သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္ေခါင္းေဆာင္ေတြ ဘာသာျခားနဲ႔ လူနည္းစုႏွိပ္ကြပ္မႈအတြက္ တာ၀န္ရွိ (ကန္၀န္ႀကီး Blinken) 


အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ဘာသာေရးအရခဲြျခား ဖိနွိပ္မႈေတြအတြက္ တာ၀န္ရွိသူေတြထဲမွာ စစ္အာဏာသိမ္းေခါင္းေဆာင္ေတြပါ၀င္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ဗုဒၶဟူးေန႔က ေျပာၾကားလိုက္ပါတယ္။

၀ါရွင္တန္ဒီစီမွာ ေမလ (၁၁)ရက္ မေန႔က အေမရိကန္ ႏိုင္ငံျခားေရးဌာန မွာ ျပဳလုပ္တဲ့ ၂၀၂၀ ႏိုင္ငံတကာ ဘာသာေရးလြတ္လပ္ခြင့္ အစီရင္ခံစာ ထုတ္ျပန္ခ်က္နဲ႔ ပတ္သက္တဲ့ သတင္းစာရွင္းလင္းပဲြမွာ ၀န္ႀကီး Blinken က ျမန္မာနဲ႔ ပတ္သက္လို႔ အခုလိုေျပာသြားပါတယ္။

”ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းေခါင္းေဆာင္ေတြဟာ မြတ္စလင္ ႐ိုဟင္ဂ်ာေတြကို လူမ်ိဳးစုအလိုက္ရွင္းလင္းဖယ္ရွားမႈနဲ႔ အျခားရက္စက္ၾကမ္းၾကဳတ္မႈေတြအပါအ၀င္ ကမၻာတ၀ွမ္းမွာေရာက္ရွိေနတဲ့ ျမန္မာႏိုင္ငံက အျခားဘာသာေရးနဲ႔လူနည္းစု တိုင္းရင္းသားေတြအေပၚ ဖိႏွိပ္မႈေတြမွာ တာ၀န္ရွိသူေတြျဖစ္ပါတယ္။”

ဗုဒၶဟူးေန႔က ထုတ္ျပန္တဲ့ ၂၀၂၀ ႏိုင္ငံတကာ ဘာသာေရးလြတ္လပ္ခြင့္ အစီရင္ခံစာမွာ- ျမန္မာႏိုင္ငံကို အထူးစိုးရိမ္ဖြယ္ရာႏိုင္ငံ (CPC) အျဖစ္ဆက္လက္သတ္မွတ္ထားဆဲျဖစ္ပါတယ္။ အေမရိကန္ျပည္ေထာင္စုမွာ ၁၉၉၈ခုႏွစ္က စတင္ျပဌာန္းခဲ့တဲ့ ႏိုင္ငံတကာဘာသာေရးလြတ္လပ္ခြင့္ ဥပေဒအရ အထူးသျဖင့္ ဘာသာေရးလြတ္လပ္ခြင့္ကို ျပင္းျပင္းထန္ထန္ ခ်ဳိးေဖာက္မႈေတြမွာပါ၀င္တာ၊ လက္ခံခြင့္ျပဳထားတဲ့ ႏိုင္ငံေတြကို CPC စာရင္းအျဖစ္ သတ္မွတ္ထားတာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံကိုေတာ့ ၁၉ ၉ ၉ ခုႏွစ္က စၿပီး အထူးစိုးရိမ္ဖြယ္ရာႏိုင္ငံစာရင္းထဲမွာ ထည့္သြင္းခဲ့တာျဖစ္ပါတယ္။

အေမရိကန္လႊတ္ေတာ္ကို ႏွစ္စဥ္တင္ျပဖို႔အတြက္ ႏိုင္ငံျခားေရးဌာနက ႏိုင္ငံတကာ ဘာသာေရးလြတ္လြပ္ခြင့္အစီရင္ခံစာကို ထုတ္ျပန္လာတာ ႏွစ္ေပါင္း ၂၃ ႏွစ္ရွိၿပီျဖစ္ပါတယ္။ ၂၀၂၀ ျပည့္ႏွစ္အစီရင္ခံစာမွာ- ဘာသာေရးလြတ္လပ္ခြင့္ ျပင္းျပင္းထန္ထန္ ဒါမွမဟုတ္ အေတာ္ေလး ထိန္းခ်ဳပ္ ကန႔္သတ္ထားတဲ့ ျမန္မာအပါအဝင္ ႏိုင္ငံေပါင္း ၅၆ ႏိုင္ငံရဲ႕ အေျခအေနေတြကို Pew Research Center က ေလ့လာဆန္းစစ္ ျပဳစုထားတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

မြန်မာစစ်ခေါင်းဆောင်တွေ ဘာသာခြားနဲ့ လူနည်းစုနှိပ်ကွပ်မှုအတွက် တာဝန်ရှိ (ကန်ဝန်ကြီး Blinken)
(Unicode)

မြန်မာနိုင်ငံမှာ ဘာသာရေးအရခွဲခြား ဖိနှိပ်မှုတွေအတွက် တာဝန်ရှိသူတွေထဲမှာ စစ်အာဏာသိမ်းခေါင်းဆောင်တွေပါဝင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။

ဝါရှင်တန်ဒီစီမှာ မေလ (၁၁)ရက် မနေ့က အမေရိကန် နိုင်ငံခြားရေးဌာန မှာ ပြုလုပ်တဲ့ ၂၀၂၀ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာ ထုတ်ပြန်ချက်နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး Blinken က မြန်မာနဲ့ ပတ်သက်လို့ အခုလိုပြောသွားပါတယ်။

”မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခေါင်းဆောင်တွေဟာ မွတ်စလင် ရိုဟင်ဂျာတွေကို လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားမှုနဲ့ အခြားရက်စက်ကြမ်းကြုတ်မှုတွေအပါအဝင် ကမ္ဘာတဝှမ်းမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံက အခြားဘာသာရေးနဲ့လူနည်းစု တိုင်းရင်းသားတွေအပေါ် ဖိနှိပ်မှုတွေမှာ တာဝန်ရှိသူတွေဖြစ်ပါတယ်။”

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ ၂၀၂၀ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာမှာ- မြန်မာနိုင်ငံကို အထူးစိုးရိမ်ဖွယ်ရာနိုင်ငံ (CPC) အဖြစ်ဆက်လက်သတ်မှတ်ထားဆဲဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ၁၉၉၈ခုနှစ်က စတင်ပြဌာန်းခဲ့တဲ့ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် ဥပဒေအရ အထူးသဖြင့် ဘာသာရေးလွတ်လပ်ခွင့်ကို ပြင်းပြင်းထန်ထန် ချိုးဖောက်မှုတွေမှာပါဝင်တာ၊ လက်ခံခွင့်ပြုထားတဲ့ နိုင်ငံတွေကို CPC စာရင်းအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုတော့ ၁၉ ၉ ၉ ခုနှစ်က စပြီး အထူးစိုးရိမ်ဖွယ်ရာနိုင်ငံစာရင်းထဲမှာ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

အမေရိကန်လွှတ်တော်ကို နှစ်စဉ်တင်ပြဖို့အတွက် နိုင်ငံခြားရေးဌာနက နိုင်ငံတကာ ဘာသာရေးလွတ်လွပ်ခွင့်အစီရင်ခံစာကို ထုတ်ပြန်လာတာ နှစ်ပေါင်း ၂၃ နှစ်ရှိပြီဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်အစီရင်ခံစာမှာ- ဘာသာရေးလွတ်လပ်ခွင့် ပြင်းပြင်းထန်ထန် ဒါမှမဟုတ် အတော်လေး ထိန်းချုပ် ကန့်သတ်ထားတဲ့ မြန်မာအပါအဝင် နိုင်ငံပေါင်း ၅၆ နိုင်ငံရဲ့ အခြေအနေတွေကို Pew Research Center က လေ့လာဆန်းစစ် ပြုစုထားတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG