သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ေပၚ ေထာင္ဒဏ္ ထပ္မံခ်မွတ္မႈ ဝန္ႀကီးဘလင္ကန္ ရႈတ္ခ်


G20-INDONESIA/BLINKEN-NEWSER အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီး Antony Blinken

ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ကို ေနာက္ထပ္ ေထာင္ဒဏ္ ၃ ႏွစ္ ခ်မွတ္လိုက္တာအတြက္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ျပင္းျပင္းထန္ထန္ ရႈတ္ခ်လိုက္ၿပီး ျမန္မာစစ္ေခါင္းေဆာင္ကို ေနာက္ထပ္ဖိအားေတြေပးၾကဖို႔ ႏိုင္ငံတကာအသိုင္းဝိုင္းကို တိုက္တြန္းလိုက္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကို အလုပ္နဲ႔ ေထာင္ဒဏ္၃ ႏွစ္ ထပ္ခ်ခဲ့တာအတြက္ ျမန္မာစစ္ေကာင္စီကို ျပင္းျပင္းထန္ထန္ ရႈတ္ခ်ေၾကာင္း ေသာၾကာေန႔ည တြစ္တာကေန ဝန္ႀကီး Blinken က ေျပာၾကားလိုက္တာ ျဖစ္ၿပီး ျမန္မာႏိုင္ငံက ဒီမိုကေရစီနည္းက် အေ႐ြးေကာက္ခံထားရတဲ့ ေခါင္းေဆာင္ေတြကို ဖိႏွိပ္တာနဲ႔ အၾကမ္းဖက္မႈေတြ တိုးလာတာေတြ အတြက္ စစ္ေကာင္စီက တာဝန္ခံတာဝန္ယူမႈ ရွိလာေအာင္ အတူတကြ လက္တြဲေဆာင္႐ြက္ၾကရမွာ ျဖစ္ေၾကာင္း ေျပာပါတယ္။

ေနျပည္ေတာ္ အက်ဥ္းေထာင္တရား႐ုံးက ေဒၚေအာင္ဆန္းစုၾကည္ကို ေ႐ြးေကာက္ပြဲ မဲမသမာမႈ ရာဇသတ္ႀကီးပုဒ္မ ၁၃၀ (က) အရ အလုပ္နဲ႔ ေထာင္ဒဏ္ ၃ ႏွစ္ မေန႔က ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္အေပၚ စြဲဆိုထားတဲ့ အမႈေတြနဲ႔ ပတ္သက္တဲ့ တရား႐ုံးၾကာနာမႈေတြ အတြက္ သတင္းေထာက္ေတြ လာေရာက္ခြင့္မရွိသလို ေရွ႕ေနေတြကိုလည္း အမႈနဲ႔ ပတ္သက္ၿပီး သတင္းမီဒီယာကို ေျပာၾကားခြင့္ စစ္ေကာင္စီက ပိတ္ထားတာပါ။

မႏွစ္က ေဖေဖၚဝါရီမွာ အာဏာသိမ္းခဲ့တဲ့ စစ္တပ္က ေဒၚေအာင္ဆန္းစုၾကည္အေပၚ ႏိုင္ငံေတာ္ လွ်ိဳ႕ဝွက္အက္ဥပေဒ ခ်ိဳးေဖါက္မႈ၊ သဘာဝကပ္ေဘးဥပေဒ ခ်ိဳးေဖါက္မႈ၊ ေ႐ြးေကာက္ပြဲဥပေဒခ်ိဳးေဖါက္မႈအျပင္ အဂတိလိုက္စားမႈ အေတာ္မ်ားမ်ားနဲ႔ တရားစြဲဆိုထားတာ ျဖစ္ၿပီး အခုဆို က်ခံေနရတဲ့ ေထာင္ျပစ္ဒဏ္က အႏွစ္ ၂၀ ရွိေနၿပီျဖစ္ပါတယ္။

စစ္တပ္အာဏာသိမ္းခဲ့တဲ့ ေနာက္ပိုင္း အေမရိကန္နဲ႔ အေနာက္ႏိုင္ငံေတြက ဒဏ္ခတ္အေရးယူမႈေတြ ခ်မွတ္ခဲ့တာပါ။ ဇူလိုင္လတုန္းက ကိုဂ်င္မီ၊ ကိုေဇယ်ာေသာ္ အပါအဝင္ ႏိုင္ငံေရးအက်ဥ္းသား ၄ ဦးကို ႀကိဳးေပးကြပ္မ်က္ခဲ့တာနဲ႔ ပတ္သက္ၿပီး ေနာက္ထပ္အေရးယူ ဒဏ္ခတ္မႈေတြ ခ်မွတ္မယ္လို႔ အေမရိကန္အစိုးရက ေျပာပါတယ္။ ဒါေပမယ့္ စစ္ေကာင္စီအတြက္ အဓိကဝင္ေငြေပးေနတဲ့ ေရနံနဲ႔ သဘာဝဓါတ္ေငြ႕လုပ္ငန္း အတြက္ တိုးၿပီး အေရးယူမယ့္ ကိစၥမွာေတာ့ ျမန္မာဆီက ဓါတ္ေငြ႕ရယူေနတဲ့ ထိုင္းရဲ႕ ကန႔္ကြက္မႈေၾကာင့္ ဆက္မလုပ္ပဲ ရပ္ထားခဲ့တာပါ။

=== Unicode ====

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တာအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး မြန်မာစစ်ခေါင်းဆောင်ကို နောက်ထပ်ဖိအားတွေပေးကြဖို့ နိုင်ငံတကာအသိုင်းဝိုင်းကို တိုက်တွန်းလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်နဲ့ ထောင်ဒဏ်၃ နှစ် ထပ်ချခဲ့တာအတွက် မြန်မာစစ်ကောင်စီကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း သောကြာနေ့ည တွစ်တာကနေ ဝန်ကြီး Blinken က ပြောကြားလိုက်တာ ဖြစ်ပြီး မြန်မာနိုင်ငံက ဒီမိုကရေစီနည်းကျ အရွေးကောက်ခံထားရတဲ့ ခေါင်းဆောင်တွေကို ဖိနှိပ်တာနဲ့ အကြမ်းဖက်မှုတွေ တိုးလာတာတွေ အတွက် စစ်ကောင်စီက တာဝန်ခံတာဝန်ယူမှု ရှိလာအောင် အတူတကွ လက်တွဲဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း ပြောပါတယ်။

နေပြည်တော် အကျဉ်းထောင်တရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ မဲမသမာမှု ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) အရ အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ် မနေ့က ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုတွေနဲ့ ပတ်သက်တဲ့ တရားရုံးကြာနာမှုတွေ အတွက် သတင်းထောက်တွေ လာရောက်ခွင့်မရှိသလို ရှေ့နေတွေကိုလည်း အမှုနဲ့ ပတ်သက်ပြီး သတင်းမီဒီယာကို ပြောကြားခွင့် စစ်ကောင်စီက ပိတ်ထားတာပါ။

မနှစ်က ဖေဖေါ်ဝါရီမှာ အာဏာသိမ်းခဲ့တဲ့ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေ ချိုးဖေါက်မှု၊ သဘာဝကပ်ဘေးဥပဒေ ချိုးဖေါက်မှု၊ ရွေးကောက်ပွဲဥပဒေချိုးဖေါက်မှုအပြင် အဂတိလိုက်စားမှု အတော်များများနဲ့ တရားစွဲဆိုထားတာ ဖြစ်ပြီး အခုဆို ကျခံနေရတဲ့ ထောင်ပြစ်ဒဏ်က အနှစ် ၂၀ ရှိနေပြီဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့တဲ့ နောက်ပိုင်း အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ခဲ့တာပါ။ ဇူလိုင်လတုန်းက ကိုဂျင်မီ၊ ကိုဇေယျာသော် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၄ ဦးကို ကြိုးပေးကွပ်မျက်ခဲ့တာနဲ့ ပတ်သက်ပြီး နောက်ထပ်အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်မယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။ ဒါပေမယ့် စစ်ကောင်စီအတွက် အဓိကဝင်ငွေပေးနေတဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း အတွက် တိုးပြီး အရေးယူမယ့် ကိစ္စမှာတော့ မြန်မာဆီက ဓါတ်ငွေ့ရယူနေတဲ့ ထိုင်းရဲ့ ကန့်ကွက်မှုကြောင့် ဆက်မလုပ်ပဲ ရပ်ထားခဲ့တာပါ။

XS
SM
MD
LG