သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်မှု ပိုဆိုးလာကြောင်း USCIRF ထုတ်ပြန်


 နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် (USCIRF) အစီရင်ခံစာ
နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် (USCIRF) အစီရင်ခံစာ

{{Zawgyi/Unicode}}

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်း တိုင်းရင်းသားလူမျိုးစုတွေ နေထိုင်ရာဒေသတွေမှာ အရင်ကတည်းက ဆိုးရွားနေခဲ့တဲ့ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုတွေ ပိုများလာတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံကို ဘာသာရေးလွတ်လွပ်ခွင့်ဆိုင်ရာ အထူးစိုးရိမ်ရတဲ့ နိုင်ငံစာရင်းထဲမှာ ဆက်လက်ထားရှိဖို့ အမေရိကန်အစိုးရကို တိုက်တွန်းတဲ့ အစီရင်ခံစာကို နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် (USCIRF) က မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

မွတ်ဆလင် ရိုဟင်ဂျာတွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေအပါအဝင် ဘာသာရေးလူနည်းစုတွေအပေါ်မှာ ဖိနှိပ်မှုတွေ ပိုဆိုးလာခဲ့တာကို ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်က ထောက်ပြထားတာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ လူဦးရေအများစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်တွေအပေါ်မှာလည်း သူတို့ကို ဆန့်ကျင်ပြောဆိုသူတိုင်းကို ပစ်မှတ်ထား ဖိနှိပ်နေတယ်လို့ အစီရင်ခံစာက ရေးပါတယ်။ ဘာသာရေး အသိုင်းအဝိုင်းတွေအပေါ် ဖိနှိပ်တိုက်ခိုက်တဲ့ ချိုးဖောက်မှု အသေးစိတ်တွေကို အစီရင်ခံစာမှာ ဖော်ပြထားပြီး ကျူးလွန်တဲ့ မြန်မာစစ်တပ်အရာရှိတွေကို တာဝန်ခံမှု၊ တာဝန်ယူမှုရှိလာအောင် ပစ်မှတ်ထား ဒဏ်ခတ်အရေးယူတာအပါအဝင် ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့နိုင်ငံစာရင်းထဲမှာ မြန်မာနိုင်ငံကို ဆက်လက်ထားရှိပြီး ဖိအားပေးဖို့ အမေရိကန်အစိုးရကို တိုက်တွန်းထားတာပါ။

ချင်းပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသတချို့မှာ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတချို့ မီးရှို့တာ၊ ဖျက်ဆီးတာ ခံရတယ်ဆိုတဲ့သတင်းတွေ ထွက်လာနေတဲ့အချိန်မှာပဲ USCIRF ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်က မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို အစီရင်ခံ ထုတ်ပြန်လိုက်တာပါ။

ရိုဟင်ဂျာနဲ့ တခြား ဘာသာရေးလူနည်းစုတွေအပေါ် အရင်က ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း အဲဒီလိုအခြေအနေတွေကို ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG က အသိအမှတ်ပြုဖို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံရဲ့ ဘာသာရေးလွတ်လပ်ခွင့်နဲ့ပတ်သက်လို့ USCIRF က ၂၀၀၀ ပြည့်နှစ်ကတည်းက စောင့်ကြည့်နေခဲ့ပြီး အထူးစိုးရိမ်ရတဲ့ နိုင်ငံစာရင်းမှာ ထည့်သွင်းထားပါတယ်။ မြန်မာနိုင်ငံဘက်တော့ ရိုဟင်ဂျာအဆိုတဲ့ အသုံးအနှုန်းကို လက်မခံသလို အစီရင်ခံစာမှာ ဖော်ပြလေ့ရှိတဲ့ ခွဲခြားဆက်ဆံမှုနဲ့ ဘာသာရေးဖိနှိပ်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အစဉ်တစိုက် ငြင်းဆိုခဲ့ပါတယ်။

#MyanmarReligiousFreedom #WhatIsHappeningInMyanmar #voaburmese #ဘာသာရေးလွတ်လပ်ခွင့် #စစ်အာဏာသိမ်းမှု #ဗွီအိုအေမြန်မာပိုင်း

တိုက်ရိုက် လင့်ခ်


***************

{{Unicode}}








***************

XS
SM
MD
LG