သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံတကာအေရး ထိေရာက္ေအာင္ေျဖရွင္းဖို႔ ကုလလုံၿခံဳေရးေကာင္စီကို အေမရိကန္တိုက္တြန္း


အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီး Antony Blinken က လုံျခံဳေရးေကာင္စီ အြန္လိုင္း အစည္းအေ၀းမွာေျပာၾကား

(Zawgyi/Unicode)

ကုလသမဂၢ လုံျခံဳေရးေကာင္စီ အၿမဲတမ္းအဖဲြ႕၀င္ ႏိုင္ငံေတြ အေနနဲ႔ ႏိုင္ငံတကာအေရး ေျဖရွင္းရာမွာ ပ်က္ကြက္ေနတဲ့အေပၚ အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီးက သတိေပးလိုက္ပါတယ္။

“ကုလသမဂၢ အဖဲြ႕၀င္ေတြ၊ အထူးသျဖင့္ လုံျခံဳေရးေကာင္စီ အၿမဲတမ္း အဖဲြ႕၀င္ေတြကိုယ္တိုင္ ကုလသမဂၢရဲ႕ စည္းမ်ဥ္းေတြကို ခ်ဳိးေဖာက္တာ၊ ႏိုင္ငံတကာ ဥပေဒ ခ်ဳိးေဖာက္သူေတြကို အေရးယူဖို႔ ႀကိဳးပမ္းရာမွာ အဟန္႔အတား လုပ္တဲ့အခါ၊ တျခားလူေတြ အေနနဲ႔လည္း အေရးယူ အျပစ္ေပးမခံရဘဲ အလားတူ ခ်ဳိးေဖာက္လို႔ ရတယ္ဆိုတာမ်ဳိး သတင္းစကားပါးရာ ေရာက္ပါတယ္။” လို႔ Antony Blinken က ေသာၾကာေန႔ လုံျခံဳေရးေကာင္စီ အြန္လိုင္း အစည္းအေ၀းမွာ ေျပာဆိုသြားတာပါ။

ျမန္မာ့အေရး ႏိုင္ငံတကာက ဖိအားေပးဖို႔ အေမရိကန္နဲ႔ မဟာမိတ္ေတြက တိုက္တြန္းေနေပမဲ့ ကုလသမဂၢ လုံျခံဳေရးေကာင္စီမွာ ဗီတိုအာဏာရွိတဲ့ အၿမဲတမ္းအဖဲြ႕၀င္ ႏိုင္ငံေတြ ျဖစ္ၾကတဲ့ တ႐ုတ္နဲ႔ ႐ုရွားႏိုင္ငံတို႔ရဲ႕ ကန္႔ကြက္မႈေတြ ၾကံဳေနရခ်ိန္မွာပဲ ၀န္ႀကီး Blinken သတိေပးလိုက္တာလည္း ျဖစ္ပါတယ္။

အၿမဲတမ္းအဖဲြ႕၀င္ ဘယ္ႏိုင္ငံေတြ ဆိုတာကိုေတာ့ ၀န္ႀကီး Blinken က တိတိက်က် ေျပာမသြားေပမဲ့ လုံျခံဳေရးေကာင္စီမွာ ေမလအတြက္ အလွည့္က် ဥကၠ႒ တာ၀န္ယူထားတဲ့ တ႐ုတ္ႏိုင္ငံနဲ႔ ႐ုရွားႏိုင္ငံက ႏိုင္ငံျခားေရး ၀န္ႀကီးေတြကေတာ့ အေမရိကန္ရဲ႕ ရပ္တည္ခ်က္အေပၚ ဆန္႔က်င္တဲ့ သေဘာထားေတြ ေျပာခဲ့ၾကတာပါ။

၀န္ႀကီး Blinken ကေတာ့ မၾကာေသးခင္ ႏွစ္ေတြမွာ အေမရိကန္ အစိုးရဖက္က ပ်က္ကြက္တာေတြ ရွိခဲ့ေၾကာင္း လက္ခံေျပာဆိုခဲ့ၿပီး၊ လက္ေတြ႔လုပ္ရပ္ေတြအေပၚ ေစာင့္ၾကည့္ အကဲျဖတ္ဖို႔လည္း ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

နိုင်ငံတကာအရေး ထိရောက်အောင်ဖြေရှင်းဖို့ ကုလလုံခြုံရေးကောင်စီကို အမေရိကန်တိုက်တွန်း
(Unicode)

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ နိုင်ငံတကာအရေး ဖြေရှင်းရာမှာ ပျက်ကွက်နေတဲ့အပေါ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက သတိပေးလိုက်ပါတယ်။

“ကုလသမဂ္ဂ အဖွဲ့ဝင်တွေ၊ အထူးသဖြင့် လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်တွေကိုယ်တိုင် ကုလသမဂ္ဂရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်တာ၊ နိုင်ငံတကာ ဥပဒေ ချိုးဖောက်သူတွေကို အရေးယူဖို့ ကြိုးပမ်းရာမှာ အဟန့်အတား လုပ်တဲ့အခါ၊ တခြားလူတွေ အနေနဲ့လည်း အရေးယူ အပြစ်ပေးမခံရဘဲ အလားတူ ချိုးဖောက်လို့ ရတယ်ဆိုတာမျိုး သတင်းစကားပါးရာ ရောက်ပါတယ်။” လို့ Antony Blinken က သောကြာနေ့ လုံခြုံရေးကောင်စီ အွန်လိုင်း အစည်းအဝေးမှာ ပြောဆိုသွားတာပါ။

မြန်မာ့အရေး နိုင်ငံတကာက ဖိအားပေးဖို့ အမေရိကန်နဲ့ မဟာမိတ်တွေက တိုက်တွန်းနေပေမဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာရှိတဲ့ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေ ဖြစ်ကြတဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတို့ရဲ့ ကန့်ကွက်မှုတွေ ကြုံနေရချိန်မှာပဲ ဝန်ကြီး Blinken သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။

အမြဲတမ်းအဖွဲ့ဝင် ဘယ်နိုင်ငံတွေ ဆိုတာကိုတော့ ဝန်ကြီး Blinken က တိတိကျကျ ပြောမသွားပေမဲ့ လုံခြုံရေးကောင်စီမှာ မေလအတွက် အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေကတော့ အမေရိကန်ရဲ့ ရပ်တည်ချက်အပေါ် ဆန့်ကျင်တဲ့ သဘောထားတွေ ပြောခဲ့ကြတာပါ။

ဝန်ကြီး Blinken ကတော့ မကြာသေးခင် နှစ်တွေမှာ အမေရိကန် အစိုးရဖက်က ပျက်ကွက်တာတွေ ရှိခဲ့ကြောင်း လက်ခံပြောဆိုခဲ့ပြီး၊ လက်တွေ့လုပ်ရပ်တွေအပေါ် စောင့်ကြည့် အကဲဖြတ်ဖို့လည်း ပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG