သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကန္ ဘာသာေရးလြတ္လပ္ခြင့္ေကာ္မရွင္အဖြဲ႔ဝင္ေလးဦး တ႐ုတ္ဒဏ္ခတ္အေရးယူ


တ႐ုတ္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Zhao Lijian

[[Zawgyi/Unicode]]

အေမရိကန္ ဘာသာေရးလြတ္လပ္ခြင့္ ဖက္ဒရယ္ေကာ္မရွင္ရဲ႕ အဖြဲ႕ဝင္ ၄ ေယာက္ ကို တ႐ုတ္က နာမည္ပ်က္စာရင္းသြင္း ပိတ္ဆို႔အေရးယူလိုက္တယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူက ေျပာလိုက္ပါတယ္။

“အဲဒီ ေကာ္မရွင္အဖြဲ႕ဝင္ေတြကို တ႐ုတ္ျပည္လာခြင့္ပိတ္ပင္လိုက္ၿပီး တ႐ုတ္၊ ေဟာင္ေကာင္နဲ႔ မကာအိုမွာရွိတဲ့ သူတို႔ပိုင္ဆိုင္မႈေတြကိုလည္း ဘာမွမလုပ္ရလို႔ သတ္မွတ္လိုက္တယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရပုဂၢိဳလ္ Zhao Lijian က ေျပာသြားတာပါ။ တ႐ုတ္ႏိုင္ငံသားေတြနဲ႔ အဖြဲ႕အစည္းေတြကိုလည္း သူတို႔နဲ႔ မဆက္ဆံရလို႔ တားျမစ္လိုက္ပါတယ္။

ဇင္က်န္းမွာ လူမ်ိဳးတုံးသတ္ျဖတ္တယ္လို႔ စြပ္စြဲထားသူေတြအေပၚ အေမရိကန္က ပိတ္ဆို႔အေရးယူတာကို တုံ႔ျပန္တဲ့အေနနဲ႔ တ႐ုတ္က အခုလို ျပန္လည္ အေရးယူလိုက္တာ ျဖစ္ပါတယ္။

ဇင္က်န္းျပည္နယ္မွာေနထိုင္ေနၾကတဲ့ လူနည္းစု မြဆလင္ ဝီဂါလူမ်ိဳးေတြရဲ႕ အက်ဥ္းအက်ပ္ကိစၥေၾကာင့္ အေမရိကန္နဲ႔ တ႐ုတ္အၾကားမွာ သံတမန္ ဆက္ဆံေရး ဆိုးဝါးလာခဲ့ပါတယ္။ တ႐ုတ္က မ‌ေတာ္မတရားလုပ္တာမရွိဘူးလို႔ ျငင္းဆိုထားပါတယ္။ တ႐ုတ္ ႏိုင္ငံေရးသမားေတြနဲ႔ ကုမၼၸဏီေတြကို အေမရိကန္က တိုးတိုး အေရးယူေနတဲ့အျပင္ လာမယ့္ ေဆာင္းရာသီ အိုလံပစ္ကိုလည္း သံတမန္ေရးအရ သပိတ္ေမွာက္မယ္လို႔ ေျပာထားပါတယ္။ဒီအတြက္ေၾကာင့္ တ႐ုတ္က တန္ျပန္ အေရးယူလာခဲ့တာပါ။

တ႐ုတ္က အေရးယူလိုက္တဲ့ ဘာသာေရးလြတ္လပ္ခြင့္ ေကာ္မရွင္အဖြဲ႕ဝင္ေတြကေတာ့ ဥကၠ႒ Nadine Maenza၊ ဒုတိယ ဥကၠ႒ Nury Turkel၊ ေကာ္မရွင္ အဖြဲ႕ဝင္ေတြ ျဖစ္ၾကတဲ့ Anurima Bhargava နဲ႔ James W. Carr တို႔ ျဖစ္ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ကန် ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်အဖွဲ့ဝင်လေးဦး တရုတ်ဒဏ်ခတ်အရေးယူ

အမေရိကန် ဘာသာရေးလွတ်လပ်ခွင့် ဖက်ဒရယ်ကော်မရှင်ရဲ့ အဖွဲ့ဝင် ၄ ယောက် ကို တရုတ်က နာမည်ပျက်စာရင်းသွင်း ပိတ်ဆို့အရေးယူလိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောလိုက်ပါတယ်။

“အဲဒီ ကော်မရှင်အဖွဲ့ဝင်တွေကို တရုတ်ပြည်လာခွင့်ပိတ်ပင်လိုက်ပြီး တရုတ်၊ ဟောင်ကောင်နဲ့ မကာအိုမှာရှိတဲ့ သူတို့ပိုင်ဆိုင်မှုတွေကိုလည်း ဘာမှမလုပ်ရလို့ သတ်မှတ်လိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Zhao Lijian က ပြောသွားတာပါ။ တရုတ်နိုင်ငံသားတွေနဲ့ အဖွဲ့အစည်းတွေကိုလည်း သူတို့နဲ့ မဆက်ဆံရလို့ တားမြစ်လိုက်ပါတယ်။

ဇင်ကျန်းမှာ လူမျိုးတုံးသတ်ဖြတ်တယ်လို့ စွပ်စွဲထားသူတွေအပေါ် အမေရိကန်က ပိတ်ဆို့အရေးယူတာကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်က အခုလို ပြန်လည် အရေးယူလိုက်တာ ဖြစ်ပါတယ်။

ဇင်ကျန်းပြည်နယ်မှာနေထိုင်နေကြတဲ့ လူနည်းစု မွဆလင် ဝီဂါလူမျိုးတွေရဲ့ အကျဉ်းအကျပ်ကိစ္စကြောင့် အမေရိကန်နဲ့ တရုတ်အကြားမှာ သံတမန် ဆက်ဆံရေး ဆိုးဝါးလာခဲ့ပါတယ်။ တရုတ်က မ‌တော်မတရားလုပ်တာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။ တရုတ် နိုင်ငံရေးသမားတွေနဲ့ ကုမ္မ္ပဏီတွေကို အမေရိကန်က တိုးတိုး အရေးယူနေတဲ့အပြင် လာမယ့် ဆောင်းရာသီ အိုလံပစ်ကိုလည်း သံတမန်ရေးအရ သပိတ်မှောက်မယ်လို့ ပြောထားပါတယ်။ဒီအတွက်ကြောင့် တရုတ်က တန်ပြန် အရေးယူလာခဲ့တာပါ

တရုတ်က အရေးယူလိုက်တဲ့ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင်အဖွဲ့ဝင်တွေကတော့ ဥက္ကဋ္ဌ Nadine Maenza၊ ဒုတိယ ဥက္ကဋ္ဌ Nury Turkel၊ ကော်မရှင် အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ Anurima Bhargava နဲ့ James W. Carr တို့ ဖြစ်ကြပါတယ်။

#USChina #USCommissionOnReligiousFreedom #ReligiousFreedom #VOABurmese

=============

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG