သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္ က်ဆင္းေနဆဲ


ရန္ကုန္ၿမိဳ႕မွာ သတင္းမီဒီယာလြတ္လပ္ခြင့္အတြက္ ဆႏၵျပေနၾကတဲ့ ျမင္ကြင္း။ (ဇန္န၀ါရီ ၀၇၊ ၂၀၁၄)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆုိခြင့္နဲ႔ ပတ္သက္ၿပီး ၿခိမ္းေျခာက္ခံေနရဆဲျဖစ္တယ္လို႔ ဒီကေန႔ထြက္လာတဲ့ စစ္တမ္းတခုမွာ ေဖာ္ျပထားပါတယ္။

၂၀၂၀ ျပည့္ႏွစ္၊ ႏုိဝင္ဘာလ ၈ ရက္ေန႔မွာ ပါတီစံု ဒီမိုကေရစီ အေထြေထြေရြးေကာက္ပြဲေတြ က်င္းပဖို႔ စီစဥ္ေနခ်ိန္မွာပဲ အခုစစ္တမ္းထြက္လာတာပါ။

ျမန္မာႏုိင္ငံတြင္းမွာ လုပ္ကိုင္ေနၾကတဲ့ အရပ္ဘက္လူမႈအဖြဲ႔အစည္းေတြ ပူးေပါင္း စစ္တမ္းေကာက္ယူၿပီး ျပဳစုထားတဲ့ ျမန္မာႏိုင္ငံ၏ လြတ္လပ္စြာ ေရးသားထုတ္ေဖာ္ခြင့္အေျခအေန အကဲျဖတ္ခ်က္ဆိုတဲ့ အစီရင္ခံစာထဲမွာ အဲဒီလုိေျပာထားတာပါ။

သူတို႔ရဲ႕ ေလ့လာေတြ႔ရွိခ်က္အရ ျမန္မာႏိုင္ငံမွာ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္နဲ႔ သက္ဆိုင္တဲ့ ဘက္စံု အေျခအေနတိုင္းဟာ ဒီအကဲျဖတ္ခ်က္ကို စလုပ္ခဲ့တဲ့ ၂၀၁၆ ခုႏွစ္ကေန ၿပီးခဲ့တဲ့နွစ္အထိ ဆိုးဝါးစြာ က်ဆင္းေနတယ္လုိ႔ ေျပာထားပါတယ္။

ဒါေၾကာင့္ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ တိုးတက္လာေစဖို႔အတြက္ ႐ုပ္ျမင္သံၾကားနဲ႔ အသံထုတ္လႊင့္ျခင္းဆိုင္ရာဥပေဒကို အေကာင္အထည္ေဖာ္ဖို႔၊ အင္တာနက္လိုင္းေတြ ျဖတ္ေတာက္ထားတာကို အဆံုးသတ္ဖို႔၊ အစိုးရလက္ေအာက္ခံ မီဒီယာေတြကို ရပ္ဆိုင္းဖို႔ ဒါမွမဟုတ္ ေရာင္းခ်ဖို႔ ဒါမွမဟုတ္ ျပည္သူ႔ဝန္ေဆာင္မႈ မီဒီယာအျဖစ္ေျပာင္းလဲဖို႔ စတဲ့အခ်က္ေတြကို အၾကံေပးထားပါတယ္။

ဒီအကဲျဖတ္ခ်က္ကို သတင္းေထာက္အဖြဲ႔အစည္းေတြ၊ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ဆိုင္ရာ လႈပ္ရွား လုပ္ေဆာင္ေနတဲ့အဖြဲ႔ေတြနဲ႔ လူ႔အခြင့္အေရးအဖြဲ႔ေတြအပါအဝင္ စုစုေပါင္း အဖြဲ႔ ၁၃ ဖြဲ႔က ပူးတြဲ ျပဳစုထားတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာနိုင်ငံ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ကျဆင်းနေဆဲ

မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်ပြီး ခြိမ်းခြောက်ခံနေရဆဲဖြစ်တယ်လို့ ဒီကနေ့ထွက်လာတဲ့ စစ်တမ်းတခုမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေ ကျင်းပဖို့ စီစဉ်နေချိန်မှာပဲ အခုစစ်တမ်းထွက်လာတာပါ။

မြန်မာနိုင်ငံတွင်းမှာ လုပ်ကိုင်နေကြတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ပူးပေါင်း စစ်တမ်းကောက်ယူပြီး ပြုစုထားတဲ့ မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်အခြေအနေ အကဲဖြတ်ချက်ဆိုတဲ့ အစီရင်ခံစာထဲမှာ အဲဒီလိုပြောထားတာပါ။

သူတို့ရဲ့ လေ့လာတွေ့ရှိချက်အရ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သက်ဆိုင်တဲ့ ဘက်စုံ အခြေအနေတိုင်းဟာ ဒီအကဲဖြတ်ချက်ကို စလုပ်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ကနေ ပြီးခဲ့တဲ့နှစ်အထိ ဆိုးဝါးစွာ ကျဆင်းနေတယ်လို့ ပြောထားပါတယ်။

ဒါကြောင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် တိုးတက်လာစေဖို့အတွက် ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို အကောင်အထည်ဖော်ဖို့၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကို အဆုံးသတ်ဖို့၊ အစိုးရလက်အောက်ခံ မီဒီယာတွေကို ရပ်ဆိုင်းဖို့ ဒါမှမဟုတ် ရောင်းချဖို့ ဒါမှမဟုတ် ပြည်သူ့ဝန်ဆောင်မှု မီဒီယာအဖြစ်ပြောင်းလဲဖို့ စတဲ့အချက်တွေကို အကြံပေးထားပါတယ်။

ဒီအကဲဖြတ်ချက်ကို သတင်းထောက်အဖွဲ့အစည်းတွေ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ လှုပ်ရှား လုပ်ဆောင်နေတဲ့အဖွဲ့တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေအပါအဝင် စုစုပေါင်း အဖွဲ့ ၁၃ ဖွဲ့က ပူးတွဲ ပြုစုထားတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG