သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ သန္ဓိဋ္ဌာန်ကို အာဏာသိမ်းမှု ဖျက်ဆီးခဲ့ (ဝန်ကြီး ဘလင်ကန်)


U.S. Secretary of State Antony Blinken speaks with reporters during a media availability in Amman, Jordan May 26, 2021. Alex Brandon/Pool via REUTERS
U.S. Secretary of State Antony Blinken speaks with reporters during a media availability in Amman, Jordan May 26, 2021. Alex Brandon/Pool via REUTERS

လွန်ခဲ့တဲ့ ၂ နှစ်က မြန်မာနိုင်ငံတဝှမ်း မဲပေးခဲ့ကြတဲ့ ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ သန္ဓိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုခဲ့တဲ့ ရွေး‌ကောက်ပွဲဖြစ်ပြီး မဲဆန္ဒရှင်တွေရဲ့ ဆန္ဒကို အာဏာရှင်တွေဘက်က တားဆီးပိတ်ပင်ခဲ့တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က သတင်းထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ စစ်တပ်က အာဏာသိမ်းမှုဟာ မြန်မာနိုင်ငံမှာ ဆယ်စုနှစ် တစ်ခုစာ ဒီမိုကရေစီ တိုးတက်ပြောင်းလဲမှုကို နောက်ပြန်လှည့်စေခဲတဲ့အကြောင်း နိုဝင်ဘာလ ၇ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေကြားမှာ မြန်မာပြည်သူတွေအတွက်လည်း ပိုမိုဆိုးဝါးတဲ့ လူသားချင်းစာနာမှု အကြပ်အတည်းတွေ ကြုံနေရတဲ့အကြောင်းနဲ့ ဒီလို ဘေးဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် အကူအညီပေးတာတွေကို ကန့်သတ်ဖို့ ကြိုးစားခံနေရတဲ့အကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
အာဏာရှင်အဖွဲအစည်းတွေ ဟန်ပြစီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်တဲ့အကြောင်းနဲ့ အကြမ်းဖက်မှုတွေ ပိုပြီး ဖြစ်ပွားစေဖို့ တွန်းအားပေးနေသလို၊ အကြပ်အတည်းကို ပိုမိုကြာရှည်စေပြီး တိုင်းပြည်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ တည်ငြိမ်အေးချမ်းသာယာရေးကို နှောင့်နှေးကြန့်ကြာစေမယ့်အကြောင်းလည်း ဝန်ကြီး ဘလင်ကန်ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖေါ်ဆောင်ရန်၊ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို လေးစားရန်၊ အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီ နည်းကျ အုပ်ချုပ်ရေးပေါ်ပေါက်လာဖို့ ကြိုးစားနေသူ အားလုံးနဲ့ ရပ်တည်သွားမယ့်အကြောင်းလည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}



XS
SM
MD
LG