သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းမွာ ႐ုရွားက်ဴးလြန္တဲ႔ စစ္ရာဇဝတ္မႈ စံုစမ္းေရး ICC ပူးေပါင္းေဆာင္ရြက္မည္


UKRAINE-CRISIS/BUCHA-ICC

၂ လၾကာေနၿပီျဖစ္တဲ့ ယူကရိန္းကို ႐ုရွား ဝင္ေရာက္က်ဴးေက်ာ္မႈ အတြင္း ႐ုရွားဘက္က စစ္ရာဇဝတ္မႈေတြ က်ဴးလြန္ျခင္းရွိမရွိ ႏိုင္ငံတကာစံုစမ္းစစ္ေဆးမႈမွာ ပထမဆံုးအႀကိမ္အျဖစ္ ပါဝင္ေဆာင္ရြက္မွာ ျဖစ္ေၾကာင္း ICC ႏိုင္ငံတကာ ရာဇဝတ္မႈ တရားရံုးက တနလၤာေန႔မွာ ေျပာၾကားလိုက္ပါတယ္။

Zawgyi/Unicode

ယူကရိန္းမွာ ႐ုရွားက်ဴးလြန္တဲ႔ စစ္ရာဇဝတ္မႈ စံုစမ္းေရး ICC ပူးေပါင္းေဆာင္ရြက္မည္

၂ လၾကာေနၿပီျဖစ္တဲ့ ယူကရိန္းကို ႐ုရွား ဝင္ေရာက္က်ဴးေက်ာ္မႈ အတြင္း ႐ုရွားဘက္က စစ္ရာဇဝတ္မႈေတြ က်ဴးလြန္ျခင္းရွိမရွိ ႏိုင္ငံတကာစံုစမ္းစစ္ေဆးမႈမွာ ပထမဆံုးအႀကိမ္အျဖစ္ ပါဝင္ေဆာင္ရြက္မွာ ျဖစ္ေၾကာင္း ICC ႏိုင္ငံတကာ ရာဇဝတ္မႈ တရားရံုးက တနလၤာေန႔မွာ ေျပာၾကားလိုက္ပါတယ္။

ICC ေရွ႕ေန Karim Khan ဟာ Lithuania ၊ ပိုလန္နဲ႔ ယူကရိန္းႏိုင္ငံေတြက အစိုးရေရွ႕ေနခ်ဳပ္ေတြနဲ႔ လက္တြဲေဆာင္ရြက္ဖို႔ သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုး ခဲ့တယ္လို႔ ဥေရာပသမဂၢ ရာဇဝတ္မႈဆိုင္ရာ တရားေရးပူးေပါင္းေဆာင္ရြက္တဲ့ (Eurojust) အဖြဲ႔က ေျပာပါတယ္။ ယူကရိန္းမွာ က်ဴးလြန္တာခံရတဲ့ ႏိုင္ငံတကာ ရာဇဝတ္မႈေတြ အတြက္ အခ်က္အလက္ေတြကို ထိထိေရာက္ေရာက္ စုေဆာင္းမွာ ျဖစ္ၿပီး က်ဴးလြန္သူေတြ အပစ္ဒဏ္က်ခံရေစဖို႔ လုပ္မွာ ျဖစ္ေၾကာင္း ဒီသေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးထားတဲ့ အဖြဲ႔ေတြက ျပတ္ျပတ္သားသား သတင္းစကား ပါးလိုက္တာ ျဖစ္ေၾကာင္းလည္း Eurojust ရဲ႕ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

ယူကရိန္း္မွာ က်ဴးေက်ာ္တိုက္ခိုက္တဲ့ ႐ုရွားေတြ စစ္ရာဇဝတ္မႈေတြ၊ လူသားထုအေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈေတြ က်ဴးလြန္မႈ ရွိမရွိ အခ်က္အလက္ေတြကို မွ်ေဝဖို႔ ၿပီးခဲ့တဲ့ လထဲမွာပဲ Lithuania ပိုလန္နဲ႔ ယူကရိန္းတို႔ လက္မွတ္ေရးထိုးထားတာ ျဖစ္ပါတယ္။

ဒီက်ဴးေက်ာ္စစ္ကေန ဧၿပီလ လယ္အထိ ဆို ယူကရိန္း အရပ္သား ၂၀၀၀ ေလာက္ အသတ္ခံခဲ့ရတယ္လို႔ ကုလသမဂၢက ေျပာေပမယ့္ ႐ုရွားကေတာ့ သူတို႔ဟာ အရပ္သားေတြကို ပစ္မွတ္ထားတာ မဟုတ္ဖူးလို႔ ျငင္းဆိုထားပါတယ္။

##

တိုက္႐ိုက္ လင့္ခ္

ယူကရိန်းမှာ ရုရှားကျူးလွန်တဲ့ စစ်ရာဇဝတ်မှု စုံစမ်းရေး ICC ပူးပေါင်းဆောင်ရွက်မည်

၂ လကြာနေပြီဖြစ်တဲ့ ယူကရိန်းကို ရုရှား ဝင်ရောက်ကျူးကျော်မှု အတွင်း ရုရှားဘက်က စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခြင်းရှိမရှိ နိုင်ငံတကာစုံစမ်းစစ်ဆေးမှုမှာ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ဆောင်ရွက်မှာ ဖြစ်ကြောင်း ICC နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

ICC ရှေ့နေ Karim Khan ဟာ Lithuania ၊ ပိုလန်နဲ့ ယူကရိန်းနိုင်ငံတွေက အစိုးရရှေ့နေချုပ်တွေနဲ့ လက်တွဲဆောင်ရွက်ဖို့ သဘောတူညီချက်ကို လက်မှတ်ရေးထိုး ခဲ့တယ်လို့ ဥရောပသမဂ္ဂ ရာဇဝတ်မှုဆိုင်ရာ တရားရေးပူးပေါင်းဆောင်ရွက်တဲ့ (Eurojust) အဖွဲ့က ပြောပါတယ်။ ယူကရိန်းမှာ ကျူးလွန်တာခံရတဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေ အတွက် အချက်အလက်တွေကို ထိထိရောက်ရောက် စုဆောင်းမှာ ဖြစ်ပြီး ကျူးလွန်သူတွေ အပစ်ဒဏ်ကျခံရစေဖို့ လုပ်မှာ ဖြစ်ကြောင်း ဒီသဘောတူညီချက်ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေက ပြတ်ပြတ်သားသား သတင်းစကား ပါးလိုက်တာ ဖြစ်ကြောင်းလည်း Eurojust ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ယူကရိန်းမှာ ကျူးကျော်တိုက်ခိုက်တဲ့ ရုရှားတွေ စစ်ရာဇဝတ်မှုတွေ၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်မှု ရှိမရှိ အချက်အလက်တွေကို မျှဝေဖို့ ပြီးခဲ့တဲ့ လထဲမှာပဲ Lithuania ပိုလန်နဲ့ ယူကရိန်းတို့ လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။

ဒီကျူးကျော်စစ်ကနေ ဧပြီလ လယ်အထိ ဆို ယူကရိန်း အရပ်သား ၂၀၀၀ လောက် အသတ်ခံခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောပေမယ့် ရုရှားကတော့ သူတို့ဟာ အရပ်သားတွေကို ပစ်မှတ်ထားတာ မဟုတ်ဖူးလို့ ငြင်းဆိုထားပါတယ်။

XS
SM
MD
LG