ဥေရာပ၊ အေမရိကန္နဲ႔ ၾသစေၾတးလ်ႏိုင္ငံေတြရဲ႕ ရန္ကကာကြယ္ဖို႔အတြက္ ႐ုရွားက နည္းပညာအဆင့္ ထပ္ျမႇင့္ထားတဲ့ ေနာက္ဆုံးေပၚ လက္နက္ေတြ ထုတ္လုပ္ဖို႔ ႀကိဳးစားေနတယ္လို႔ ႐ု႐ွားသမၼတေဟာင္း Dmitry Medvedev က တနဂၤေႏြေန႔ က ေျပာလိုက္ပါတယ္။ ဖ်က္ဆီးဖို႔ အားအေကာင္းဆုံး လက္နက္ေတြကို ကြၽန္ေတာ္တို႔ တိုးထုတ္ေနပါတယ္လို႔ Medvedev က တယ္လီဂရမ္ လူမႈစာမ်က္ႏွာေပၚမွာ ေရးသားခဲ့တာပါ။
ဥေရာပ၊ ေျမာက္အေမရိက၊ ဂ်ပန္၊ ၾသစေၾတးလ်၊ နယူးဇီလန္နဲ႔ တျခားေနရာေတြမွာ နာဇီေတြကို သစၥာခံေနၾကတယ္လို႔လည္း သူက ေျပာပါတယ္။ Medvedev ဟာ ႐ုရွားလုံၿခဳံေရးေကာင္စီရဲ႕ ဒုတိယဥကၠ႒လည္း ျဖစ္ပါတယ္။ အသံထက္ ၅ ဆေက်ာ္ျမန္တဲ့ လက္နက္ေတြ အပါအဝင္၊ လက္နက္အမ်ိဳးအစားအသစ္ေတြထုတ္ဖို႔ ႐ုရွားက လုပ္ေနတယ္လို႔ သမၼတ Vladimir Putin ကလည္း ထပ္ခါထပ္ခါ ေျပာခဲ့ဖူးပါတယ္။
ရန္သူကို လက္နက္ျဖဳတ္ဖို႔ ႐ုရွားက လက္ဦးမႈရွိရွိ၊ တိုက္ခိုက္ဖို႔ စစ္ေရးဆိုင္ရာ အယူအဆကို ျပင္ဆင္မယ္လို႔ သမၼတပူတင္က ေသာၾကာေန႔က ေျပာခဲ့တာပါ။ ႏ်ဴကလီယားစစ္ကို ရည္ၫႊန္းပုံ ရတယ္လို႔ သုံးသပ္သူေတြက စိုးရိမ္ၾကပါတယ္။ ဒီအေတာအတြင္းမွာပဲ ယူကရိန္းႏိုင္ငံရဲ႕ ခါဆန္ၿမိဳ႕မွာ ႐ုရွား ဆုတ္ခြါသြားၿပီး တလအၾကာထိ မိုင္းေတြကို ရွင္းေနရဆဲ ျဖစ္ပါတယ္။
ေရွ႕မွာ မိုင္းေထာင္ထားတယ္လို႔ စာေရးထားခဲ့ေပမဲ့ ကပ္လ်က္လမ္းထဲမွာ မိုင္းကြဲ ေသဆုံးၾကတာေတြကိုလည္း ခါဆန္ၿမိဳ႕က ႀကဳံေတြ႔ေနရပါတယ္။ ၿပီးခဲ့တဲ့ ေသာၾကာေန႔ တရက္တည္းမွာ လက္နက္ႀကီးအမ်ိဳးမ်ိဳးနဲ႔ ၆၈ ႀကိမ္ ပစ္ခဲ့တယ္လို႔ ေဒသခံ သတင္းေထာက္တစ္ေယာက္ကို ကိုးကားၿပီး ေအပီသတင္းက ေဖာ္ျပပါတယ္။ လြန္ခဲ့တဲ့ လတစ္လလုံးမွာ အခုလို ပစ္ခတ္ခဲ့တဲ့အတြက္ ကေလးတစ္ေယာက္အပါအဝင္ လူ ၄၁ ေယာက္ ေသဆုံးၿပီး၊ ၉၆ ေယာက္ ေဆး႐ုံတင္ခဲ့ရတယ္လို႔ အုပ္ခ်ဳပ္ေရးဌာနက ေျပာပါတယ္။
တစ္လအတြင္း လူ ၅၅၀၀ ၿမိဳ႕ကေန ထြက္သြားခဲ့ၾကပါတယ္။ ႐ုရွားက်ဴးေက်ာ္စစ္ စကတည္းကဆိုရင္ လူေပါင္း ၃ သိန္း ၂ ေသာင္းေက်ာ္ ၿမိဳ႕က ထြက္သြားၾကၿပီး ၆ ေသာင္းေက်ာ္ပဲ ၿမိဳ႕မွာ က်န္ခဲ့ၾကပါတယ္။
==== Unicode ====
ဥရောပ၊ အမေရိကန်နဲ့ သြစတြေးလျနိုင်ငံတွေရဲ့ ရန်ကကာကွယ်ဖို့အတွက် ရုရှားက နည်းပညာအဆင့် ထပ်မြှင့်ထားတဲ့ နောက်ဆုံးပေါ် လက်နက်တွေ ထုတ်လုပ်ဖို့ ကြိုးစားနေတယ်လို့ ရုရှားသမ္မတဟောင်း Dmitry Medvedev က တနင်္ဂနွေနေ့ က ပြောလိုက်ပါတယ်။ ဖျက်ဆီးဖို့ အားအကောင်းဆုံး လက်နက်တွေကို ကျွန်တော်တို့ တိုးထုတ်နေပါတယ်လို့ Medvedev က တယ်လီဂရမ် လူမှုစာမျက်နှာပေါ်မှာ ရေးသားခဲ့တာပါ။
ဥရောပ၊ မြောက်အမေရိက၊ ဂျပန်၊ သြစတြေးလျ၊ နယူးဇီလန်နဲ့ တခြားနေရာတွေမှာ နာဇီတွေကို သစ္စာခံနေကြတယ်လို့လည်း သူက ပြောပါတယ်။ Medvedev ဟာ ရုရှားလုံခြုံရေးကောင်စီရဲ့ ဒုတိယဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ အသံထက် ၅ ဆကျော်မြန်တဲ့ လက်နက်တွေ အပါအဝင်၊ လက်နက်အမျိုးအစားအသစ်တွေထုတ်ဖို့ ရုရှားက လုပ်နေတယ်လို့ သမ္မတ Vladimir Putin ကလည်း ထပ်ခါထပ်ခါ ပြောခဲ့ဖူးပါတယ်။
ရန်သူကို လက်နက်ဖြုတ်ဖို့ ရုရှားက လက်ဦးမှုရှိရှိ၊ တိုက်ခိုက်ဖို့ စစ်ရေးဆိုင်ရာ အယူအဆကို ပြင်ဆင်မယ်လို့ သမ္မတပူတင်က သောကြာနေ့က ပြောခဲ့တာပါ။ နျူကလီယားစစ်ကို ရည်ညွှန်းပုံ ရတယ်လို့ သုံးသပ်သူတွေက စိုးရိမ်ကြပါတယ်။ ဒီအတောအတွင်းမှာပဲ ယူကရိန်းနိုင်ငံရဲ့ ခါဆန်မြို့မှာ ရုရှား ဆုတ်ခွါသွားပြီး တလအကြာထိ မိုင်းတွေကို ရှင်းနေရဆဲ ဖြစ်ပါတယ်။
ရှေ့မှာ မိုင်းထောင်ထားတယ်လို့ စာရေးထားခဲ့ပေမဲ့ ကပ်လျက်လမ်းထဲမှာ မိုင်းကွဲ သေဆုံးကြတာတွေကိုလည်း ခါဆန်မြို့က ကြုံတွေ့နေရပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ တရက်တည်းမှာ လက်နက်ကြီးအမျိုးမျိုးနဲ့ ၆၈ ကြိမ် ပစ်ခဲ့တယ်လို့ ဒေသခံ သတင်းထောက်တစ်ယောက်ကို ကိုးကားပြီး အေပီသတင်းက ဖော်ပြပါတယ်။ လွန်ခဲ့တဲ့ လတစ်လလုံးမှာ အခုလို ပစ်ခတ်ခဲ့တဲ့အတွက် ကလေးတစ်ယောက်အပါအဝင် လူ ၄၁ ယောက် သေဆုံးပြီး၊ ၉၆ ယောက် ဆေးရုံတင်ခဲ့ရတယ်လို့ အုပ်ချုပ်ရေးဌာနက ပြောပါတယ်။
တစ်လအတွင်း လူ ၅၅၀၀ မြို့ကနေ ထွက်သွားခဲ့ကြပါတယ်။ ရုရှားကျူးကျော်စစ် စကတည်းကဆိုရင် လူပေါင်း ၃ သိန်း ၂ သောင်းကျော် မြို့က ထွက်သွားကြပြီး ၆ သောင်းကျော်ပဲ မြို့မှာ ကျန်ခဲ့ကြပါတယ်။