သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းကို ဆက္လက္ ေထာက္ပံ့ဖို႔ ရီပတ္ဘလစ္ကန္ ကိုယ္စားလွယ္သစ္တခ်ဳိ႕ ကတိျပဳ 


Michael McCaul

အေမရိကန္မွာ လာမဲ့ ဇန္နဝါရီလ လႊတ္ေတာ္သစ္မွာ ဦးေဆာင္မႈေနရာ ယူၾကမဲ့ ရီပတ္ဘလစ္ကန္ ကိုယ္စားလွယ္တခ်ဳိ႕က ယူကရိန္းစစ္တပ္အတြက္ ဆက္လက္ေထာက္ပံ့သြားဖို႔ ကတိျပဳလိုက္ေပမဲ့ အကူအညီေတြ မပို႔ခင္မွာေတာ့ အရင္ကထက္ ပိုမိုၿပီး ၾကပ္မတ္ စီစစ္သြားမယ္လို႔လည္း ေျပာလိုက္ပါတယ္။ 

ယူကရိန္းကို ဆက္လက္ ေထာက္ပံ့ဖို႔ ရီပတ္ဘလစ္ကန္ ကိုယ္စားလွယ္သစ္တခ်ဳိ႕ ကတိျပဳ

{{Zawgyi/Unicode}}
အေမရိကန္မွာ လာမဲ့ ဇန္နဝါရီလ လႊတ္ေတာ္သစ္မွာ ဦးေဆာင္မႈေနရာ ယူၾကမဲ့ ရီပတ္ဘလစ္ကန္ ကိုယ္စားလွယ္တခ်ဳိ႕က ယူကရိန္းစစ္တပ္အတြက္ ဆက္လက္ေထာက္ပံ့သြားဖို႔ ကတိျပဳလိုက္ေပမဲ့ အကူအညီေတြ မပို႔ခင္မွာေတာ့ အရင္ကထက္ ပိုမိုၿပီး ၾကပ္မတ္ စီစစ္သြားမယ္လို႔လည္း ေျပာလိုက္ပါတယ္။

ယူကရိန္းကို အကူအညီေပးမယ့္ အစီအစဥ္ေတြကို ႀကီးၾကပ္တဲ့ တာ၀န္ယူဖို႔ အလားအလာရွိေနတဲ့ Republican ေအာက္လႊတ္ေတာ္အမတ္ ၂ ဦးျဖစ္ၾကတဲ့ တကၠဆက္ျပည္နယ္ က Michael McCaul နဲ႔ Ohio ျပည္နယ္က Mike Turner တို႔က ABC သတင္းဌာနနဲ႔ ေမးျမန္းခန္းမွာ ေျပာဆိုလိုက္တာပါ။ ေအာက္လႊတ္ေတာ္မွာ အတိုက္အခံ ရီပတ္ဘလစ္ကန္ေတြက အနည္းငယ္အသာရၿပီး လူမ်ားစုအျဖစ္ ထိန္းခ်ဳပ္မွာျဖစ္ေပမဲ့လည္း ယူကရိန္းအေရး ပါတီႀကီး ၂ ခုစလုံးက ဆက္လက္ ေထာက္ခံၾကလိမ့္မယ္လို႔လည္း ေျပာပါတယ္။

ေအာက္လႊတ္ေတာ္ ရဲ႕ေထာက္လွမ္းေရးဆိုင္ရာ ေကာ္မတီရဲ႕ ဥကၠဌသစ္ ျဖစ္လာဖြယ္ရွိတဲ့ Turner က ယူကရိန္းရဲ႕ လိုအပ္ခ်က္ကို ေသခ်ာေပါက္ ျဖည့္ဆည္းေပးမွာျဖစ္ၿပီး၊ ပါတီႀကီး ၂ ခုစလုံးက ေထာက္ခံၾကမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။ အလားတူ ေအာက္လႊတ္ေတာ္ ရဲ႕ ႏိုင္ငံျခားေရး ေကာ္မတီ ဥကၠဌ ျဖစ္လာဖြယ္ရွိတဲ့ McCaul ကလည္း ယူကရိန္း က လိုအပ္တာကို က်ေနာ္တို႔က ေပးႏိုင္ရင္ သူတို႔ ေအာင္ပြဲရမွာပါလို႔ ေျပာပါတယ္။

လက္ရွိအေျခအေနမွာ ရုရွားတပ္ဖြဲ႔ေတြက ယူကရိန္းႏိုင္ငံ အေရွ႕ပိုင္း နဲ႔ ေတာင္ပိုင္းေဒသေတြမွာ စေနေန႔က တညလုံး တိုက္ခိုက္ေနသလို စြမ္းအင္ဆိုင္ရာ အေျခခံ အေဆာက္အအုံေတြ ပ်က္စီးကုန္တဲ့အတြက္ေၾကာင့္ ယူကရိန္းႏိုင္ငံမွာ လွ်ပ္စစ္စြမ္းအားေတြ၊ သုံးေရေတြ နဲ႔ အေႏြးဓါတ္ေပးတဲ့ စနစ္ေတြကို ျပန္လည္ရရွိေအာင္ ႀကိဳးစားေနၾကရပါတယ္။

တိုက္႐ိုက္ လင့္ခ္

.......................................

ယူကရိန်းကို ဆက်လက် ထောက်ပံ့ဖို့ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်သစ်တချို့ ကတိပြု

{{Zawgyi/Unicode}}
အမေရိကန်မှာ လာမဲ့ ဇန်နဝါရီလ လွှတ်တော်သစ်မှာ ဦးဆောင်မှုနေရာ ယူကြမဲ့ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်တချို့က ယူကရိန်းစစ်တပ်အတွက် ဆက်လက်ထောက်ပံ့သွားဖို့ ကတိပြုလိုက်ပေမဲ့ အကူအညီတွေ မပို့ခင်မှာတော့ အရင်ကထက် ပိုမိုပြီး ကြပ်မတ် စီစစ်သွားမယ်လို့လည်း ပြောလိုက်ပါတယ်။

ယူကရိန်းကို အကူအညီပေးမယ့် အစီအစဉ်တွေကို ကြီးကြပ်တဲ့ တာဝန်ယူဖို့ အလားအလာရှိနေတဲ့ Republican အောက်လွှတ်တော်အမတ် ၂ ဦးဖြစ်ကြတဲ့ တက္ကဆက်ပြည်နယ် က Michael McCaul နဲ့ Ohio ပြည်နယ်က Mike Turner တို့က ABC သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောဆိုလိုက်တာပါ။ အောက်လွှတ်တော်မှာ အတိုက်အခံ ရီပတ်ဘလစ်ကန်တွေက အနည်းငယ်အသာရပြီး လူများစုအဖြစ် ထိန်းချုပ်မှာဖြစ်ပေမဲ့လည်း ယူကရိန်းအရေး ပါတီကြီး ၂ ခုစလုံးက ဆက်လက် ထောက်ခံကြလိမ့်မယ်လို့လည်း ပြောပါတယ်။

အောက်လွှတ်တော် ရဲ့ထောက်လှမ်းရေးဆိုင်ရာ ကော်မတီရဲ့ ဥက္ကဌသစ် ဖြစ်လာဖွယ်ရှိတဲ့ Turner က ယူကရိန်းရဲ့ လိုအပ်ချက်ကို သေချာပေါက် ဖြည့်ဆည်းပေးမှာဖြစ်ပြီး၊ ပါတီကြီး ၂ ခုစလုံးက ထောက်ခံကြမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ အလားတူ အောက်လွှတ်တော် ရဲ့ နိုင်ငံခြားရေး ကော်မတီ ဥက္ကဌ ဖြစ်လာဖွယ်ရှိတဲ့ McCaul ကလည်း ယူကရိန်း က လိုအပ်တာကို ကျနော်တို့က ပေးနိုင်ရင် သူတို့ အောင်ပွဲရမှာပါလို့ ပြောပါတယ်။

လက်ရှိအခြေအနေမှာ ရုရှားတပ်ဖွဲ့တွေက ယူကရိန်းနိုင်ငံ အရှေ့ပိုင်း နဲ့ တောင်ပိုင်းဒေသတွေမှာ စနေနေ့က တညလုံး တိုက်ခိုက်နေသလို စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေ ပျက်စီးကုန်တဲ့အတွက်ကြောင့် ယူကရိန်းနိုင်ငံမှာ လျှပ်စစ်စွမ်းအားတွေ၊ သုံးရေတွေ နဲ့ အနွေးဓါတ်ပေးတဲ့ စနစ်တွေကို ပြန်လည်ရရှိအောင် ကြိုးစားနေကြရပါတယ်။

XS
SM
MD
LG