သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္ကိုမတားဆီးႏိုင္တဲ႔ လံုျခံဳေရးေကာင္စီအေပၚ အတြင္းေရးမွဴးခ်ဳပ္ စိတ္ပ်က္


ယူကရိန္းကို ေရာက္ေနတဲ့ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres (ဘယ္)နဲ႔ ယူကရိန္းသမၼတ Volodymyr Zelensky (ညာ)

[[ ZAWGYI / UNICODE ]]

စစ္ကိုမတားဆီးႏိုင္တဲ႔ လံုျခံဳေရးေကာင္စီအေပၚ အတြင္းေရးမွဴးခ်ဳပ္ စိတ္ပ်က္

ယူကရိန္းကို ႐ုရွားရဲ႕ က်ဳးေက်ာ္ တိုက္ခိုက္မႈကို ဟန္႔တားဖို႔နဲ႔ အဆုံးသတ္ဖို႔ ကုလသမဂၢ လုံျခံဳေရးေကာင္စီက ပ်က္ကြက္ခဲ့ေၾကာင္း ၾကာသပေတးေန႔က Kyiv ၿမိဳ႕ေတာ္ကို ေရာက္ေနတဲ့ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres ကေျပာလိုက္ပါတယ္။

“ခပ္ရွင္းရွင္းပဲ ေျပာပါရေစ၊ စစ္ပဲြကို တားဆီးဖို႔နဲ႔ အဆုံးသတ္ဖို႔ လုံျခံဳေရးေကာင္စီက လုပ္ႏိုင္သေလာက္လုပ္ဖို႔ ပ်က္ကြက္ခဲ့ပါတယ္။ ဒါဟာ အင္မတန္မွ မေက်နပ္စရာ၊ စိတ္ပ်က္ ေဒါသထြက္စရာ ျဖစ္ရတဲ့ အေၾကာင္းရင္းတခုပါ။” လို႔ ယူကရိန္းသမၼတ Volodymyr Zelensky အတူ ပူးတဲြသတင္းစာရွင္းလင္းပဲြမွာ ကုလသမဂၢ အႀကီးအကဲက ေျပာခဲ့တာပါ။

စစ္ပဲြေၾကာင့္ အဓိပၸါယ္မဲ့ အသက္ဆုံး႐ႈံးမႈေတြ ထိခိုက္ပ်က္စီးမႈေတြ၊ လက္ခံႏိုင္စရာ မရွိတဲ့ လူ႔အခြင့္အေရးနဲ႔ စစ္ဥပေဒကို ခ်ဳိးေဖာက္မႈေတြလည္း ၾကံဳခဲ့ရေၾကာင္း၊ ႐ုရွားတပ္ဖဲြ႕ေတြရဲ႕ တိုက္ခိုက္မႈ ခံခဲ့ရတဲ့ ယူကရိန္းၿမိဳ႕ေတာ္အနီး ေဒသတဝိုက္ကို သြားေရာက္ၾကည့္႐ႈခဲ့တဲ့ အတြင္းေရးမွဴးခ်ဳပ္က ေျပာဆိုခဲ့ပါတယ္။ ႏိုင္ငံတကာ ရာဇ၀တ္ခုံ႐ုံးနဲ႔ ကုလသမဂၢ အဖဲြ႕အစည္းေတြအေနနဲ႔ လက္ေတြ႕က်က် တာ၀န္ခံမႈရွိေအာင္ လုပ္ၾကဖို႔ အေရးႀကီးေၾကာင္းလည္း ေျပာဆိုခဲ့တာပါ။

႐ုရွားရဲ႕ က်ဳးေက်ာ္တိုက္ခိုက္မႈဟာ ယူကရိန္းႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာနဲ႔ ကုလသမဂၢရဲ႕ ပဋိဉာဥ္ကို ခ်ဳိးေဖာက္ရာေရာက္ေၾကာင္း ကုလသမဂၢရဲ႕ သေဘာထား အေျပာင္းအလဲ မရွိေၾကာင္းနဲ႔ ဒီရပ္တည္ခ်က္ကိုလည္း ယူကရိန္းႏိုင္ငံမတိုင္ခင္ သြားခဲ့တဲ့ ႐ုရွားခရီးစဥ္မွာ ရွင္းရွင္းလင္းလင္း အသိေပးခဲ့ေၾကာင္းလည္း Kyiv ၿမိဳ႕ေတာ္က ယူကရိန္းသမၼတနဲ႔ ပူးတဲြ သတင္းစာရွင္းလင္းပဲြမွာ အတြင္းေရးမွဴးခ်ဳပ္က ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

= = = = = = = = = = =

{{ UNICODE }}

စစ်ကိုမတားဆီးနိုင်တဲ့ လုံခြုံရေးကောင်စီအပေါ် အတွင်းရေးမှူးချုပ် စိတ်ပျက်

ယူကရိန်းကို ရုရှားရဲ့ ကျုးကျော် တိုက်ခိုက်မှုကို ဟန့်တားဖို့နဲ့ အဆုံးသတ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပျက်ကွက်ခဲ့ကြောင်း ကြာသပတေးနေ့က Kyiv မြို့တော်ကို ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကပြောလိုက်ပါတယ်။

“ခပ်ရှင်းရှင်းပဲ ပြောပါရစေ၊ စစ်ပွဲကို တားဆီးဖို့နဲ့ အဆုံးသတ်ဖို့ လုံခြုံရေးကောင်စီက လုပ်နိုင်သလောက်လုပ်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ ဒါဟာ အင်မတန်မှ မကျေနပ်စရာ၊ စိတ်ပျက် ဒေါသထွက်စရာ ဖြစ်ရတဲ့ အကြောင်းရင်းတခုပါ။” လို့ ယူကရိန်းသမ္မတ Volodymyr Zelensky အတူ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ အကြီးအကဲက ပြောခဲ့တာပါ။

စစ်ပွဲကြောင့် အဓိပ္ပါယ်မဲ့ အသက်ဆုံးရှုံးမှုတွေ ထိခိုက်ပျက်စီးမှုတွေ၊ လက်ခံနိုင်စရာ မရှိတဲ့ လူ့အခွင့်အရေးနဲ့ စစ်ဥပဒေကို ချိုးဖောက်မှုတွေလည်း ကြုံခဲ့ရကြောင်း၊ ရုရှားတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှု ခံခဲ့ရတဲ့ ယူကရိန်းမြို့တော်အနီး ဒေသတဝိုက်ကို သွားရောက်ကြည့်ရှုခဲ့တဲ့ အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့ပါတယ်။ နိုင်ငံတကာ ရာဇဝတ်ခုံရုံးနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေအနေနဲ့ လက်တွေ့ကျကျ တာဝန်ခံမှုရှိအောင် လုပ်ကြဖို့ အရေးကြီးကြောင်းလည်း ပြောဆိုခဲ့တာပါ။

ရုရှားရဲ့ ကျုးကျော်တိုက်ခိုက်မှုဟာ ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ကုလသမဂ္ဂရဲ့ ပဋိဉာဉ်ကို ချိုးဖောက်ရာရောက်ကြောင်း ကုလသမဂ္ဂရဲ့ သဘောထား အပြောင်းအလဲ မရှိကြောင်းနဲ့ ဒီရပ်တည်ချက်ကိုလည်း ယူကရိန်းနိုင်ငံမတိုင်ခင် သွားခဲ့တဲ့ ရုရှားခရီးစဉ်မှာ ရှင်းရှင်းလင်းလင်း အသိပေးခဲ့ကြောင်းလည်း Kyiv မြို့တော်က ယူကရိန်းသမ္မတနဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG