းခရစ္ယာန္ကုိယ္စားလွယ္မ်ား။ (ဓာတ္ပုံ - Chin Baptist Churches of America)
International Religious Freedom Summit တက္ေရာက္တဲ့ ခ်င္းခရစ္ယာန္ကုိယ္စားလွယ္မ်ား။ (ဓာတ္ပုံ - Chin Baptist Churches of America)

ျမန္မာႏိုင္ငံမွာလည္း လက္ရွိအခ်ိန္ထိ ဘာသာေရးအသင္းအဖြဲ႔၊ အေဆာက္အဦေတြထဲကို စစ္တပ္က က်ဴးေက်ာ္ဝင္ေရာက္ ဖ်က္ဆီးမႈေတြ လုပ္တာ ႀကဳံေနရတာေၾကာင့္ ဒီလုပ္ရပ္အေပၚမွာ တာဝန္ခံမႈရွိေစေရး အေမရိကန္ျပည္ေထာင္စု အေနနဲ႔ အေရးယူ ေဆာင္ရြက္သြားႏိုင္ေအာင္ တင္ျပေဆြးေႏြးခဲ့ၾကတယ္လို႔ အေမရိကန္ျပည္ေထာင္စုမွာရွိတဲ့ ဘက္ပတစ္-ခရစ္ယာန္-ခ်င္းတိုင္းရင္းသားမ်ား ကိုယ္စားလွယ္အဖြဲ႔ (Chin Advocacy Committee, Chin Baptist Churches of America) မွာပါတဲ့ ဦးဇိုသုန္းမႈန္က ဗြီအိုေအကို ေျပာပါတယ္။

“ဟိုတေခါက္ဆုိရင္ ကယားျပည္နယ္မွာ ဘုရားေက်ာင္းကို မီး႐ႈိ႕ဖ်က္ဆီးလုိက္တယ္။ ေနာက္တခုက ခ်င္းျပည္္နယ္ မင္းတပ္မွာ ခရစ္ယာန္ဘုရားေက်ာင္းကို ပိုက္ဆံေတြ ဝင္သိမ္းၿပီးေတာ့ CDM ေတြကို တိုက္တယ္။ အဲဒါမ်ဳိးကို မလုပ္ဖို႔ US အစုိးရကေန တပ္မေတာ္အစုိးရကို အေရးယူဖုိ႔ လမ္းေၾကာင္းရွိတယ္။”

ဒါေၾကာင့္ ကမၻာတဝန္းမွာရွိတဲ့ ဘာသာေရးအသင္းအဖြဲ႔နဲ႔ ေခါင္းေဆာင္ေတြ အတူလက္တဲြ ပူးေပါင္းေဆာင္ရြက္မွသာ ဘာသာေရးဖိႏွိပ္မႈ ဒဏ္ကေန လြတ္ေျမာက္ႏိုင္ၾကမွာ ျဖစ္တယ္လို႔လည္း IRF Summit ေဆြးေႏြးပဲြအတြင္း တာဝန္ရွိသူေတြက တိုက္တြန္းခဲ့ၾကတယ္လို႔ ဆိုပါတယ္။

ကမၻာ့ႏိုင္ငံအသီးသီးက ဘာသာေရးဆိုင္ရာ ကိုယ္စားလွယ္ ရာနဲ႔ခ်ီ တက္ေရာက္တဲ့ IRF ေဆြးေႏြးပဲြကို အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken၊ ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi၊ ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း Mike Pompeo နဲ႔ လႊတ္ေတာ္အမတ္ေတြ တက္ေရာက္ၾကၿပီး ထင္ရွားတဲ့ တိဘက္ ဘာသာေရးေခါင္းေဆာင္ ဒလိုင္းလားမားကလည္း ဒီညီလာခံကို ဗီြဒီယို သတင္းစကား ေပးပို႔ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့် ထိပ်သီးဆွေးနွေးပွဲ ချင်းခရစ်ယာန်ကိုယ်စားလှယ် တက်ရောက်

ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိတဲ့ ပြည်သူအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းနီးပါးဟာ အစိုးရ ဒါမှမဟုတ် သူတို့နေထိုင်ရာ လူ့အဖွဲ့အစည်းက ဘာသာရေးအပေါ် ကန့်သတ်ချုပ်ချယ်မှုတွေ နှစ်စဉ် တိုးပြီး လုပ်လာတာကို ခံနေရတယ်လို့ IRF အဖွဲ့က ပြောကြားလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့မှာ ဇူလိုင်လ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပတဲ့ IRF (International Religious Freedom) Summit ဆွေးနွေးပွဲမှာ အဲဒီလို ပြောဆိုလိုက်ကြတာပါ။

မြန်မာနိုင်ငံမှာလည်း လက်ရှိအချိန်ထိ ဘာသာရေးအသင်းအဖွဲ့၊ အဆောက်အဦတွေထဲကို စစ်တပ်က ကျူးကျော်ဝင်ရောက် ဖျက်ဆီးမှုတွေ လုပ်တာ ကြုံနေရတာကြောင့် ဒီလုပ်ရပ်အပေါ်မှာ တာဝန်ခံမှုရှိစေရေး အမေရိကန်ပြည်ထောင်စု အနေနဲ့ အရေးယူ ဆောင်ရွက်သွားနိုင်အောင် တင်ပြဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ဘက်ပတစ်-ခရစ်ယာန်-ချင်းတိုင်းရင်းသားများ ကိုယ်စားလှယ်အဖွဲ့ (Chin Advocacy Committee, Chin Baptist Churches of America) မှာပါတဲ့ ဦးဇိုသုန်းမှုန်က ဗွီအိုအေကို ပြောပါတယ်။

“ဟိုတခေါက်ဆိုရင် ကယားပြည်နယ်မှာ ဘုရားကျောင်းကို မီးရှို့ဖျက်ဆီးလိုက်တယ်။ နောက်တခုက ချင်းပြည်နယ် မင်းတပ်မှာ ခရစ်ယာန်ဘုရားကျောင်းကို ပိုက်ဆံတွေ ဝင်သိမ်းပြီးတော့ CDM တွေကို တိုက်တယ်။ အဲဒါမျိုးကို မလုပ်ဖို့ US အစိုးရကနေ တပ်မတော်အစိုးရကို အရေးယူဖို့ လမ်းကြောင်းရှိတယ်။”

ဒါကြောင့် ကမ္ဘာတဝန်းမှာရှိတဲ့ ဘာသာရေးအသင်းအဖွဲ့နဲ့ ခေါင်းဆောင်တွေ အတူလက်တွဲ ပူးပေါင်းဆောင်ရွက်မှသာ ဘာသာရေးဖိနှိပ်မှု ဒဏ်ကနေ လွတ်မြောက်နိုင်ကြမှာ ဖြစ်တယ်လို့လည်း IRF Summit ဆွေးနွေးပွဲအတွင်း တာဝန်ရှိသူတွေက တိုက်တွန်းခဲ့ကြတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးက ဘာသာရေးဆိုင်ရာ ကိုယ်စားလှယ် ရာနဲ့ချီ တက်ရောက်တဲ့ IRF ဆွေးနွေးပွဲကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken၊ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း Mike Pompeo နဲ့ လွှတ်တော်အမတ်တွေ တက်ရောက်ကြပြီး ထင်ရှားတဲ့ တိဘက် ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားကလည်း ဒီညီလာခံကို ဗွီဒီယို သတင်းစကား ပေးပို့ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG