သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကို ကူညီဖို့ နောက်ထပ် ဒေါ်လာ ၃၃ ဘီလျံ သမ္မတ Biden တောင်းခံ


ရုရှားရဲ့ကျူးကျော်စစ်အတွင်း သေဆုံးခဲ့ရတဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တဦး နောက်ဆုံးခရီးအတွက် Lviv မြို့က ဈာပနမြင်ကွင်းတခု
ရုရှားရဲ့ကျူးကျော်စစ်အတွင်း သေဆုံးခဲ့ရတဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တဦး နောက်ဆုံးခရီးအတွက် Lviv မြို့က ဈာပနမြင်ကွင်းတခု

[[ ZAWGYI / UNICODE ]]

ယူကရိန်းကို ကူညီဖို့ နောက်ထပ် ဒေါ်လာ ၃၃ ဘီလျံ သမ္မတ Biden တောင်းခံ

ရုရှားရဲ့ ကျုးကျော်မှုကို ခုခံနေတဲ့ ယူကရိန်းနိုင်ငံအတွက် ရှေ့လာမယ့် ၅ လအတွင်း နောက်ထပ် အကူအညီအဖြစ် ဒေါ်လာ ၃၃ ဘီလီယံ ပေးအပ်မယ့် အစီအစဉ်ကို ကွန်ဂရက်လွှတ်တော်က အတည်ပြုပေးဖို့ အမေရိကန်သမ္မတ Joe Biden တောင်းခံလိုက်ပါတယ်။

“ရုရှားနိုင်ငံကို တိုက်ခိုက်နေတာ မဟုတ်ပါဘူး။ ရုရှားရဲ့ ရန်လိုမှုကို ခုခံကာကွယ်ရာမှာ ယူကရိန်းကို အကူအညီပေးနေတာပါ။” လို့ ကြာသပတေးနေ့ အိမ်ဖြူတော်မှာ သမ္မတဘိုင်ဒင် ပြောကြားသွားတာပါ။

၂ လကျော်ကြာ ရုရှားရဲ့ ကျုးကျော်တိုက်ခိုက်မှုနဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်းအတွက် လက်နက်သစ်တွေနဲ့ စစ်ရေးအကူအညီအဖြစ် ဒေါ်လာ ဘီလီယံ ၂၀ ကျော်၊ စီးပွားရေး အကူအညီအဖြစ် ၈ ဘီလီယံခွဲနဲ့ စာနာမှု အကူအညီအဖြစ် ၃ ဘီလီယံ ပေးအပ်ဖို့ စီစဉ်ထားကြောင်း သမ္မတက အစီအစဉ်ကို မကြေညာခင်မှာပဲ အိမ်ဖြူတော်က သတင်းထုတ်ပြန် ထားပါတယ်။

လွှတ်တော်က အစောပိုင်းမှာ အတည်ပြုပေးထားတဲ့ ၁၃.၆ ဘီလီယံကတော့ မကြာသေးခင် သီတင်းပတ်တွေက လက်နက် တင်ပို့မှုတွေနဲ့အတူ ကုန်လုနီးပါး ဖြစ်နေပြီလို့လည်း သမ္မတဘိုင်ဒင်က ပြောပါတယ်။ ကွန်ဂရက် လွှတ်တော်မှာ နိုင်ငံရေးအရ သဘောထား ကွဲပြားတာတွေ ရှိပေမဲ့ ယူကရိန်းကို ဆက်လက် ကူညီထောက်ပံ့ဖို့ လက်ခံလိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။

ယူကရိန်းကို ထိန်းချုပ်ဖို့ ကြိုးပမ်းမှုတွေ အောင်မြင်မှု ရနိုင်မှာ မဟုတ်ကြောင်းလည်း ရုရှားသမ္မတ Vladimir Putin ကို တိုက်ရိုက်ရည်ညွှန်း ပြောဆိုခဲ့တာပါ။ ဒီသီတင်းပတ်ထဲမှာပဲ ပိုလန်နဲ့ ဘူလ်ဂေးရီးယား နိုင်ငံတွေကို သဘာဝဓာတ်ငွေ့ တင်ပို့မှုတွေ ဖြတ်တောက်လိုက်တဲ့ အပေါ်မှာလည်း ရုရှားသမ္မတကို ဝေဖန်လိုက်ပါတယ်။

ရုရှားသမ္မတနဲ့ နီးစပ်သူ သူဌေးကြီးတွေနဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေအပေါ် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ရှောင်ရှားဖို့ ရုရှားက အကျပ်ကိုင်တဲ့ လုပ်ရပ်ကို အမေရိကန်နဲ့ မဟာမိတ်တွေ လက်ခံမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

= = = = = = = = = = =








XS
SM
MD
LG