သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႀကံ့ခိုင္ေရးပါတီညီလာခံက ၫႊန္းဆိုေနတဲ့ ၂၀၂၃ ေ႐ြးေကာက္ပြဲ


ႀကံ့ခိုင္ေရးပါတီ ညီလာခံကေန ပါတီဥကၠဌသစ္ ဦးခင္ရီ

ကမာၻ႔ျမန္မာ့မီဒီယာျမင္ကြင္း

ဒီတစ္ပတ္အတြင္း ျမန္မာလို ေရးသားထုတ္လႊင့္ၾကတဲ့ သတင္းေတြထဲမွာေတာ့ USDP ႀကံ့ခိုင္ေရးပါတီညီလာခံအေၾကာင္းနဲ႔ ပါတီဥကၠ႒ အေျပာင္းအလဲျဖစ္တဲ့ သတင္းေတြကို ဦးစားေပး ေဖာ္ျပၾကတာ ေတြ႔ရပါတယ္။ ေနျပည္ေတာ္မွာ ေအာက္တိုဘာလ ၅ ရက္ေန႔က က်င္းပၿပီးစီးသြားတဲ့ ႀကံ့ခိုင္ေရးပါတီ ညီလာခံကေန ပါတီဥကၠဌသစ္အျဖစ္ ဦးခင္ရီကို ေ႐ြးခ်ယ္ခဲ့တယ္လို႔ သိရပါတယ္။ ဦးခင္ရီဟာ ၿပီးခဲ့တဲ့ ဩဂုတ္လကမွ စစ္ေကာင္စီလက္ထက္ လူဝင္မႈႀကီးၾကပ္ေရးဝန္ႀကီးကေန အနားယူခဲ့သူျဖစ္ၿပီး၊ ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊလက္ထက္မွာ ရဲခ်ဳပ္နဲ႔ ဦးသိန္းစိန္အစိုးရလက္ထက္မွာ လဝကဝန္ႀကီးအျဖစ္ တာဝန္ယူခဲ့သူ ျဖစ္ပါတယ္။

ႀကံခိုင္ေရးပါတီညီလာခံအေၾကာင္း သတင္းေဖာ္ျပၾကရမွာ ဘီဘီစီက” လာမယ့္ေ႐ြးေကာက္ပြဲ ႏိုင္ေအာင္လုပ္မယ္လို႔ ျပည္ခိုင္ၿဖိဳး ဥကၠ႒သစ္ ဦးခင္ရီေျပာ” လို႔ ေခါင္းစဥ္ေပးေဖာ္ျပပါတယ္။

Myanmar Now ကေတာ့” စစ္တပ္ေက်ာေထာက္ေနာက္ခံ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံံၿဖိဳးေရးပါတီ (USDP) ၏ ႏွစ္ရက္ၾကာ ညီလာခံအၿပီး ထြက္ေပၚလာသည့္ ေခါင္းေဆာင္ပိုင္း အေျပာင္းအလဲတြင္ အာဏာသိမ္း စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္ စိတ္တိုင္းက် ေ႐ြးထားသူမ်ား ပါတီထိပ္တန္းေနရာမ်ား ရရွိသြားသည္”လို႔ ေရးပါတယ္။

“ေခါင္းေဆာင္ပိုင္းရာထူးအခ်ိဳ႕ ခန႔္အပ္ႏိုင္ျခင္း မရွိဘဲ ႀကံ့ခိုင္ေရးပါတီ ညီလာခံၿပီးဆုံး” လို႔ ဧရာဝတီသတင္းဌာနက သတင္းေခါင္းစီးေပးတာ ေတြ႔ရပါတယ္။

ႀကံ့ခိုင္ေရးပါတီညီလာခံနဲ႔ ေခါင္းေဆာင္ပိုင္းအေျပာင္းအလဲဟာ လာမယ့္ ၂၀၂၃ ေ႐ြးေကာက္ပြဲအတြက္ ႀကိဳတင္ျပင္ဆင္တယ္ဆိုတာ ပါတီဥကၠ႒သစ္ ဦးခင္ရီရဲ႕ ေျပာၾကားခ်က္မွာ အထင္အရွား ေတြ႔ရပါတယ္။ ဒါ့အျပင္ လက္ရွိ စစ္ေကာင္စီေခါင္းေဆာင္ဟာ သူ႔လူယုံေတြနဲ႔ ႀကံ့ခိုင္ေရးပါတီကို သူ႔စိတ္ႀကိဳက္ျပင္ဆင္ ဖြဲ႔စည္းတည္ေဆာက္လိုက္တာလည္း ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ စစ္တပ္ကေန ေလာေလာလတ္လတ္ အနားေပးလိုက္တဲ့ စစ္ေရးခ်ဳပ္ ဒုဗိုလ္ခ်ဳပ္ႀကီး မ်ိဳးေဇာ္သိန္းနဲ႔ ကစထမွဴး ဒုဗိုလ္ခ်ဳပ္ႀကီး ေအာင္စိုးတိုကို ႀကံ့ခိုင္ေရးပါတီရဲ႕ အေရးပါတဲ့ ဒုဥကၠ႒ (၁) နဲ႔ အေထြေထြအတြင္းေရးမႉးေတြ ျဖစ္လာမယ္လို႔ သတင္းေတြက ေဖာ္ျပေနလို႔ပါပဲ။ ဒီအေၾကာင္း ႀကံ့ခိုင္ေရးပါတီက ဦးလွေဆြရဲ႕ ေျပာၾကားခ်က္ကို ေအာက္တိုဘာလ ၄ ရက္ေန႔မွာ VOA က အခုလို ထုတ္လႊင့္ခဲ့တာ ေတြ႔ရပါတယ္။

“လက္ဖတင္ဂ်နရယ္ ၂ ေယာက္ ေရာက္လာမယ္သတင္း ၾကားတယ္။ ပါတီဌာနခ်ဳပ္က ၾကားတာေပါ့။ ဒီေန႔ေတာ့ ကုလားထိုင္မွာ လာထိုင္တာမေတြ႔ဘူး။ မနက္ျဖန္ေတာ့ လာထိုင္မလား မသိဘူး။ ဒုတိယဗိုလ္ခ်ဳပ္ႀကီးမ်ိဳးေဇာ္သိန္းရယ္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး အစိုးရအဖြဲ႔ေခါင္းေဆာင္၊ သူကေတာ့ ပါတီမလာဘူးဆိုၿပီး ျပန္ၿပီးလူလဲတယ္ ေျပာတယ္။ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မ်ိဳးေဇာ္သိန္းက ေသခ်ာသေလာက္ရွိတယ္။ လာၿပီးေတာ့ ပါတီမွာ တာဝန္ယူမယ့္သေဘာ ရွိတယ္။ ဘယ္ရာထူးယူမလဲဆိုတာေတာ့ မနက္ျဖန္မွ သိရမွာပါ”

ထူးဆန္းၿပီး အံဩဖို႔ေကာင္းတာကေတာ့ ဦးလွေဆြ ေျပာသြားသလိုပါပဲ။ ပါတီညီလာခံသာ ၿပီးသြားတယ္။ ပါတီရဲ႕ ဒုဥကၠ႒ (၁) ေနရာ၊ အေထြေထြအတြင္းေရးမႉးေနရာ အပါအဝင္ ဗဟိုအလုပ္အမႈေဆာင္ေနရာ (၆) ေနရာကို ေ႐ြးခ်ယ္ျခင္းမရွိဘဲ ခ်န္လွပ္ထားခဲ့တယ္ဆိုတဲ့ သတင္းပါပဲ။ ဒါအျပင္ ပါတီဥကၠ႒ေဟာင္း ဦးသန္းေဌး အနားယူတဲ့ အခ်က္သုံးခ်က္ထဲမွာ တစ္ခ်က္ဟာ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ႀကံ့ခိုင္ေရးပါတီရႉံးခဲ့လို႔ ျဖစ္တယ္လို႔ဆိုပါတယ္။ လက္ရွိဥကၠ႒သစ္ ျဖစ္လာတဲ့ ဦးခင္ရီဟာလည္း ၂၀၂၀ေ႐ြးေကာက္ပြဲမွာ ႀကံ့ခိုင္ေရးပါတီကိုယ္စားျပဳၿပီး ရန္ကုန္တစ္ဘက္ကမ္း ဆိပ္ႀကီးခေနာင္တိုၿမိဳ႕နယ္မွာ ေ႐ြးေကာက္ပြဲဝင္ခဲ့ရာ NLD ကို ရႉံးနိမ့္ခဲ့သူျဖစ္တယ္လို႔ ဧရာဝတီသတင္းမွာ ေဖာ္ျပထားပါတယ္။

Bloomberg ကေတာ့ စစ္တပ္ေက်ာေထာက္ေနာက္ခံေပးထားတဲ့ ႀကံခိုင္ေရးပါတီရဲ႕ေခါင္းေဆာင္သစ္ဟာ စစ္ေကာင္စီအႀကီးအကဲရဲ႕ ရင္းႏွီးတဲ့ မဟာမိတ္ ျဖစ္တယ္။ အခုေ႐ြးခ်ယ္လိုက္တဲ့ ပါတီေခါင္းေဆာင္ေတြဟာ ေနာက္အစိုးရသက္တမ္းမွာ အေရးပါတဲ့ ေနရာေတြ ရလာမယ့္သူေတြ ျဖစ္တယ္။ ႀကံ့ခိုင္ေရးပါတီ ေျပာေရးဆိုခြင့္ရွိသူ နႏၵာလွျမင့္က ”ဒီညီလာခံကေန အေရးႀကီးတဲ့ ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္ခဲ့တယ္။ ဒီဆုံးျဖတ္ခ်က္ေတြဟာ က်ေနာ္တို႔ပါတီ အနာဂတ္အတြက္ေရာ တိုင္းျပည္အတြက္ပါ အေရးပါတဲ့ဆုံးျဖတ္ခ်က္ေတြ ျဖစ္ပါတယ္။ ၂၀၂၃ ေ႐ြးေကာက္ပြဲမွာ က်ေနာ္တို႔ပါတီ အႏိုင္ရမယ္လို႔ အျပည့္အဝ ယုံၾကည္ပါတယ္” လို႔ေျပာေၾကာင္း ေရးသားထားပါတယ္။ ၿပီးခဲ့တဲ့ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ၄၇၆ ေနရာရွိတဲ့ လႊတ္ေတာ္မွာ ႀကံ့ခိုင္ေရးပါတီဟာ ၃၃ ေနရာသာ အႏိုင္ရရွိခဲ့တယ္။ NLD ပါတီကေတာ့ ၃၉၆ ေနရာ အႏိုင္ရရွိခဲ့တယ္လို႔ Bloomberg က ဆက္လက္ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ အေရွ႕ေတာင္အာရွႏိုင္ငံတစ္ႏိုင္ငံျဖစ္တဲ့ ျမန္မာဟာ စစ္တပ္က အာဏာသိမ္းၿပီးကတည္းက ေငြေၾကးေဖာင္းပြမႈႏႈန္း ျမင့္တက္ေနၿပီး ႏိုင္ငံျခားေငြ ေလ်ာ့နည္းလာကာ ႏိုင္ငံတကာရဲ႕စီးပြါးေရးပိတ္ဆို႔တဲ့ဒဏ္ကိုလည္း ခံေနရတယ္လို႔ Bloomberg က ဆိုပါတယ္။

စတင္ဖြဲ႔စည္းစဥ္က လူမႈ႔ေရးအသင္းႀကီးအေနနဲ႔ ဖြဲ႔စည္းခဲ့ေပမဲ့ ၂၀၁၀ ခုႏွစ္မွာ ႏိုင္ငံေရးပါတီ ျဖစ္လာခဲ့တဲ့ ႀကံ့ခိုင္ေရးပါတီဟာ စစ္ဗိုလ္ခ်ဳပ္ေဟာင္းေတြ ေခါင္းေဆာင္ၿပီး စစ္တပ္ေက်ာေထာက္ေနာက္ခံေပးထားတဲ့ ပါတီဆိုတာ အားလုံးအသိပဲ ျဖစ္ပါတယ္။ စစ္ေကာင္စီက ျပဳလုပ္ေပးမယ္ဆိုတဲ့ ၂၀၂၃ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရရမယ္လို႔လည္း ေႂကြးေၾကာ္ေနတာ ေတြ႔ရပါတယ္။ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ကေတာ့
၂၀၂၃ ေ႐ြးေကာက္ပြဲကို လက္မခံႏိုင္ဘူးလို႔ သေဘာထားထုတ္ျပန္ထားတာ ေတြ႔ရပါတယ္။ ၂၀၂၃ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္လို႔ ျမန္မာႏိုင္ငံေရး အကဲခတ္တစ္ဦးကေတာ့ “၂၀၂၃ ေ႐ြးေကာက္ပြဲဟာ စစ္ေကာင္စီအတြက္ တကယ္ပဲႏိုင္ငံေရး ထြက္ေပါက္ျဖစ္မလား။ ထြက္ေပါက္လို႔ သူယုံၾကည္ရင္ေတာ့ ေ႐ြးေကာက္ပြဲ လုပ္ႏိုင္တာေပါ့။ ဒါေပမဲ့ လက္ရွိအေနအထားက ေ႐ြးေကာက္ပြဲလုပ္ဖို႔ ျဖစ္ႏိုင္ပါ့မလား ေမးစရာရွိတယ္။ အေျခအေနမေပးဘူးလို႔ ထင္တယ္။ ေနာက္ၿပီးေတာ့ စစ္တပ္အေနနဲ႔ အခုလို အခက္အခဲေတြနဲ႔ အားနည္းေနခ်ိန္မွာ ေ႐ြးေကာက္ပြဲလုပ္ၿပီး ထြက္ေပါက္ရွာဖို႔ထက္ အျခားနည္းလမ္းေတြကို စဥ္းစားႏိုင္တယ္ဆိုတာ ထည့္စဥ္းစားဖို႔လိုပါမယ္” လို႔ ဆိုပါတယ္။

NLD ဝင္ေရာက္ ယွဥ္ၿပိဳင္ျခင္း မရွိတဲ့ ၂၀၁၀ ေ႐ြးေကာက္ပြဲမွာ ႀကံ့ခိုင္ေရးပါတီ အႏိုင္ရရွိခဲ့ပါတယ္။ NLD ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ ၂၀၁၂ ၾကားျဖတ္ေ႐ြးေကာက္ပြဲကစလို႔ ၂၀၁၅ ေ႐ြးေကာက္ပြဲနဲ႔ ၂၀၂၀ ေ႐ြးေကာက္ပြဲေတြမွာ ႀကံ့ခိုင္ေရးပါတီ ရႉံးနိမ့္ခဲ့ၿပီး၊ NLD ပါတီက ေသာင္ၿပိဳကမ္းၿပိဳ အႏိုင္ရရွိခဲ့တာ ေတြ႔ရပါတယ္။ ၂၀၂၃ မွာ စစ္ေကာင္စီရဲ႕ ေ႐ြးေကာက္ပြဲ က်င္းပျဖစ္မလား၊ မျဖစ္ဘူးလား။ ဘယ္လို အေျဖထြက္မလဲဆိုတာကေတာ့ ေစာင့္ၾကည့္ၾကရဦးမွာ ျဖစ္ေၾကာင္းပါ ခင္ဗ်ား။

==== Unicode ===

ကမ္ဘာ့မြန်မာ့မီဒီယာမြင်ကွင်း

ဒီတစ်ပတ်အတွင်း မြန်မာလို ရေးသားထုတ်လွှင့်ကြတဲ့ သတင်းတွေထဲမှာတော့ USDP ကြံ့ခိုင်ရေးပါတီညီလာခံအကြောင်းနဲ့ ပါတီဥက္ကဋ္ဌ အပြောင်းအလဲဖြစ်တဲ့ သတင်းတွေကို ဦးစားပေး ဖော်ပြကြတာ တွေ့ရပါတယ်။ နေပြည်တော်မှာ အောက်တိုဘာလ ၅ ရက်နေ့က ကျင်းပပြီးစီးသွားတဲ့ ကြံ့ခိုင်ရေးပါတီ ညီလာခံကနေ ပါတီဥက္ကဌသစ်အဖြစ် ဦးခင်ရီကို ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။ ဦးခင်ရီဟာ ပြီးခဲ့တဲ့ ဩဂုတ်လကမှ စစ်ကောင်စီလက်ထက် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးကနေ အနားယူခဲ့သူဖြစ်ပြီး၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်မှာ ရဲချုပ်နဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ လဝကဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

ကြံခိုင်ရေးပါတီညီလာခံအကြောင်း သတင်းဖော်ပြကြရမှာ ဘီဘီစီက” လာမယ့်ရွေးကောက်ပွဲ နိုင်အောင်လုပ်မယ်လို့ ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌသစ် ဦးခင်ရီပြော” လို့ ခေါင်းစဉ်ပေးဖော်ပြပါတယ်။

Myanmar Now ကတော့” စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံံဖြိုးရေးပါတီ (USDP) ၏ နှစ်ရက်ကြာ ညီလာခံအပြီး ထွက်ပေါ်လာသည့် ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် စိတ်တိုင်းကျ ရွေးထားသူများ ပါတီထိပ်တန်းနေရာများ ရရှိသွားသည်”လို့ ရေးပါတယ်။

“ခေါင်းဆောင်ပိုင်းရာထူးအချို့ ခန့်အပ်နိုင်ခြင်း မရှိဘဲ ကြံ့ခိုင်ရေးပါတီ ညီလာခံပြီးဆုံး” လို့ ဧရာဝတီသတင်းဌာနက သတင်းခေါင်းစီးပေးတာ တွေ့ရပါတယ်။

ကြံ့ခိုင်ရေးပါတီညီလာခံနဲ့ ခေါင်းဆောင်ပိုင်းအပြောင်းအလဲဟာ လာမယ့် ၂၀၂၃ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တယ်ဆိုတာ ပါတီဥက္ကဋ္ဌသစ် ဦးခင်ရီရဲ့ ပြောကြားချက်မှာ အထင်အရှား တွေ့ရပါတယ်။ ဒါ့အပြင် လက်ရှိ စစ်ကောင်စီခေါင်းဆောင်ဟာ သူ့လူယုံတွေနဲ့ ကြံ့ခိုင်ရေးပါတီကို သူ့စိတ်ကြိုက်ပြင်ဆင် ဖွဲ့စည်းတည်ဆောက်လိုက်တာလည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်တပ်ကနေ လောလောလတ်လတ် အနားပေးလိုက်တဲ့ စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းနဲ့ ကစထမှူး ဒုဗိုလ်ချုပ်ကြီး အောင်စိုးတိုကို ကြံ့ခိုင်ရေးပါတီရဲ့ အရေးပါတဲ့ ဒုဥက္ကဋ္ဌ (၁) နဲ့ အထွေထွေအတွင်းရေးမှူးတွေ ဖြစ်လာမယ်လို့ သတင်းတွေက ဖော်ပြနေလို့ပါပဲ။ ဒီအကြောင်း ကြံ့ခိုင်ရေးပါတီက ဦးလှဆွေရဲ့ ပြောကြားချက်ကို အောက်တိုဘာလ ၄ ရက်နေ့မှာ VOA က အခုလို ထုတ်လွှင့်ခဲ့တာ တွေ့ရပါတယ်။

“လက်ဖတင်ဂျနရယ် ၂ ယောက် ရောက်လာမယ်သတင်း ကြားတယ်။ ပါတီဌာနချုပ်က ကြားတာပေါ့။ ဒီနေ့တော့ ကုလားထိုင်မှာ လာထိုင်တာမတွေ့ဘူး။ မနက်ဖြန်တော့ လာထိုင်မလား မသိဘူး။ ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းရယ်၊ ဒုတိယဗိုလ်ချုပ်ကြီး အစိုးရအဖွဲ့ခေါင်းဆောင်၊ သူကတော့ ပါတီမလာဘူးဆိုပြီး ပြန်ပြီးလူလဲတယ် ပြောတယ်။ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက သေချာသလောက်ရှိတယ်။ လာပြီးတော့ ပါတီမှာ တာဝန်ယူမယ့်သဘော ရှိတယ်။ ဘယ်ရာထူးယူမလဲဆိုတာတော့ မနက်ဖြန်မှ သိရမှာပါ”

ထူးဆန်းပြီး အံဩဖို့ကောင်းတာကတော့ ဦးလှဆွေ ပြောသွားသလိုပါပဲ။ ပါတီညီလာခံသာ ပြီးသွားတယ်။ ပါတီရဲ့ ဒုဥက္ကဋ္ဌ (၁) နေရာ၊ အထွေထွေအတွင်းရေးမှူးနေရာ အပါအဝင် ဗဟိုအလုပ်အမှုဆောင်နေရာ (၆) နေရာကို ရွေးချယ်ခြင်းမရှိဘဲ ချန်လှပ်ထားခဲ့တယ်ဆိုတဲ့ သတင်းပါပဲ။ ဒါအပြင် ပါတီဥက္ကဋ္ဌဟောင်း ဦးသန်းဌေး အနားယူတဲ့ အချက်သုံးချက်ထဲမှာ တစ်ချက်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီရှူံးခဲ့လို့ ဖြစ်တယ်လို့ဆိုပါတယ်။ လက်ရှိဥက္ကဋ္ဌသစ် ဖြစ်လာတဲ့ ဦးခင်ရီဟာလည်း ၂၀၂၀ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကိုယ်စားပြုပြီး ရန်ကုန်တစ်ဘက်ကမ်း ဆိပ်ကြီးခနောင်တိုမြို့နယ်မှာ ရွေးကောက်ပွဲဝင်ခဲ့ရာ NLD ကို ရှူံးနိမ့်ခဲ့သူဖြစ်တယ်လို့ ဧရာဝတီသတင်းမှာ ဖော်ပြထားပါတယ်။

Bloomberg ကတော့ စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ကြံခိုင်ရေးပါတီရဲ့ခေါင်းဆောင်သစ်ဟာ စစ်ကောင်စီအကြီးအကဲရဲ့ ရင်းနှီးတဲ့ မဟာမိတ် ဖြစ်တယ်။ အခုရွေးချယ်လိုက်တဲ့ ပါတီခေါင်းဆောင်တွေဟာ နောက်အစိုးရသက်တမ်းမှာ အရေးပါတဲ့ နေရာတွေ ရလာမယ့်သူတွေ ဖြစ်တယ်။ ကြံ့ခိုင်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နန္ဒာလှမြင့်က ”ဒီညီလာခံကနေ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တယ်။ ဒီဆုံးဖြတ်ချက်တွေဟာ ကျနော်တို့ပါတီ အနာဂတ်အတွက်ရော တိုင်းပြည်အတွက်ပါ အရေးပါတဲ့ဆုံးဖြတ်ချက်တွေ ဖြစ်ပါတယ်။ ၂၀၂၃ ရွေးကောက်ပွဲမှာ ကျနော်တို့ပါတီ အနိုင်ရမယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်” လို့ပြောကြောင်း ရေးသားထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ၄၇၆ နေရာရှိတဲ့ လွှတ်တော်မှာ ကြံ့ခိုင်ရေးပါတီဟာ ၃၃ နေရာသာ အနိုင်ရရှိခဲ့တယ်။ NLD ပါတီကတော့ ၃၉၆ နေရာ အနိုင်ရရှိခဲ့တယ်လို့ Bloomberg က ဆက်လက်ဖော်ပြထားပါတယ်။ ဒါ့အပြင် အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မြန်မာဟာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်နေပြီး နိုင်ငံခြားငွေ လျော့နည်းလာကာ နိုင်ငံတကာရဲ့စီးပွါးရေးပိတ်ဆို့တဲ့ဒဏ်ကိုလည်း ခံနေရတယ်လို့ Bloomberg က ဆိုပါတယ်။

စတင်ဖွဲ့စည်းစဉ်က လူမှု့ရေးအသင်းကြီးအနေနဲ့ ဖွဲ့စည်းခဲ့ပေမဲ့ ၂၀၁၀ ခုနှစ်မှာ နိုင်ငံရေးပါတီ ဖြစ်လာခဲ့တဲ့ ကြံ့ခိုင်ရေးပါတီဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေ ခေါင်းဆောင်ပြီး စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ပါတီဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ စစ်ကောင်စီက ပြုလုပ်ပေးမယ်ဆိုတဲ့ ၂၀၂၃ ရွေးကောက်ပွဲမှာ အနိုင်ရရမယ်လို့လည်း ကြွေးကြော်နေတာ တွေ့ရပါတယ်။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့
၂၀၂၃ ရွေးကောက်ပွဲကို လက်မခံနိုင်ဘူးလို့ သဘောထားထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ၂၀၂၃ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရေး အကဲခတ်တစ်ဦးကတော့ “၂၀၂၃ ရွေးကောက်ပွဲဟာ စစ်ကောင်စီအတွက် တကယ်ပဲနိုင်ငံရေး ထွက်ပေါက်ဖြစ်မလား။ ထွက်ပေါက်လို့ သူယုံကြည်ရင်တော့ ရွေးကောက်ပွဲ လုပ်နိုင်တာပေါ့။ ဒါပေမဲ့ လက်ရှိအနေအထားက ရွေးကောက်ပွဲလုပ်ဖို့ ဖြစ်နိုင်ပါ့မလား မေးစရာရှိတယ်။ အခြေအနေမပေးဘူးလို့ ထင်တယ်။ နောက်ပြီးတော့ စစ်တပ်အနေနဲ့ အခုလို အခက်အခဲတွေနဲ့ အားနည်းနေချိန်မှာ ရွေးကောက်ပွဲလုပ်ပြီး ထွက်ပေါက်ရှာဖို့ထက် အခြားနည်းလမ်းတွေကို စဉ်းစားနိုင်တယ်ဆိုတာ ထည့်စဉ်းစားဖို့လိုပါမယ်” လို့ ဆိုပါတယ်။

NLD ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိတဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ အနိုင်ရရှိခဲ့ပါတယ်။ NLD ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကစလို့ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ကြံ့ခိုင်ရေးပါတီ ရှူံးနိမ့်ခဲ့ပြီး၊ NLD ပါတီက သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့တာ တွေ့ရပါတယ်။ ၂၀၂၃ မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကျင်းပဖြစ်မလား၊ မဖြစ်ဘူးလား။ ဘယ်လို အဖြေထွက်မလဲဆိုတာကတော့ စောင့်ကြည့်ကြရဦးမှာ ဖြစ်ကြောင်းပါ ခင်ဗျား။

XS
SM
MD
LG