သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကန္ကာကြယ္ေရးအသုံးစရိတ္ဥပေဒပါ ျမန္မာျပဌာန္းခ်က္အေပၚ ေလ့လာသူႏွစ္ဦးအျမင္


NDAA

[[Zawgyi/Unicode]]

အေမရိကန္ ကာကြယ္ေရးအသုံးစရိတ္ဥပေဒ (NDAA) ထဲမွာပါတဲ့ ျမန္မာ့အေရး ျပဌာန္းခ်က္ေတြ အတိုင္း အေမရိကန္အစိုးရက တြန္းအားေပးလုပ္လာမယ္ဆိုရင္ အာဏာသိမ္းစစ္ေကာင္စီဟာ တ႐ုတ္နဲ႔ ႐ုရွားဘက္ကို ပိုကပ္သြားမယ္လို႔ ျမန္မာ့အေရးေလ့လာသူႏွစ္ဦးက ျမင္ပါတယ္။ စစ္အာဏာသိမ္းမႈဆန႔္က်င္တဲ့ လႈပ္ရွားမႈအေပၚ ဘယ္ေလာက္ အေထာက္အကူျဖစ္ေစမွာလဲဆိုတဲ့အေပၚမွာေတာ့ အျမင္ႏွစ္ခု ထပ္တူမက်ပါဘူး။ ဆက္သြယ္ေမးျမန္းထားတဲ့ ကိုေက်ာ္ေက်ာ္သိန္းက တင္ျပေပးထားပါတယ္။

အေမရိကန္ ကာကြယ္ေရးအသုံးစရိတ္ဥပေဒ (NDAA) ထဲမွာပါတဲ့ ျမန္မာ့အေရး
အေမရိကန္အထက္လႊတ္ေတာ္၊ ရီပတ္ဘလီကန္ လူနည္းစုေခါင္းေဆာင္၊ အထက္ လႊတ္ေတာ္အမတ္ Mitch McConnell ရဲ႕ တြန္းအားေပးလုပ္ေဆာင္မႈနဲ႔ NDAA ဥပေဒထဲမွာ ျမန္မာ့အေရးျပဌာန္းခ်က္ေတြ ျဖည့္စြက္ထည့္သြင္းထားၿပီး ဒီဇင္ဘာလ ၂၇ ရက္ေန႔မွာ သမၼတ Joe Biden က ဥပေဒအျဖစ္ လက္မွတ္ေရးထိုး အတည္ျပဳခဲ့ၿပီးျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈ မေအာင္ျမင္ေစဖို႔နဲ႔ ဒီမိုကေရစီ ျပန္လည္ထူေထာင္ေရး ႀကိဳးပမ္းသူေတြကို အားေပးေထာက္ခံဖို႔ ရည္႐ြယ္တဲ့ အဲဒီျပဌာန္းခ်က္ေတြထဲမွာ တ႐ုတ္နဲ႔႐ုရွားတို႔ကို နာမည္နဲ႔တကြ ထည့္သြင္းေဖာ္ျပထားၿပီး အဲဒီႏွစ္ႏိုင္ငံအေနနဲ႔ အာဏာသိမ္းစစ္ေကာင္စီကို အားေပးပံ့ပိုးၿပီးေတာ့ ဘယ္လိုအက်ိဳးစီးပြားေတြ ရယူေနသလဲဆိုတာ သက္ဆိုင္ရာ အစိုးရတာဝန္ရွိသူေတြက လႊတ္ေတာ္ကိုတင္ျပဖို႔ ဆိုတဲ့အခ်က္လည္း ပါဝင္ပါတယ္။
NDAA မွာပါတဲ့ ျမန္မာ့အေရး ျဖည့္စြက္ျပဌာန္းခ်က္ေတြဟာ ဖိအားျဖစ္ေစမယ္လို႔ ျမန္မာ့အေရးေလ့လာသူတဦးျဖစ္တဲ့ ဦးရဲထြန္းကျမင္ေပမယ့္ စစ္ေကာင္စီကို တျခားဘက္ ပိုၿပီးတြန္းပို႔သလို ျဖစ္သြားႏိုင္တယ္လို႔ သုံးသပ္ပါတယ္။

“ေငြေရးေၾကးေရးကိစၥနဲ႔ပတ္သက္လို႔ေရာ၊ ႏိုင္ငံေရးအရ NUG ကိုအသိအမွတ္ျပဳမယ္ဆိုတဲ့၊ ျပဳဖို႔အတြက္ တြန္းအားေပးတဲ့အခ်က္ေတြက ျမန္မာအစိုးရကိုေတာ့ တ႐ုတ္နဲ႔႐ုရွားဘက္ကို ပိုၿပီးေတာ့ မွီခိုဖို႔ ျဖစ္သြားတာေပါ့ေနာ္၊ ျဖစ္သြားၿပီးေတာ့ ျမန္မာစစ္ေကာင္စီအေနနဲ႔ဆိုရင္လည္း ဒါက NUG တို႔၊ CRPH တို႔နဲ႔ ေဆြးေႏြးၿပီးေတာ့ ျပႆနာေတြ ေျဖရွင္းဖို႔ ဆိုတဲ့ဟာကို တြန္းအားတခုျဖစ္ေစမယ္လို႔ က်ေနာ္ေတာ့ ယူဆတယ္။ ဒီျပႆနာမေျဖရွင္းႏိုင္လို႔ရွိရင္ ေနာင္မွာ ေ႐ြးေကာက္ပြဲျဖစ္ၿပီးေတာ့ ေပၚလာမယ့္အစိုးရအထိပါ ဒီဥပေဒသက္ေရာက္မႈေၾကာင့္ အေမရိကန္ကေတာ့ ဆက္ၿပီးေတာ့ ဒီဥပေဒအရ ဆက္ၿပီး ဖိအားေတြ ေပးေနအုံးမယ္လို႔ျမင္ပါတယ္ဗ်။”

ျမန္မာ့အေရးေလ့လာသူ ေနာက္တဦးျဖစ္တဲ့ ေဒါက္တာခင္ေဇာ္ဝင္းကလည္း စစ္ေကာင္စီဘက္က တုံ႔ျပန္လာႏိုင္ေျခေပၚမွာ ဦးရဲထြန္းနဲ႔ အျမင္တူပါတယ္။

“ဒါေပမယ့္ ဒီဥစၥာက အဆံုးအျဖတ္ေပးမယ့္ဟာမ်ဳိးေတာ့ မဟုတ္ဘူး။ အရင္တုန္းက ေဒၚေအာင္ဆန္းစုၾကည္ကိုေရွ႕တန္းတင္ၿပီးေတာ့ 'အမေလး...အေမရိက က လုပ္ပါအံုး၊ ယူအဲန္က လုပ္ပါအံုး...' ေတြ ဒီတခါမရွိေတာ့ဘူး။ အဲဒါေလးေတာ့ သိထားပါ။ ဒီေတာ့ ဘုိင္ဒန္က လက္မွတ္ထိုးလို႔ ကူညီမယ္ဆိုလို႔ရွိရင္ က်ေနာ္တို႔ ႀကိဳဆိုတယ္။ ေစာင့္ေတာ့ၾကည့္ေနမယ္။ ဘာျဖစ္လာမလဲ၊ အေမရိကားက ဘာလုပ္မလဲ။ အဲဒါ ေစာင့္ၾကည့္ေနမွာပဲ။ ဒါကေတာ့ ...ရွင္းပါတယ္။”

ဒီဥပေဒပါ ျပဌာန္းခ်က္ေတြကို သက္ဆိုင္ရာ အေမရိကန္အစိုးရဌာနေတြက တကယ္တမ္း အေကာင္အထည္ေဖာ္ လုပ္ေဆာင္မယ္ဆိုရင္ စစ္အာဏာသိမ္းမႈကို ဆန႔္က်င္ၿပီး ဒီမိုကေရစီ ျပန္လည္ထူေထာင္ေရး ႀကိဳးစားေနတဲ့ အင္အားစုေတြအတြက္ အေထာက္အကူျဖစ္ေစမယ္လို႔ ဦးရဲထြန္းက ျမင္ပါတယ္။

“ဘာေၾကာင့္လဲဆိုေတာ့ (NUG) ကို အခုထက္ထိေတာ့ တရားဝင္အစိုးရအေနနဲ႔အသိအမွတ္ျပဳတဲ့ႏိုင္ငံ တႏိုင္ငံမွ မရွိေသးဘူးေပါ့ေနာ္။ ဥေရာပက လႊတ္ေတာ္တခ်ဳိ႕ကေတာ့ က်ေနာ္ အမွတ္မမွားဘူးဆိုရင္ ျပင္သစ္လားမသိဘူး။ အဲလို လႊတ္ေတာ္ကေတာ့ အသိအမွတ္ျပဳတာမ်ဳိးေတာ့ ရွိတယ္။ သို႔ေသာ္ အစိုးရတရပ္အေနနဲ႔ကေတာ့ အသိအမွတ္ျပဳတာ အခုထက္ထိမရွိေသးဘူး။ အခုဟာကေတာ့ အဓိက က ဒီမိုကေရစီလိုလားတဲ့ အင္အားႀကီး အေမရိကန္အစိုးရကို သူ႔လႊတ္ေတာ္က ဖိအားေပးမႈ တရားဝင္ ထြက္ေပၚလာတယ္လို႔ ေျပာလုိ႔ရတာေပါ့။”

ေဒါက္တာခင္ေဇာ္ဝင္းကေတာ့ အေမရိကန္ ကာကြယ္ေရးအသုံးစရိတ္ ဥပေဒထဲမွာကို အခုလို ျမန္မာ့ဒီမိုကေရစီေရး ေထာက္ခံအားေပးတဲ့ ျပဌာန္းခ်က္ေတြ ထည့္သြင္းထားတာကို ႀကိဳဆိုေပမယ့္ တကယ္တမ္း ဘာျဖစ္လာမလဲဆိုတာကိုေတာ့ ေစာင့္ၾကည့္သြားမယ္လို႔ ေျပာပါတယ္။

“စစ္ေကာင္စီဘက္ကေတာ့ ဒါေတာ့ လံုးဝ ၾကည္မွာမဟုတ္ဘူးေလ။ မၾကည္လည္း သူတို႔ဘက္က ေၾကညာခ်က္ထုတ္ေပါ့၊ ဟုတ္လား။ သူတို႔က အားကိုးရတဲ့ ႏုိင္ငံႀကီးေတြ ရွိေနတာကိုး။ အဲဒါနဲ႔ပဲ စခန္းသြားမယ္ဆိုတဲ့သေဘာမ်ဳိးေပါ့ဗ်ာ။ သူတို႔ဘက္ကေတာ့ ေလွ်ာ့မွာမဟုတ္ဘူး။ ေနာက္ၿပီးေတာ့ အေမရိကားကုိလည္း သူတို႔က ပိုၿပီးေတာ့ ဆန္႔က်င္လာမွာပဲ။ မလြန္ဆန္ႏုိင္လို႔သာ ၾကည့္ေနတာ။ အဲဒီေတာ့ သူတို႔အေနနဲ႔ကေတာ့ ဒီဥစၥာကို လံုးဝေတာ့ လက္ခံမွာမဟုတ္ဘူး။ ဒါကိုေတာ့ ...ျမင္ပါတယ္။”

NDAA ဥပေဒပါ ျမန္မာ့အေရး ျပဌာန္းခ်က္ေတြအရ အေမရိကန္ ႏိုင္ငံျခားေရး၊ ဘ႑ာေရး၊ ကာကြယ္ေရး၊ ေထာက္လွမ္းေရး စတဲ့ဌာနေတြက တာဝန္ရွိသူေတြဟာ ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး အေမရိကန္အစိုးရရဲ႕ လုပ္ေဆာင္ခ်က္ေတြကို ကြန္ဂရက္လႊတ္ေတာ္မွာ အစီရင္ခံစာ တင္ျပၾကရမွာျဖစ္ပါတယ္။

ဒီဥပေဒျပဌာန္းတဲ့ေန႔ကေန ရက္ေပါင္း ၆၀ အတြင္း တင္ျပရမယ္လို႔ ဥပေဒထဲမွာပါရွိတဲ့အတြက္ ေရွ႕ႏွစ္ ေဖေဖာ္ဝါရီလကုန္ပိုင္းေလာက္မွာ ပထမဆုံးအႀကိမ္ အစီရင္ခံတင္ျပရမွာပါ။
အခ်ဳပ္အားျဖင့္ဆိုရင္ ျမန္မာႏိုင္ငံရဲ႕ လူသားေဘးဒုကၡဆိုင္ရာ ကိစၥရပ္ေတြကို ေျဖရွင္းဖို႔၊ ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ကို တရားဝင္အသိအမွတ္ျပဳဖို႔၊ စစ္ေကာင္စီအေပၚ ဒဏ္ခတ္အေရးယူဖို႔၊ ႏိုင္ငံေရးအက်ဥ္းသားေတြ ျပန္လြတ္လာဖို႔ စတာေတြအေပၚ အေမရိကန္အစိုးရက ဘာေတြ တြန္းအားေပး လုပ္ေဆာင္ထားတယ္ဆိုတာ သက္ဆိုင္ရာဌာနေတြက အစီရင္ခံတင္ျပၾကရမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

ကန်ကာကွယ်ရေးအသုံးစရိတ်ဥပဒေပါ မြန်မာပြဌာန်းချက်အပေါ် လေ့လာသူနှစ်ဦးအမြင်

အမေရိကန် ကာကွယ်ရေးအသုံးစရိတ်ဥပဒေ (NDAA) ထဲမှာပါတဲ့ မြန်မာ့အရေး ပြဌာန်းချက်တွေ အတိုင်း အမေရိကန်အစိုးရက တွန်းအားပေးလုပ်လာမယ်ဆိုရင် အာဏာသိမ်းစစ်ကောင်စီဟာ တရုတ်နဲ့ ရုရှားဘက်ကို ပိုကပ်သွားမယ်လို့ မြန်မာ့အရေးလေ့လာသူနှစ်ဦးက မြင်ပါတယ်။ စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ လှုပ်ရှားမှုအပေါ် ဘယ်လောက် အထောက်အကူဖြစ်စေမှာလဲဆိုတဲ့အပေါ်မှာတော့ အမြင်နှစ်ခု ထပ်တူမကျပါဘူး။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

အမေရိကန် ကာကွယ်ရေးအသုံးစရိတ်ဥပဒေ (NDAA) ထဲမှာပါတဲ့ မြန်မာ့အရေး
အမေရိကန်အထက်လွှတ်တော်၊ ရီပတ်ဘလီကန် လူနည်းစုခေါင်းဆောင်၊ အထက် လွှတ်တော်အမတ် Mitch McConnell ရဲ့ တွန်းအားပေးလုပ်ဆောင်မှုနဲ့ NDAA ဥပဒေထဲမှာ မြန်မာ့အရေးပြဌာန်းချက်တွေ ဖြည့်စွက်ထည့်သွင်းထားပြီး ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ သမ္မတ Joe Biden က ဥပဒေအဖြစ် လက်မှတ်ရေးထိုး အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု မအောင်မြင်စေဖို့နဲ့ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေး ကြိုးပမ်းသူတွေကို အားပေးထောက်ခံဖို့ ရည်ရွယ်တဲ့ အဲဒီပြဌာန်းချက်တွေထဲမှာ တရုတ်နဲ့ရုရှားတို့ကို နာမည်နဲ့တကွ ထည့်သွင်းဖော်ပြထားပြီး အဲဒီနှစ်နိုင်ငံအနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို အားပေးပံ့ပိုးပြီးတော့ ဘယ်လိုအကျိုးစီးပွားတွေ ရယူနေသလဲဆိုတာ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေက လွှတ်တော်ကိုတင်ပြဖို့ ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။

NDAA မှာပါတဲ့ မြန်မာ့အရေး ဖြည့်စွက်ပြဌာန်းချက်တွေဟာ ဖိအားဖြစ်စေမယ်လို့ မြန်မာ့အရေးလေ့လာသူတဦးဖြစ်တဲ့ ဦးရဲထွန်းကမြင်ပေမယ့် စစ်ကောင်စီကို တခြားဘက် ပိုပြီးတွန်းပို့သလို ဖြစ်သွားနိုင်တယ်လို့ သုံးသပ်ပါတယ်။
“ငွေရေးကြေးရေးကိစ္စနဲ့ပတ်သက်လို့ရော၊ နိုင်ငံရေးအရ NUG ကိုအသိအမှတ်ပြုမယ်ဆိုတဲ့၊ ပြုဖို့အတွက် တွန်းအားပေးတဲ့အချက်တွေက မြန်မာအစိုးရကိုတော့ တရုတ်နဲ့ရုရှားဘက်ကို ပိုပြီးတော့ မှီခိုဖို့ ဖြစ်သွားတာပေါ့နော်၊ ဖြစ်သွားပြီးတော့ မြန်မာစစ်ကောင်စီအနေနဲ့ဆိုရင်လည်း ဒါက NUG တို့၊ CRPH တို့နဲ့ ဆွေးနွေးပြီးတော့ ပြဿနာတွေ ဖြေရှင်းဖို့ ဆိုတဲ့ဟာကို တွန်းအားတခုဖြစ်စေမယ်လို့ ကျနော်တော့ ယူဆတယ်။ ဒီပြဿနာမဖြေရှင်းနိုင်လို့ရှိရင် နောင်မှာ ရွေးကောက်ပွဲဖြစ်ပြီးတော့ ပေါ်လာမယ့်အစိုးရအထိပါ ဒီဥပဒေသက်ရောက်မှုကြောင့် အမေရိကန်ကတော့ ဆက်ပြီးတော့ ဒီဥပဒေအရ ဆက်ပြီး ဖိအားတွေ ပေးနေအုံးမယ်လို့မြင်ပါတယ်ဗျ။”
မြန်မာ့အရေးလေ့လာသူ နောက်တဦးဖြစ်တဲ့ ဒေါက်တာခင်ဇော်ဝင်းကလည်း စစ်ကောင်စီဘက်က တုံ့ပြန်လာနိုင်ခြေပေါ်မှာ ဦးရဲထွန်းနဲ့ အမြင်တူပါတယ်။

“ဒါပေမယ့် ဒီဥစ္စာက အဆုံးအဖြတ်ပေးမယ့်ဟာမျိုးတော့ မဟုတ်ဘူး။ အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကိုရှေ့တန်းတင်ပြီးတော့ 'အမလေး...အမေရိက က လုပ်ပါအုံး၊ ယူအဲန်က လုပ်ပါအုံး...' တွေ ဒီတခါမရှိတော့ဘူး။ အဲဒါလေးတော့ သိထားပါ။ ဒီတော့ ဘိုင်ဒန်က လက်မှတ်ထိုးလို့ ကူညီမယ်ဆိုလို့ရှိရင် ကျနော်တို့ ကြိုဆိုတယ်။ စောင့်တော့ကြည့်နေမယ်။ ဘာဖြစ်လာမလဲ၊ အမေရိကားက ဘာလုပ်မလဲ။ အဲဒါ စောင့်ကြည့်နေမှာပဲ။ ဒါကတော့ ...ရှင်းပါတယ်။”

ဒီဥပဒေပါ ပြဌာန်းချက်တွေကို သက်ဆိုင်ရာ အမေရိကန်အစိုးရဌာနတွေက တကယ်တမ်း အကောင်အထည်ဖော် လုပ်ဆောင်မယ်ဆိုရင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ဒီမိုကရေစီ ပြန်လည်ထူထောင်ရေး ကြိုးစားနေတဲ့ အင်အားစုတွေအတွက် အထောက်အကူဖြစ်စေမယ်လို့ ဦးရဲထွန်းက မြင်ပါတယ်။

“ဘာကြောင့်လဲဆိုတော့ (NUG) ကို အခုထက်ထိတော့ တရားဝင်အစိုးရအနေနဲ့အသိအမှတ်ပြုတဲ့နိုင်ငံ တနိုင်ငံမှ မရှိသေးဘူးပေါ့နော်။ ဥရောပက လွှတ်တော်တချို့ကတော့ ကျနော် အမှတ်မမှားဘူးဆိုရင် ပြင်သစ်လားမသိဘူး။ အဲလို လွှတ်တော်ကတော့ အသိအမှတ်ပြုတာမျိုးတော့ ရှိတယ်။ သို့သော် အစိုးရတရပ်အနေနဲ့ကတော့ အသိအမှတ်ပြုတာ အခုထက်ထိမရှိသေးဘူး။ အခုဟာကတော့ အဓိက က ဒီမိုကရေစီလိုလားတဲ့ အင်အားကြီး အမေရိကန်အစိုးရကို သူ့လွှတ်တော်က ဖိအားပေးမှု တရားဝင် ထွက်ပေါ်လာတယ်လို့ ပြောလို့ရတာပေါ့။”

ဒေါက်တာခင်ဇော်ဝင်းကတော့ အမေရိကန် ကာကွယ်ရေးအသုံးစရိတ် ဥပဒေထဲမှာကို အခုလို မြန်မာ့ဒီမိုကရေစီရေး ထောက်ခံအားပေးတဲ့ ပြဌာန်းချက်တွေ ထည့်သွင်းထားတာကို ကြိုဆိုပေမယ့် တကယ်တမ်း ဘာဖြစ်လာမလဲဆိုတာကိုတော့ စောင့်ကြည့်သွားမယ်လို့ ပြောပါတယ်။

“စစ်ကောင်စီဘက်ကတော့ ဒါတော့ လုံးဝ ကြည်မှာမဟုတ်ဘူးလေ။ မကြည်လည်း သူတို့ဘက်က ကြေညာချက်ထုတ်ပေါ့၊ ဟုတ်လား။ သူတို့က အားကိုးရတဲ့ နိုင်ငံကြီးတွေ ရှိနေတာကိုး။ အဲဒါနဲ့ပဲ စခန်းသွားမယ်ဆိုတဲ့သဘောမျိုးပေါ့ဗျာ။ သူတို့ဘက်ကတော့ လျှော့မှာမဟုတ်ဘူး။ နောက်ပြီးတော့ အမေရိကားကိုလည်း သူတို့က ပိုပြီးတော့ ဆန့်ကျင်လာမှာပဲ။ မလွန်ဆန်နိုင်လို့သာ ကြည့်နေတာ။ အဲဒီတော့ သူတို့အနေနဲ့ကတော့ ဒီဥစ္စာကို လုံးဝတော့ လက်ခံမှာမဟုတ်ဘူး။ ဒါကိုတော့ ...မြင်ပါတယ်။”

NDAA ဥပဒေပါ မြန်မာ့အရေး ပြဌာန်းချက်တွေအရ အမေရိကန် နိုင်ငံခြားရေး၊ ဘဏ္ဍာရေး၊ ကာကွယ်ရေး၊ ထောက်လှမ်းရေး စတဲ့ဌာနတွေက တာဝန်ရှိသူတွေဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ကွန်ဂရက်လွှတ်တော်မှာ အစီရင်ခံစာ တင်ပြကြရမှာဖြစ်ပါတယ်။

ဒီဥပဒေပြဌာန်းတဲ့နေ့ကနေ ရက်ပေါင်း ၆၀ အတွင်း တင်ပြရမယ်လို့ ဥပဒေထဲမှာပါရှိတဲ့အတွက် ရှေ့နှစ် ဖေဖော်ဝါရီလကုန်ပိုင်းလောက်မှာ ပထမဆုံးအကြိမ် အစီရင်ခံတင်ပြရမှာပါ။

အချုပ်အားဖြင့်ဆိုရင် မြန်မာနိုင်ငံရဲ့ လူသားဘေးဒုက္ခဆိုင်ရာ ကိစ္စရပ်တွေကို ဖြေရှင်းဖို့၊ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တရားဝင်အသိအမှတ်ပြုဖို့၊ စစ်ကောင်စီအပေါ် ဒဏ်ခတ်အရေးယူဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာဖို့ စတာတွေအပေါ် အမေရိကန်အစိုးရက ဘာတွေ တွန်းအားပေး လုပ်ဆောင်ထားတယ်ဆိုတာ သက်ဆိုင်ရာဌာနတွေက အစီရင်ခံတင်ပြကြရမှာဖြစ်ပါတယ်။

#MyanmarUS #USNDAA #BurmaDemocracy #VOABurmese #ဒေါက်တာခင်ဇော်ဝင်း #ဦးရဲထွန်း #ကျော်ကျော်သိန်း #စစ်ကောင်စီ #မြန်မာ့အရေးပြဌာန်းချက် #ဗွီအိုအေ
============

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG