သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီလုပ္ေပးမယ့္ ေ႐ြးေကာက္ပြဲႏွင့္ ဖက္ဒရယ္အိပ္မက္


၂၀၂၃ ၾသဂုတ္လမွာ စစ္ေကာင္စီက က်င္းပေပးလာဖြယ္ရွိတဲ့ အေထြေထြေ႐ြးေကာက္ပြဲရဲ႕ တကယ့္ရည္႐ြယ္ခ်က္က ဘာလဲ။ စစ္ေကာင္စီ ဆက္လက္အာဏာႀကီးစိုးေရးသာ ျဖစ္တယ္လို႔ တခ်ိဳ႕က ယူဆေနၾကသလို၊ စစ္ေကာင္စီရဲ႕ ၿငိမ္းခ်မ္းေရးကမ္းလွမ္းခ်က္ကို အေလးထား လက္ခံေေဆြးေႏြးသူတခ်ိဳ႕လည္း ရွိေနပါတယ္။ ယုံၾကည္စိတ္ခ်ရတဲ့ ေ႐ြးေကာက္ပြဲ တကယ္ျဖစ္လာႏိုင္သလား။ တိုင္းရင္းသားေတြရဲ႕ ဖက္ဒရယ္အိပ္မက္ အေကာင္အထည္ေဖၚဖို႔ လမ္းစေတြ႕ႏိုင္မလားဆိုတာကို ျမန္မာ့အေရးသုံးသပ္သူ ဦးရဲထြန္းနဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ ဒီကေန႔ က်ေနာ္ ေဆြးေႏြးခ်င္တာကေတာ့ ျမန္မာႏိုင္ငံမွာ စစ္ေကာင္စီက က်င္းပေပးမယ္ဆိုတဲ့ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္ပါတယ္။ ေ႐ြးေကာက္ပြဲ အလားအလာပါ။ တကယ္ေတာ့ စစ္ေကာင္စီအဖို႔ (၂) ႏွစ္ ရွိခဲ့ၿပီေပါ့။ သူတို႔ကိုးကားတဲ့ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒအရဆိုရင္ ၂၀၂၃ ၾသဂုတ္လထက္လြန္ၿပီးေတာ့လဲ အခ်ိန္ဆြဲေနလို႔ မရေတာ့ဘူးထင္တယ္။ တခ်ိဳ႕ကလဲ သုံးသပ္ၾကတယ္ ဒီေ႐ြးေကာက္ပြဲဟာ သူတို႔အတြက္ အလြန္အေရးႀကီးတယ္။ သူတို႔စစ္ေကာင္စီရဲ႕ စစ္တပ္ရဲ႕ အာဏာႀကီးစိုးေရး legitimate ျဖစ္ေအာင္၊ ဥပေဒနဲ႔ ညီၫႊတ္ေအာင္ မျဖစ္မေန လုပ္ရမယ့္ကိစၥလို႔ သုံးသပ္ၾကပါတယ္။ ဦးရဲထြန္း နည္းနည္းစၿပီး အဲဒီကိစၥကို သုံးသပ္ျပပါ။

ေျဖ ။ ။ က်ေနာ္တို႔လည္း အဲဒီလိုပဲ ျမင္ပါတယ္။ ဘာေၾကာင့္တုန္းဆိုေတာ့ သူတို႔က အာဏာယူလိုက္တာနဲ႔ ပတ္သက္ၿပီးရင္ ၂၀၀၈ အေျခခံဥပေဒအရပဲ ယူတာျဖစ္ပါတယ္ဆိုတာကို သူတို႔ ေျပာလဲေျပာတယ္၊ အတတ္ႏိုင္ဆုံး က်င့္သုံးတယ္ဆိုေတာ့ တာဝန္ယူထားတဲ့အခ်ိန္ကာလ၊ အေျခခံဥေပဒမွာ ေပးထားတာက ပထမတႏွစ္၊ ေနာက္ေျခာက္လ-ေျခာက္လ သက္တမ္းတိုးႏိုင္တယ္ဆိုၿပီးေတာ့ (၂) ႏွစ္ပဲ အလြန္ဆုံးေပးထားေလေတာ့ အဲဒီ (၂) ႏွစ္ ကုန္ဆုံးတဲ့အခါမွာ လႊတ္ေတာ္မရွိဘူးဆိုရင္ ေ႐ြးေကာက္ပြဲေတြ က်င္းပေပးရမယ္ဆိုတဲ့ဟာ၊ အဲဒါကို အေျခခံဥပေဒမွာ ျပဌာန္းထားတာ ျဖစ္တယ္။ ဒါေၾကာင့္မို႔ သူတို႔အေနနဲ႔ တတ္ႏိုင္သမွ် ဒီေ႐ြးေကာက္ပြဲကို ျဖစ္ေအာင္လုပ္မွာေပါ့။

ေမး ။ ။ ၾသဂုတ္လမွာ လုပ္မယ္ဆိုေတာ့ အခ်ိန္သိပ္မက်န္ေတာ့ဘူး။ သူတို႔လုပ္ႏိုင္မယ့္ အေျခအေနေကာ ျမင္ပါသလား။ တိုင္းျပည္အေျခအေနကိ အၾကမ္းမ်ဥ္းၾကည့္မယ္ဆိုရင္။

ေျဖ ။ ။ လုပ္ႏိုင္မယ့္အေျခအေနကို ႏွစ္ပိုင္းခြဲေျပာရမွာေပါ့။ တပိုင္းကေတာ့ ေ႐ြးေကာက္ပြဲေကာ္မရွင္က မဲ႐ုံေတြအတြက္ လိုအပ္တဲ့ပစၥည္းေတြ၊ ေနာက္ စာရင္းဇယားေတြ ျပဳစုတာ စသည္ျဖင့္။ ေနာက္တခါ ေ႐ြေကာက္ပြဲစနစ္ကိုလည္း PR စနစ္ကို ေျပာင္းမယ္ဆိုေတာ့ အဲဒါေတြကို ေ႐ြးေကာက္ပြဲေကာ္မရွင္က လုပ္ေနတဲ့သတင္းေတြ ၾကားေနရပါတယ္။ နယ္ေျမအေျခအေန၊ ႏိုင္ငံေရးပါတီေတြဘက္ကေနၿပီေတာ့ စည္း႐ုံးေရးဆင္းႏိုင္မယ့္အေျခအေန၊ ေ႐ြးေကာက္ပြဲမွာ မဲထည့္ဖို႔အတြက္ ႏိုင္ငံေရးပါတီေတြရဲ႕ လႈပ္ရွားႏိုင္မႈ အေျခအေနေတြကေတာ့ အခုလက္ရွိအထိ အေျခအေနေပးတယ္လို႔၊ ေကာင္းတယ္လို႔ မျမင္ရေသးဘူး။

ေမး ။ ။ ေနာက္တခုက ၿငိမ္းခ်မ္းေရးအေျခအေန၊ ဒီေန႔ပဲ က်ေနာ္တို႔ သတင္းၾကားရပါတယ္။ ဖားကန႔္မွာသြားၿပီးေတာ့ ေလေၾကာင္းကို တိုက္ခိုက္တဲ့အတြက္ လူေတာ္ေတာ္မ်ားမ်ားေသတယ္၊ အရပ္သားေတြ၊ အႏုပညာရွင္ေတြ ေတာ္ေတာ္မ်ားမ်ားေသတယ္ဆိုေတာ့ ဒီကိစၥက ၿငိမ္းခ်မ္းေရးအတြက္ အလားအလာ သိပ္အလွမ္းေဝးသြားမယ္ ထင္ပါတယ္။ တကယ္လဲ သူတို႔က ယုံၾကည္မႈ တည္ေဆာက္ရမွာ။ တကယ္ေတာ့ ဒီအခ်ိန္မွာ ရခိုင္မွာလဲ AA နဲ႔ ျဖစ္ေနတယ္။ ေတာင္ပိုင္းမွာလဲ KNU အပါအဝင္ အဖြဲ႕အစည္းေတြနဲ႔ တိုက္ပြဲေတြ ျဖစ္ေနတယ္ဆိုေတာ့ အဲဒီလို ၿငိမ္းခ်မ္းေရးအေျခအေန၊ တိုင္းရင္းသားအင္အားစုေတြရဲ႕ ပူးေပါင္းပါဝင္ႏိုင္မယ့္ အေျခအေနေတြ ရွိပါရဲ႕လား။ စစ္ေကာင္စီအႀကီးအကဲကေတာ့ ဖြဲ႕စည္းပုံကို ျပင္ဆင္ၿပီးေတာ့ တိုင္းရင္းသားေတြအႀကိဳက္ လုပ္ေပးမယ္ဆိုတာ ေျပာေနတာပဲ။

ေျဖ ။ ။ အခုေနာက္ဆုံး ေလေၾကာင္းကေန ဗုံးက်ဲတိုက္ခိုက္လိုက္တဲ့ ေနရာနဲ႔ အဖြဲ႕အစည္းကေတာ့ စစ္ေကာင္စီက အာဏာယူလိုက္ၿပီကတည္းက စစ္ေကာင္စီကို တက္တက္ႂကြႂကြ ဆန႔္က်င္တိုက္ခိုက္ေနတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ထဲမွာ ပါတာေပါ့။ KIA, KNU, ကယားျပည္နယ္က၊ ခ်င္းျပည္နယ္က - ဒီေနရာကေတာ့ ေတာက္ေလွ်ာက္က စစ္ေကာင္စီနဲ႔ စစ္ျဖစ္ေနတဲ့ ေနရာေတြ။ အခု ဒီလိုလုပ္လိုက္တဲ့အတြက္ေၾကာင့္ အဲဒီေျမာက္ပိုင္းေဒသ အေျခအေနေတြကေတာ့ ပိုၿပီးေတာ့ စစ္ေရးအရ တင္းမာလာႏိုင္တယ္။ ျပည္သူလူထုလည္း ပိုၿပီးေတာ့ ဒုကၡပိုေရာက္၊ ေျမဇာပင္ ျဖစ္ရမယ့္အေနအထား ျဖစ္လာႏိုင္တာကို ေတြ႕ရပါတယ္။ ေ႐ြးေကာက္ပြဲအတြက္ဆိုရင္လဲ စည္း႐ုံးေရးဆင္းဖို႔တို႔၊ လြတ္လပ္စြာ မဲေပးပိုင္ခြင့္ရွိဖို႔တို႔လည္း ပိုၿပီးေတာ့ေဝးသြားတယ္လို႔ ျမင္ပါတယ္။

ေမး ။ ။ အဲဒီထက္ ပိုအေရးႀကီးတာက တိုင္းရင္းသားေတြရဲ႕ ယုံၾကည္မႈ။ စစ္ေကာင္စီက လုပ္ေပးမယ္ဆိုတဲ့ ကတိစကားေပၚမွာ ဖြဲ႕စည္းပုံကို ျပင္ၿပီးေတာ့၊ တိုင္းရင္းသားေတြရဲ႕ အခြင့္အေရး၊ ဘာညာေပးပါမယ့္ဆိုတာနဲ႔ လက္ေတြ႕ျဖစ္ေနတာေတြနဲ႔ သိပ္အလွမ္းကြာမေနဘူးလား။ တိုင္းရင္းသားေတြက စစ္ေကာင္စီေပၚ ယုံၾကည္မႈရဖို႔ ပိုၿပီးေတာ့ အလွမ္းမေဝးႏိုင္ဘူးလား။ အဲဒီတခုလဲ က်ေနာ္ စဥ္းစားမိလို႔ပါ။

ေျဖ ။ ။ ႏွစ္ဘက္စလုံးမွာေတာ့ ေျပာစရာေတြေတာ့ ရွိတာေပါ့။ တပ္ဘက္ကေတာ့ သူတို႔အာဏာထိန္းလိုက္ၿပီးေနာက္ပိုင္းမွာ ေတာက္ေလွ်ာက္ၿငိမ္းခ်မ္းေရး ေခၚထားတာ။ ၿငိမ္းခ်မ္းေရးမလာဘဲနဲ႔ တပ္ကို စၿပီးေတာ့ တိုက္ခိုက္တဲ့အထဲမွာေတာ့ KIA, AA, KNU တို႔ ပါတာေပါ့။ ဆိုတဲ့အခါၾကေတာ့ ဒါကေတာ့ ၿငိမ္းခ်မ္းေရးအျမင္ကေန ၾကည့္မယ္ဆိုရင္ေတာ့ အခုတိုက္ခိုက္လိုက္တဲ့ဟာက သူတို႔က စတင္တိုက္ခိုက္တာေတာ့ မဟုတ္ဘူး။ ၿငိမ္းခ်မ္းေရးေခၚတဲ့အခ်ိန္မွာ မလာၾကတာ။ ေျပာခ်င္တာက ၿငိမ္းခ်မ္းေရးေခၚေနတာကို မယုံၾကည္ဘူးဆိုတဲ့ အေျခအေနက အဲဒီအဖြဲ႕အစည္းေတြအေနနဲ႔က အရင္ကတည္းက ရွိၿပီသားလို႔ ေျပာရမွာေပါ့။ ပိုၿပီးေတာ့ သန္ေခါင္းထက္ေတာ့ ညဥ့္မနက္ေတာ့ဘူး။ ဒီအဖြဲ႕ေတြရဲ႕အျမင္နဲ႔ ေျပာရမယ္ဆိုရင္။ အျခားတိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းေတြကေတာ့ သိပ္မထူးဘူးလို႔ ထင္ပါတယ္။ သူတို႔ ေဆြးေႏြးပြဲေတြ လာတက္ၾကတယ္။ တခ်ိဳ႕သေဘာတူညီခ်က္ေတြ ရၾကတယ္။ ေမွ်ာ္လင့္ခ်က္ေတြလည္းေပးတယ္။ ဖြဲ႕စည္းပုံအေျခခံဥပေဒမွာလဲ ဘယ္လိုညာလို ျပင္မယ္ဆိုတာလဲ နစကဥကၠ႒က ေျပာထားတာလဲရွိေတာ့၊ အဲဒီဟာကေတာ့ သူတို႔ ေမွ်ာ္လင့္ခ်က္တစုံတရာ ထားေကာင္းထားႏိုင္တာေပါ့။

ေမး ။ ။ ျမန္မာႏိုင္ငံမွာ တိုင္းရင္းသားေတြနဲ႔ ယုံၾကည္မႈကို မတည္ေဆာက္ႏိုင္ခဲ့လို႔သာ၊ လြတ္လပ္ေရးရၿပီကတည္းက ျဖစ္လာခဲ့တဲ့ ျပည္တြင္းစစ္ဟာ အခုထိဆက္ၿပီး ျဖစ္ေနတာ။ ဒီလိုႏွစ္ေပါင္းမ်ားစြာ ျဖစ္လာခဲ့တဲ့၊ ၿငိမ္းခ်မ္းေရးမတည္ေဆာက္ႏိုင္တဲ့ကိစၥဟာ စစ္ေကာင္စီက အာဏာသိမ္းထားတယ္။ ေနာက္ၿပီးေတာ့ တိုင္းျပည္အေျခအေနကလဲ သိပ္ဆူပူေနတယ္။ တဘက္နဲ႔တဘက္ အျပန္အလွန္ ပစ္ခတ္သတ္ျဖတ္တာေတြလည္း မ်ားေနတယ္ဆိုေတာ့၊ ဒီအခ်ိန္မွာ ဖြဲ႕စည္းပုံကို ျပင္ေပးပါမယ္ဆိုတဲ့ စကားသည္၊ ႏွစ္ေပါင္းမ်ားစြာ ရွိလာခဲ့တဲ့ မယုံၾကည္မႈကို ပ်က္ျပယ္ၿပီးေတာ့၊ ယုံၾကည္မႈ ျဖစ္လာႏိုင္မလား။ က်ေနာ္က အဲဒါကို အဓိက သံသယ ရွိေနတာ။

ေျဖ ။ ။ အခု သူေျပာလိုက္တဲ့အခ်က္ - အမ်ိဳးသားလႊတ္ေတာ္မွာ သေဘာထားကြဲလြဲမႈ ရွိတဲ့အခါမွာ၊ ျပည္ေထာင္စုလႊတ္ေတာ္မွာ သြားၿပီးေတာ့၊ မဲေပးဆုံးျဖတ္ၾကရတဲ့အခါမွာ လူမ်ားတဲ့ ျပည္သူ႔လႊတ္ေတာ္ရဲ႕ အဆိုျပဳခ်က္ေတြ၊ ျပည္သူ႔လႊတ္ေတာ္ရဲ႕ ျပင္ဆင္ခ်က္ေတြကပဲ အႏိုင္ရမွာေပါ့ဆိုတဲ့အတြက္ေၾကာင့္ ဒီဥပေဒျပဳခြင့္ အာဏာေတြကိုလည္း ျပင္ဆင္ေပးဖို႔လိုတယ္ စသည္ျဖင့္ ဒီလိုေျပာတဲ့ဥစၥာက ေယဘူယ်အားျဖင့္ေတာ့ ဒါက ဖက္ဒရယ္စနစ္ကို လိုလားတယ္။ ဖက္ဒရယ္စနစ္မွာ လႊတ္ေတာ္ႏွစ္ရပ္ထားရွိတဲ့ သေဘာတရားကို နားလည္လို႔၊ ဒါကိုျပင္သင့္တယ္ဆိုတဲ့သေဘာ။ အဲဒီလိုသေဘာေတာ့ ေဆာင္ပါတယ္။ ကာကြယ္ေရးဦးစီးခ်ဳပ္အေနနဲ႔က ဖက္ဒရယ္စနစ္ကို နားလည္တယ္ဆိုတဲ့သေဘာ၊ ေျပာသြားတဲ့သေဘာဆိုရင္ေတာ့ မဆိုးဘူးေပါ့။ လႊတ္ေတာ္က တကယ္တမ္းၾကေတာ့ ရည္႐ြယ္ခ်က္က တိုင္းရင္းသား စည္းလုံးညီၫႊတ္ေရးအတြက္ဆိုရင္ေတာ့ ဒီထက္မက ပိုၿပီးေတာ့ စဥ္းစားဖို႔၊ ျပင္ဆင္ဖို႔ လိုပါေသးတယ္။

ေမး ။ ။ အခုဆိုရင္ ဒါဟာ ျပည္ေထာင္စုကို တကယ္ ဖက္ဒရယ္ရွင္း တည္ေထာင္ဖို႔၊ အမွန္တကယ္ ႏိုင္ငံေရးဆႏၵ ရွိေကာင္းရွိမယ္။ အဲဒီဆႏၵအတြက္ သူတို႔ အာဏာဆက္လက္တည္ၿမဲေရး ျဖစ္မယ္။ အေျခအေနကေတာ့ တကယ္မေပးေသးဘူးဆိုရင္ေကာ မွန္ပါသလား။ သံသယ ျဖစ္စရာ ရွိေနတယ္ေပါ့။

ေျဖ ။ ။ အေျခအေနက ေျပာရေတာ့ခက္တယ္။ တခုကေတာ့ ဖက္ဒရယ္စနစ္ကို ျပည့္ျပည့္ဝဝ နားလည္သေဘာေပါက္တဲ့ အေနအထား မရွိေသးဘူး။ အခုလက္ရွိ ၂၀၀၈ ကိုလည္း သူက ဖက္ဒရယ္ပုံစံ ေရးဆြဲထားတယ္။ ျပည္နယ္ေတြကိုလည္း သူ႔ရဲ႕ ဥပေဒျပဳတဲ့ လႊတ္ေတာ္ေတြ၊ အစိုးရေတြနဲ႔ ေပးထားတယ္ဆိုတဲ့ ပုံစံကေန ဥပေဒျပဳခြင့္အာဏာေတြ တိုးေပးတာတို႔၊ ေနာက္တခါ သူ႔ေဒသကိုသူ အုပ္ခ်ဳပ္မယ့္အစိုးရနဲ႔ ဝန္ႀကီးခ်ဳပ္ကို အဲဒီျပည္နယ္လႊတ္ေတာ္ကို ေပးအပ္တာတို႔ စတဲ့ဟာေတြကို ျပင္လိုက္႐ုံနဲ႔ ဖက္ဒရယ္စနစ္ ရသြားလိမ့္မယ္လို႔ - နည္းနည္းပါးပါး ျပင္႐ုံေလာက္နဲ႔ အဲဒီလို ထင္ေနတယ္ဆိုရင္ေတာ့ လိုခ်င္တဲ့ ၿငိမ္းခ်မ္းေရးကေတာ့ မရႏိုင္ေသးဘူး။

ေမး ။ ။ ေနာက္ၿပီေတာ့ သူတို႔ဘက္က ၿငိမ္းခ်မ္းေရးေဖာ္တာကို လက္မခံဘူး - ဟိုဘက္ကလဲတိုက္၊ ဒီဘက္ကလဲတိုက္ ျဖစ္ေနတဲ့ အေျခအေနဆိုေတာ့၊ သူတို႔ အာဏာသိမ္းၿပီးကတည္းက ေခၚလာခဲ့တဲ့ ၿငိမ္းခ်မ္းေရးကို ဘယ္ေလာက္ ယုံၾကည္လက္ခံႏိုင္စရာ ရွိသလဲ။ တကယ္တမ္း ျပည္ေထာင္စုကို ဖက္ဒရယ္စစ္စစ္ လုပ္မယ္ဆိုလို႔ရွိရင္၊ Credibility ရွိတဲ့အစိုးရ၊ ဟိုတုန္းက ျပည္ေထာင္စု ဒီမိုကေရစီအစိုးရတို႔ ဘာတို႔ေတာင္မွ ဒီလိုလုပ္ဖို႔ အဆင္မေျပခဲ့ဘူး၊ အခုက သူတို႔ေခၚတာကို အစကတည္းက လက္မခံခဲ့ဘူးဆိုတာနဲ႔ ပတ္သက္လို႔ လက္ခံေလာက္တဲ့ အေျခအေန ရွိခဲ့လို႔လား။

ေျဖ ။ ။ ဒီဟာကိုေတာ့ က်ေနာ္တို႔ အပိုင္းလိုက္ခြဲေျပာရင္ေတာ့ ေကာင္းလိမ့္မယ္ထင္တယ္။ ဦးသိန္းစိန္အစိုးရ ၂၀၁၀ ကစၿပီေတာ့ ၿငိမ္းခ်မ္းေရး ေခၚလိုက္ၿပီးေနာက္ပိုင္းမွာ တိုင္းရင္းသားေတြ လိုလားတဲ့ အခြင့္အေရးေတြ၊ ဘာေတြလဲဆိုေတာ့ ေသခ်ာနားလည္ဖို႔နဲ႔ ဘာေတြေပးႏိုင္၊ မေပးႏိုင္ဆိုတဲ့ဥစၥာကို သူတို႔စေျပာခ်ိန္ကတည္းက သူတို႔ကိုယ္ႏႈိက္က ေကာင္းေကာင္းနားမလည္ဘူးဆိုတာ ေပၚတယ္။ ဒါေပမဲ့ တကယ္တမ္း ေဆြးေႏြးလာတဲ့အခါမွာေတာ့ တိုင္းရင္းသားေတြ လိုလားတဲ့ဟာက ႏိုင္ငံေရးစနစ္ေျပာင္းဖို႔၊ အေျခခံဥပေဒကို ေျပာင္းဖို႔၊ ဖက္ဒရယ္စနစ္ကိုသြားဖို႔ဆိုတာကို နားလည္လာတဲ့အခါ - တခါ ဖက္ဒရယ္စနစ္ဆိုတာ ခြဲထြက္ေရးႀကီးပါလို႔ တေလွ်ာက္လုံး နားလည္ထားတဲ့ဟာႀကီး concept အျမင္ကို အတူတူေလ့လာဆည္းပူးၾကရင္နဲ႔ သိလာတာက ဖက္ဒရယ္စနစ္ဆိုတာ ခြဲထြက္ေရး မဟုတ္ဘူးဆိုတာကို သိလာရေတာ့၊ တပ္ထဲမွာကိုယ္ႏႈိက္က တိုင္းရင္းသားေတြ လိုလားတဲ့ ဖက္ဒရယ္စနစ္ကို ေပးမယ္ဆိုတဲ့ အျမင္မ်ိဳး ရွိလာတယ္။ အထူးသျဖင့္ေတာ့ တိုင္းရင္းသားေတြက ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြမွာ ဦးေအာင္မင္းတို႔နဲ႔ ေဆြးေႏြးရင္နဲ႔ တပ္ထဲက ေခါင္းေဆာင္ေတြေပၚ ယုံၾကည္မႈ ရွိလာတယ္လို႔ က်ေနာ္တို႔ ခံစားရတယ္။ သို႔ေသာ္ တကယ့္လက္ေတြ႕ ေဆြးေႏြးတဲ့အခါမွာ တခ်ိဳ႕ကိစၥေလးေတြမွာ အဲဒီလို အခက္အခဲေလးေတြ ေတြ႕လာရတယ္။

အထူးသျဖင့္ေတာ့ ဒုတိယအစိုးရ NLD လက္ထက္မွာေတာ့ တပ္ရဲ႕သေဘာထားက ပိုၿပီးေတာ့ တင္းမာသြားသေယာင္ ေတြ႕ရတယ္။ အဲဒီမွာ က်ေနာ္တို႔ သုံးသပ္တာကေတာ့ တခ်ိဳ႕ေသာ ေခါင္းေဆာင္ေတြကေတာ့ တပ္ေပၚ ယုံၾကည္မႈရွိတယ္။ ဖက္ဒရယ္စနစ္ဘက္ကို သြားခ်င္တယ္။ သူတို႔ နားလည္လာသေလွ်ာက္ ျပင္ေပးလိမ့္မယ္ဆိုတာကို ယုံၾကည္မႈရွိတယ္။ ဥပမာ အဘိုးမူးတူးေဆးတို႔လို ေခါင္းေဆာင္မ်ိဳးေတြ။ တခ်ိဳ႕ကေတာ့ အဲဒီလို နားလည္မႈမ်ိဳး မရွိဘူး။ အခုန ဦးေက်ာ္ဇံသာ ေျပာသလိုမ်ိဳးပဲ အခု NUG နဲ႔ PDF ေတြရဲ႕ တိုက္ခိုက္မႈေၾကာင့္ ႏွစ္ဘက္အျပန္အလွန္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းေတြကို စည္း႐ုံးဖို႔အတြက္ ဒီလက္နက္ကို ထုတ္သုံးလာတယ္လို႔ ျမင္ၾကတဲ့ တုိင္းရင္းသားေခါင္းေဆာင္ေတြလည္း ရိွပါတယ္။

==== Unicode ====

၂၀၂၃ သြဂုတ်လမှာ စစ်ကောင်စီက ကျင်းပပေးလာဖွယ်ရှိတဲ့ အထွေထွေရွေးကောက်ပွဲရဲ့ တကယ့်ရည်ရွယ်ချက်က ဘာလဲ။ စစ်ကောင်စီ ဆက်လက်အာဏာကြီးစိုးရေးသာ ဖြစ်တယ်လို့ တချို့က ယူဆနေကြသလို၊ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို အလေးထား လက်ခံေဆွေးနွေးသူတချို့လည်း ရှိနေပါတယ်။ ယုံကြည်စိတ်ချရတဲ့ ရွေးကောက်ပွဲ တကယ်ဖြစ်လာနိုင်သလား။ တိုင်းရင်းသားတွေရဲ့ ဖက်ဒရယ်အိပ်မက် အကောင်အထည်ဖေါ်ဖို့ လမ်းစတွေ့နိုင်မလားဆိုတာကို မြန်မာ့အရေးသုံးသပ်သူ ဦးရဲထွန်းနဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ဒီကနေ့ ကျနော် ဆွေးနွေးချင်တာကတော့ မြန်မာနိုင်ငံမှာ စစ်ကောင်စီက ကျင်းပပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပါတယ်။ ရွေးကောက်ပွဲ အလားအလာပါ။ တကယ်တော့ စစ်ကောင်စီအဖို့ (၂) နှစ် ရှိခဲ့ပြီပေါ့။ သူတို့ကိုးကားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် ၂၀၂၃ သြဂုတ်လထက်လွန်ပြီးတော့လဲ အချိန်ဆွဲနေလို့ မရတော့ဘူးထင်တယ်။ တချို့ကလဲ သုံးသပ်ကြတယ် ဒီရွေးကောက်ပွဲဟာ သူတို့အတွက် အလွန်အရေးကြီးတယ်။ သူတို့စစ်ကောင်စီရဲ့ စစ်တပ်ရဲ့ အာဏာကြီးစိုးရေး legitimate ဖြစ်အောင်၊ ဥပဒေနဲ့ ညီညွှတ်အောင် မဖြစ်မနေ လုပ်ရမယ့်ကိစ္စလို့ သုံးသပ်ကြပါတယ်။ ဦးရဲထွန်း နည်းနည်းစပြီး အဲဒီကိစ္စကို သုံးသပ်ပြပါ။

ဖြေ ။ ။ ကျနော်တို့လည်း အဲဒီလိုပဲ မြင်ပါတယ်။ ဘာကြောင့်တုန်းဆိုတော့ သူတို့က အာဏာယူလိုက်တာနဲ့ ပတ်သက်ပြီးရင် ၂၀၀၈ အခြေခံဥပဒေအရပဲ ယူတာဖြစ်ပါတယ်ဆိုတာကို သူတို့ ပြောလဲပြောတယ်၊ အတတ်နိုင်ဆုံး ကျင့်သုံးတယ်ဆိုတော့ တာဝန်ယူထားတဲ့အချိန်ကာလ၊ အခြေခံဥပေဒမှာ ပေးထားတာက ပထမတနှစ်၊ နောက်ခြောက်လ-ခြောက်လ သက်တမ်းတိုးနိုင်တယ်ဆိုပြီးတော့ (၂) နှစ်ပဲ အလွန်ဆုံးပေးထားလေတော့ အဲဒီ (၂) နှစ် ကုန်ဆုံးတဲ့အခါမှာ လွှတ်တော်မရှိဘူးဆိုရင် ရွေးကောက်ပွဲတွေ ကျင်းပပေးရမယ်ဆိုတဲ့ဟာ၊ အဲဒါကို အခြေခံဥပဒေမှာ ပြဌာန်းထားတာ ဖြစ်တယ်။ ဒါကြောင့်မို့ သူတို့အနေနဲ့ တတ်နိုင်သမျှ ဒီရွေးကောက်ပွဲကို ဖြစ်အောင်လုပ်မှာပေါ့။

မေး ။ ။ သြဂုတ်လမှာ လုပ်မယ်ဆိုတော့ အချိန်သိပ်မကျန်တော့ဘူး။ သူတို့လုပ်နိုင်မယ့် အခြေအနေကော မြင်ပါသလား။ တိုင်းပြည်အခြေအနေကိ အကြမ်းမျဉ်းကြည့်မယ်ဆိုရင်။

ဖြေ ။ ။ လုပ်နိုင်မယ့်အခြေအနေကို နှစ်ပိုင်းခွဲပြောရမှာပေါ့။ တပိုင်းကတော့ ရွေးကောက်ပွဲကော်မရှင်က မဲရုံတွေအတွက် လိုအပ်တဲ့ပစ္စည်းတွေ၊ နောက် စာရင်းဇယားတွေ ပြုစုတာ စသည်ဖြင့်။ နောက်တခါ ရွေကောက်ပွဲစနစ်ကိုလည်း PR စနစ်ကို ပြောင်းမယ်ဆိုတော့ အဲဒါတွေကို ရွေးကောက်ပွဲကော်မရှင်က လုပ်နေတဲ့သတင်းတွေ ကြားနေရပါတယ်။ နယ်မြေအခြေအနေ၊ နိုင်ငံရေးပါတီတွေဘက်ကနေပြီတော့ စည်းရုံးရေးဆင်းနိုင်မယ့်အခြေအနေ၊ ရွေးကောက်ပွဲမှာ မဲထည့်ဖို့အတွက် နိုင်ငံရေးပါတီတွေရဲ့ လှုပ်ရှားနိုင်မှု အခြေအနေတွေကတော့ အခုလက်ရှိအထိ အခြေအနေပေးတယ်လို့၊ ကောင်းတယ်လို့ မမြင်ရသေးဘူး။

မေး ။ ။ နောက်တခုက ငြိမ်းချမ်းရေးအခြေအနေ၊ ဒီနေ့ပဲ ကျနော်တို့ သတင်းကြားရပါတယ်။ ဖားကန့်မှာသွားပြီးတော့ လေကြောင်းကို တိုက်ခိုက်တဲ့အတွက် လူတော်တော်များများသေတယ်၊ အရပ်သားတွေ၊ အနုပညာရှင်တွေ တော်တော်များများသေတယ်ဆိုတော့ ဒီကိစ္စက ငြိမ်းချမ်းရေးအတွက် အလားအလာ သိပ်အလှမ်းဝေးသွားမယ် ထင်ပါတယ်။ တကယ်လဲ သူတို့က ယုံကြည်မှု တည်ဆောက်ရမှာ။ တကယ်တော့ ဒီအချိန်မှာ ရခိုင်မှာလဲ AA နဲ့ ဖြစ်နေတယ်။ တောင်ပိုင်းမှာလဲ KNU အပါအဝင် အဖွဲ့အစည်းတွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတော့ အဲဒီလို ငြိမ်းချမ်းရေးအခြေအနေ၊ တိုင်းရင်းသားအင်အားစုတွေရဲ့ ပူးပေါင်းပါဝင်နိုင်မယ့် အခြေအနေတွေ ရှိပါရဲ့လား။ စစ်ကောင်စီအကြီးအကဲကတော့ ဖွဲ့စည်းပုံကို ပြင်ဆင်ပြီးတော့ တိုင်းရင်းသားတွေအကြိုက် လုပ်ပေးမယ်ဆိုတာ ပြောနေတာပဲ။

ဖြေ ။ ။ အခုနောက်ဆုံး လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်လိုက်တဲ့ နေရာနဲ့ အဖွဲ့အစည်းကတော့ စစ်ကောင်စီက အာဏာယူလိုက်ပြီကတည်းက စစ်ကောင်စီကို တက်တက်ကြွကြွ ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထဲမှာ ပါတာပေါ့။ KIA, KNU, ကယားပြည်နယ်က၊ ချင်းပြည်နယ်က - ဒီနေရာကတော့ တောက်လျှောက်က စစ်ကောင်စီနဲ့ စစ်ဖြစ်နေတဲ့ နေရာတွေ။ အခု ဒီလိုလုပ်လိုက်တဲ့အတွက်ကြောင့် အဲဒီမြောက်ပိုင်းဒေသ အခြေအနေတွေကတော့ ပိုပြီးတော့ စစ်ရေးအရ တင်းမာလာနိုင်တယ်။ ပြည်သူလူထုလည်း ပိုပြီးတော့ ဒုက္ခပိုရောက်၊ မြေဇာပင် ဖြစ်ရမယ့်အနေအထား ဖြစ်လာနိုင်တာကို တွေ့ရပါတယ်။ ရွေးကောက်ပွဲအတွက်ဆိုရင်လဲ စည်းရုံးရေးဆင်းဖို့တို့၊ လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရှိဖို့တို့လည်း ပိုပြီးတော့ဝေးသွားတယ်လို့ မြင်ပါတယ်။

မေး ။ ။ အဲဒီထက် ပိုအရေးကြီးတာက တိုင်းရင်းသားတွေရဲ့ ယုံကြည်မှု။ စစ်ကောင်စီက လုပ်ပေးမယ်ဆိုတဲ့ ကတိစကားပေါ်မှာ ဖွဲ့စည်းပုံကို ပြင်ပြီးတော့၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး၊ ဘာညာပေးပါမယ့်ဆိုတာနဲ့ လက်တွေ့ဖြစ်နေတာတွေနဲ့ သိပ်အလှမ်းကွာမနေဘူးလား။ တိုင်းရင်းသားတွေက စစ်ကောင်စီပေါ် ယုံကြည်မှုရဖို့ ပိုပြီးတော့ အလှမ်းမဝေးနိုင်ဘူးလား။ အဲဒီတခုလဲ ကျနော် စဉ်းစားမိလို့ပါ။

ဖြေ ။ ။ နှစ်ဘက်စလုံးမှာတော့ ပြောစရာတွေတော့ ရှိတာပေါ့။ တပ်ဘက်ကတော့ သူတို့အာဏာထိန်းလိုက်ပြီးနောက်ပိုင်းမှာ တောက်လျှောက်ငြိမ်းချမ်းရေး ခေါ်ထားတာ။ ငြိမ်းချမ်းရေးမလာဘဲနဲ့ တပ်ကို စပြီးတော့ တိုက်ခိုက်တဲ့အထဲမှာတော့ KIA, AA, KNU တို့ ပါတာပေါ့။ ဆိုတဲ့အခါကြတော့ ဒါကတော့ ငြိမ်းချမ်းရေးအမြင်ကနေ ကြည့်မယ်ဆိုရင်တော့ အခုတိုက်ခိုက်လိုက်တဲ့ဟာက သူတို့က စတင်တိုက်ခိုက်တာတော့ မဟုတ်ဘူး။ ငြိမ်းချမ်းရေးခေါ်တဲ့အချိန်မှာ မလာကြတာ။ ပြောချင်တာက ငြိမ်းချမ်းရေးခေါ်နေတာကို မယုံကြည်ဘူးဆိုတဲ့ အခြေအနေက အဲဒီအဖွဲ့အစည်းတွေအနေနဲ့က အရင်ကတည်းက ရှိပြီသားလို့ ပြောရမှာပေါ့။ ပိုပြီးတော့ သန်ခေါင်းထက်တော့ ညဉ့်မနက်တော့ဘူး။ ဒီအဖွဲ့တွေရဲ့အမြင်နဲ့ ပြောရမယ်ဆိုရင်။ အခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကတော့ သိပ်မထူးဘူးလို့ ထင်ပါတယ်။ သူတို့ ဆွေးနွေးပွဲတွေ လာတက်ကြတယ်။ တချို့သဘောတူညီချက်တွေ ရကြတယ်။ မျှော်လင့်ချက်တွေလည်းပေးတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလဲ ဘယ်လိုညာလို ပြင်မယ်ဆိုတာလဲ နစကဥက္ကဋ္ဌက ပြောထားတာလဲရှိတော့၊ အဲဒီဟာကတော့ သူတို့ မျှော်လင့်ချက်တစုံတရာ ထားကောင်းထားနိုင်တာပေါ့။

မေး ။ ။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေနဲ့ ယုံကြည်မှုကို မတည်ဆောက်နိုင်ခဲ့လို့သာ၊ လွတ်လပ်ရေးရပြီကတည်းက ဖြစ်လာခဲ့တဲ့ ပြည်တွင်းစစ်ဟာ အခုထိဆက်ပြီး ဖြစ်နေတာ။ ဒီလိုနှစ်ပေါင်းများစွာ ဖြစ်လာခဲ့တဲ့၊ ငြိမ်းချမ်းရေးမတည်ဆောက်နိုင်တဲ့ကိစ္စဟာ စစ်ကောင်စီက အာဏာသိမ်းထားတယ်။ နောက်ပြီးတော့ တိုင်းပြည်အခြေအနေကလဲ သိပ်ဆူပူနေတယ်။ တဘက်နဲ့တဘက် အပြန်အလှန် ပစ်ခတ်သတ်ဖြတ်တာတွေလည်း များနေတယ်ဆိုတော့၊ ဒီအချိန်မှာ ဖွဲ့စည်းပုံကို ပြင်ပေးပါမယ်ဆိုတဲ့ စကားသည်၊ နှစ်ပေါင်းများစွာ ရှိလာခဲ့တဲ့ မယုံကြည်မှုကို ပျက်ပြယ်ပြီးတော့၊ ယုံကြည်မှု ဖြစ်လာနိုင်မလား။ ကျနော်က အဲဒါကို အဓိက သံသယ ရှိနေတာ။

ဖြေ ။ ။ အခု သူပြောလိုက်တဲ့အချက် - အမျိုးသားလွှတ်တော်မှာ သဘောထားကွဲလွဲမှု ရှိတဲ့အခါမှာ၊ ပြည်ထောင်စုလွှတ်တော်မှာ သွားပြီးတော့၊ မဲပေးဆုံးဖြတ်ကြရတဲ့အခါမှာ လူများတဲ့ ပြည်သူ့လွှတ်တော်ရဲ့ အဆိုပြုချက်တွေ၊ ပြည်သူ့လွှတ်တော်ရဲ့ ပြင်ဆင်ချက်တွေကပဲ အနိုင်ရမှာပေါ့ဆိုတဲ့အတွက်ကြောင့် ဒီဥပဒေပြုခွင့် အာဏာတွေကိုလည်း ပြင်ဆင်ပေးဖို့လိုတယ် စသည်ဖြင့် ဒီလိုပြောတဲ့ဥစ္စာက ယေဘူယျအားဖြင့်တော့ ဒါက ဖက်ဒရယ်စနစ်ကို လိုလားတယ်။ ဖက်ဒရယ်စနစ်မှာ လွှတ်တော်နှစ်ရပ်ထားရှိတဲ့ သဘောတရားကို နားလည်လို့၊ ဒါကိုပြင်သင့်တယ်ဆိုတဲ့သဘော။ အဲဒီလိုသဘောတော့ ဆောင်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်အနေနဲ့က ဖက်ဒရယ်စနစ်ကို နားလည်တယ်ဆိုတဲ့သဘော၊ ပြောသွားတဲ့သဘောဆိုရင်တော့ မဆိုးဘူးပေါ့။ လွှတ်တော်က တကယ်တမ်းကြတော့ ရည်ရွယ်ချက်က တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးအတွက်ဆိုရင်တော့ ဒီထက်မက ပိုပြီးတော့ စဉ်းစားဖို့၊ ပြင်ဆင်ဖို့ လိုပါသေးတယ်။

မေး ။ ။ အခုဆိုရင် ဒါဟာ ပြည်ထောင်စုကို တကယ် ဖက်ဒရယ်ရှင်း တည်ထောင်ဖို့၊ အမှန်တကယ် နိုင်ငံရေးဆန္ဒ ရှိကောင်းရှိမယ်။ အဲဒီဆန္ဒအတွက် သူတို့ အာဏာဆက်လက်တည်မြဲရေး ဖြစ်မယ်။ အခြေအနေကတော့ တကယ်မပေးသေးဘူးဆိုရင်ကော မှန်ပါသလား။ သံသယ ဖြစ်စရာ ရှိနေတယ်ပေါ့။

ဖြေ ။ ။ အခြေအနေက ပြောရတော့ခက်တယ်။ တခုကတော့ ဖက်ဒရယ်စနစ်ကို ပြည့်ပြည့်ဝဝ နားလည်သဘောပေါက်တဲ့ အနေအထား မရှိသေးဘူး။ အခုလက်ရှိ ၂၀၀၈ ကိုလည်း သူက ဖက်ဒရယ်ပုံစံ ရေးဆွဲထားတယ်။ ပြည်နယ်တွေကိုလည်း သူ့ရဲ့ ဥပဒေပြုတဲ့ လွှတ်တော်တွေ၊ အစိုးရတွေနဲ့ ပေးထားတယ်ဆိုတဲ့ ပုံစံကနေ ဥပဒေပြုခွင့်အာဏာတွေ တိုးပေးတာတို့၊ နောက်တခါ သူ့ဒေသကိုသူ အုပ်ချုပ်မယ့်အစိုးရနဲ့ ဝန်ကြီးချုပ်ကို အဲဒီပြည်နယ်လွှတ်တော်ကို ပေးအပ်တာတို့ စတဲ့ဟာတွေကို ပြင်လိုက်ရုံနဲ့ ဖက်ဒရယ်စနစ် ရသွားလိမ့်မယ်လို့ - နည်းနည်းပါးပါး ပြင်ရုံလောက်နဲ့ အဲဒီလို ထင်နေတယ်ဆိုရင်တော့ လိုချင်တဲ့ ငြိမ်းချမ်းရေးကတော့ မရနိုင်သေးဘူး။

မေး ။ ။ နောက်ပြီတော့ သူတို့ဘက်က ငြိမ်းချမ်းရေးဖော်တာကို လက်မခံဘူး - ဟိုဘက်ကလဲတိုက်၊ ဒီဘက်ကလဲတိုက် ဖြစ်နေတဲ့ အခြေအနေဆိုတော့၊ သူတို့ အာဏာသိမ်းပြီးကတည်းက ခေါ်လာခဲ့တဲ့ ငြိမ်းချမ်းရေးကို ဘယ်လောက် ယုံကြည်လက်ခံနိုင်စရာ ရှိသလဲ။ တကယ်တမ်း ပြည်ထောင်စုကို ဖက်ဒရယ်စစ်စစ် လုပ်မယ်ဆိုလို့ရှိရင်၊ Credibility ရှိတဲ့အစိုးရ၊ ဟိုတုန်းက ပြည်ထောင်စု ဒီမိုကရေစီအစိုးရတို့ ဘာတို့တောင်မှ ဒီလိုလုပ်ဖို့ အဆင်မပြေခဲ့ဘူး၊ အခုက သူတို့ခေါ်တာကို အစကတည်းက လက်မခံခဲ့ဘူးဆိုတာနဲ့ ပတ်သက်လို့ လက်ခံလောက်တဲ့ အခြေအနေ ရှိခဲ့လို့လား။

ဖြေ ။ ။ ဒီဟာကိုတော့ ကျနော်တို့ အပိုင်းလိုက်ခွဲပြောရင်တော့ ကောင်းလိမ့်မယ်ထင်တယ်။ ဦးသိန်းစိန်အစိုးရ ၂၀၁၀ ကစပြီတော့ ငြိမ်းချမ်းရေး ခေါ်လိုက်ပြီးနောက်ပိုင်းမှာ တိုင်းရင်းသားတွေ လိုလားတဲ့ အခွင့်အရေးတွေ၊ ဘာတွေလဲဆိုတော့ သေချာနားလည်ဖို့နဲ့ ဘာတွေပေးနိုင်၊ မပေးနိုင်ဆိုတဲ့ဥစ္စာကို သူတို့စပြောချိန်ကတည်းက သူတို့ကိုယ်နှိုက်က ကောင်းကောင်းနားမလည်ဘူးဆိုတာ ပေါ်တယ်။ ဒါပေမဲ့ တကယ်တမ်း ဆွေးနွေးလာတဲ့အခါမှာတော့ တိုင်းရင်းသားတွေ လိုလားတဲ့ဟာက နိုင်ငံရေးစနစ်ပြောင်းဖို့၊ အခြေခံဥပဒေကို ပြောင်းဖို့၊ ဖက်ဒရယ်စနစ်ကိုသွားဖို့ဆိုတာကို နားလည်လာတဲ့အခါ - တခါ ဖက်ဒရယ်စနစ်ဆိုတာ ခွဲထွက်ရေးကြီးပါလို့ တလျှောက်လုံး နားလည်ထားတဲ့ဟာကြီး concept အမြင်ကို အတူတူလေ့လာဆည်းပူးကြရင်နဲ့ သိလာတာက ဖက်ဒရယ်စနစ်ဆိုတာ ခွဲထွက်ရေး မဟုတ်ဘူးဆိုတာကို သိလာရတော့၊ တပ်ထဲမှာကိုယ်နှိုက်က တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်စနစ်ကို ပေးမယ်ဆိုတဲ့ အမြင်မျိုး ရှိလာတယ်။ အထူးသဖြင့်တော့ တိုင်းရင်းသားတွေက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဦးအောင်မင်းတို့နဲ့ ဆွေးနွေးရင်နဲ့ တပ်ထဲက ခေါင်းဆောင်တွေပေါ် ယုံကြည်မှု ရှိလာတယ်လို့ ကျနော်တို့ ခံစားရတယ်။ သို့သော် တကယ့်လက်တွေ့ ဆွေးနွေးတဲ့အခါမှာ တချို့ကိစ္စလေးတွေမှာ အဲဒီလို အခက်အခဲလေးတွေ တွေ့လာရတယ်။

အထူးသဖြင့်တော့ ဒုတိယအစိုးရ NLD လက်ထက်မှာတော့ တပ်ရဲ့သဘောထားက ပိုပြီးတော့ တင်းမာသွားသယောင် တွေ့ရတယ်။ အဲဒီမှာ ကျနော်တို့ သုံးသပ်တာကတော့ တချို့သော ခေါင်းဆောင်တွေကတော့ တပ်ပေါ် ယုံကြည်မှုရှိတယ်။ ဖက်ဒရယ်စနစ်ဘက်ကို သွားချင်တယ်။ သူတို့ နားလည်လာသလျှောက် ပြင်ပေးလိမ့်မယ်ဆိုတာကို ယုံကြည်မှုရှိတယ်။ ဥပမာ အဘိုးမူးတူးဆေးတို့လို ခေါင်းဆောင်မျိုးတွေ။ တချို့ကတော့ အဲဒီလို နားလည်မှုမျိုး မရှိဘူး။ အခုန ဦးကျော်ဇံသာ ပြောသလိုမျိုးပဲ အခု NUG နဲ့ PDF တွေရဲ့ တိုက်ခိုက်မှုကြောင့် နှစ်ဘက်အပြန်အလှန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို စည်းရုံးဖို့အတွက် ဒီလက်နက်ကို ထုတ်သုံးလာတယ်လို့ မြင်ကြတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေလည်း ရှိပါတယ်။

XS
SM
MD
LG