သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘာသာေရးလြတ္လပ္ခြင္႔ မရွိတဲ႔ႏိုင္ငံစာရင္း ျမန္မာ ဆက္လက္ ထည္႔သြင္းခံရ


အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken

[[ Zawgyi ]]

ဘာသာေရးလြတ္လပ္ခြင္႔ မရွိတဲ႔ႏိုင္ငံစာရင္း ျမန္မာ ဆက္လက္ ထည္႔သြင္းခံရ

ကမာၻတလႊား ဘာသာေရး လြတ္လပ္ခြင့္ မရွိတဲ့ႏိုင္ငံေတြအျဖစ္ အေမရိကန္ ႏိုင္ငံျခားေရးဌာနက ႏွစ္စဥ္ဆုံးျဖတ္သတ္မွတ္တဲ့ အထဲမွာ ျမန္မာႏိုင္ငံကိုလည္း ဆက္လက္ ထည့္သြင္းထားပါတယ္။

ႏိုင္ငံတကာ ဘာသာေရး လြတ္လပ္ခြင့္ဆိုင္ရာ အက္ဥပေဒအရ ဘာသာေရး လြတ္လပ္ခြင့္ ခ်ဳိးေဖာက္တဲ့ အစိုးရေတြ၊ အဖဲြ႕အစည္းေတြကို အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီးက ႏွစ္စဥ္သတ္မွတ္ရာမွာ ျမန္မာႏိုင္ငံကို ဒီႏွစ္မွာလည္း ဆက္လက္ စာရင္းသြင္းထားတာပါ။

ျမန္မာ၊ တ႐ုတ္၊ ႐ုရွား၊ ေျမာက္ကိုရီးယား၊ အီရန္ အပါအ၀င္ ႏိုင္ငံေပါင္း ၁၀ ႏိုင္ငံဟာ ဘာသာေရး လြတ္လပ္ခြင့္ ခ်ဳိးေဖာက္မႈေတြကို စနစ္တက် က်ဳးလြန္ရာမွာ ပါ၀င္ပတ္သက္ေနတာ၊ ဒါမွမဟုတ္ လက္ခံထားတာေၾကာင့္ စိုးရိမ္စရာ ႏိုင္ငံေတြအျဖစ္ သတ္မွတ္ေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီး Antony Blinken ဗုဒၶဟူးေန႔က ေၾကညာခ်က္ထုတ္ျပန္ရာမွာ ေျပာဆိုခဲ့ပါတယ္။ ကမာၻ႔ေနရာအႏွံ႔က ဘာသာေရးလြတ္လပခြင့္ ခ်ဳိးေဖာက္မႈေတြကို ႏိုင္ငံတကာ အသိုင္းအ၀န္းက အေရးတႀကီး ေျဖရွင္းဖို႔ လိုအပ္ေၾကာင္းလည္း ေျပာဆိုခဲ့တာပါ။

ဘာသာေရး လြတ္လပ္ခြင့္ ခ်ဳိးေဖာက္တဲ့ အစိုးရေတြအေနနဲ႔ အားနည္းခ်က္ေတြ၊ ဥပေဒေတြကို ျပင္ဆင္ၿပီး အေျခအေနေတြ တိုးတက္လာေအာင္ အေမရိကန္က ဖိအားေပးမွာ ျဖစ္သလို၊ က်ဳးလြန္သူေတြ တာ၀န္ခံမႈရွိေအာင္ ႀကိဳးပမ္းမွာ ျဖစ္ေၾကာင္းလည္း ၀န္ႀကီး Blinken ကေျပာဆိုခဲ့ပါတယ္။

အေမရိကန္ ျပည္ေထာင္စု ႏိုင္ငံတကာ ဘာသာေရးလြတ္လပ္ခြင့္ ေကာ္မရွင္ရဲ႕ ဒီလဆန္းမွာ ထုတ္ျပန္ခဲ့တဲ့ အစီရင္ခံစာမွာလည္း ျမန္မာႏိုင္ငံက အရင္ကတည္းက ဘာသာေရးလြတ္လပ္ခြင့္ အေျခအေနေတြနိမ့္က်ေနတဲ့ တိုင္းရင္းသားေဒသေတြမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းလိုက္ၿပီးေနာက္ပိုင္း အေျခအေနေတြ ပိုဆိုးလာေၾကာင္း ေဖာ္ျပခဲ့တာပါ။ လူနည္းစု ဘာသာ၀င္ေတြအေပၚ ဖိႏွိပ္မႈေတြ ရွိေနတဲ့ ျမန္မာႏိုင္ငံကို အထူးစိုးရိမ္ရတဲ့ ႏိုင္ငံစာရင္းမွာ ဆက္လက္ ထည့္သြင္းဖို႔လည္း တိုက္တြန္းခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

ဘာသာရေးလွတ်လပ်ခွင့် မရှိတဲ့နိုင်ငံစာရင်း မြန်မာ ဆက်လက် ထည့်သွင်းခံရ

{{ Unicode }}

ကမ္ဘာတလွှား ဘာသာရေး လွတ်လပ်ခွင့် မရှိတဲ့နိုင်ငံတွေအဖြစ် အမေရိကန် နိုင်ငံခြားရေးဌာနက နှစ်စဉ်ဆုံးဖြတ်သတ်မှတ်တဲ့ အထဲမှာ မြန်မာနိုင်ငံကိုလည်း ဆက်လက် ထည့်သွင်းထားပါတယ်။

နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အက်ဥပဒေအရ ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်တဲ့ အစိုးရတွေ၊ အဖွဲ့အစည်းတွေကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက နှစ်စဉ်သတ်မှတ်ရာမှာ မြန်မာနိုင်ငံကို ဒီနှစ်မှာလည်း ဆက်လက် စာရင်းသွင်းထားတာပါ။

မြန်မာ၊ တရုတ်၊ ရုရှား၊ မြောက်ကိုရီးယား၊ အီရန် အပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံဟာ ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှုတွေကို စနစ်တကျ ကျုးလွန်ရာမှာ ပါဝင်ပတ်သက်နေတာ၊ ဒါမှမဟုတ် လက်ခံထားတာကြောင့် စိုးရိမ်စရာ နိုင်ငံတွေအဖြစ် သတ်မှတ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဗုဒ္ဓဟူးနေ့က ကြေညာချက်ထုတ်ပြန်ရာမှာ ပြောဆိုခဲ့ပါတယ်။ ကမ္ဘာ့နေရာအနှံ့က ဘာသာရေးလွတ်လပခွင့် ချိုးဖောက်မှုတွေကို နိုင်ငံတကာ အသိုင်းအဝန်းက အရေးတကြီး ဖြေရှင်းဖို့ လိုအပ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်တဲ့ အစိုးရတွေအနေနဲ့ အားနည်းချက်တွေ၊ ဥပဒေတွေကို ပြင်ဆင်ပြီး အခြေအနေတွေ တိုးတက်လာအောင် အမေရိကန်က ဖိအားပေးမှာ ဖြစ်သလို၊ ကျုးလွန်သူတွေ တာဝန်ခံမှုရှိအောင် ကြိုးပမ်းမှာ ဖြစ်ကြောင်းလည်း ဝန်ကြီး Blinken ကပြောဆိုခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင်ရဲ့ ဒီလဆန်းမှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံက အရင်ကတည်းက ဘာသာရေးလွတ်လပ်ခွင့် အခြေအနေတွေနိမ့်ကျနေတဲ့ တိုင်းရင်းသားဒေသတွေမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း အခြေအနေတွေ ပိုဆိုးလာကြောင်း ဖော်ပြခဲ့တာပါ။ လူနည်းစု ဘာသာဝင်တွေအပေါ် ဖိနှိပ်မှုတွေ ရှိနေတဲ့ မြန်မာနိုင်ငံကို အထူးစိုးရိမ်ရတဲ့ နိုင်ငံစာရင်းမှာ ဆက်လက် ထည့်သွင်းဖို့လည်း တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG