သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းပဋိပကၡအဆုံးသတ္ေရးအတြက္ တ႐ုတ္ ပါ၀င္ေဆာင္ရြက္လို


ေဘက်င္းၿမိဳ႕မွာ က်င္းပေနတဲ့ လုံၿခဳံေရးညီလာခံ "Lanting Forum" အတြင္းေတြ႔ရတဲ့ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ခ်င္ဂန္ (Qin Gang) (ေဖေဖာ္ဝါရီ ၂၁၊ ၂၀၂၃)

႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္တဲ့ စစ္ပြဲမွာ ႏိုင္ငံေရးအရ အခိုင္အမာ ေက်ာေထာက္ေနာက္ခံ တ႐ုတ္က ယူကရိန္းပဋိပကၡ အဆုံးသတ္ေရးမွာ အခန္းက႑တစ္ရပ္က ပါဝင္လိုတယ္လို႔ တ႐ုတ္ ႏိုင္ငံျခားေရးဝန္ႀကီးက ဒီကေန႔ ေဖဖေ္ာဝါရီ ၂၁ ရက္ေန႔မွာ ေျပာလိုက္ပါတယ္။

တစ္ႏွစ္နီးပါး ၾကာလာၿပီျဖစ္တဲ့ ယူကရိန္းစစ္ပြဲဟာ ထိန္းမႏိုင္သိမ္းမရ ပိုဆိုးသြားႏိုင္တာကို တ႐ုတ္က စိုးရိမ္ေၾကာင္း ေဘက်င္းၿမိဳ႕မွာ က်င္းပေနတဲ့ လုံၿခဳံေရးညီလာခံတစ္ခုမွာ ႏိုင္ငံျခားေရးဝန္ႀကီး ခ်င္ဂန္ (Qin Gang) က ေျပာလိုက္တာ ျဖစ္ပါတယ္။ ၿငိမ္းခ်မ္းေရး ေဆြးေႏြးဝိုင္းလုပ္ဖို႔ တ႐ုတ္က ဆက္လက္ တိုက္တြန္းေနမွာျဖစ္ၿပီး၊ သေဘာတူညီခ်က္ရရွိေအာင္ တ႐ုတ္ရဲ႕ ပညာဥာဏ္နဲ႔ ေဆာင္႐ြက္မွာ ျဖစ္တယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးခ်င္ဂန္က ဆိုပါတယ္။

ဒီအခ်ိန္မွာပဲ ယခင္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ျဖစ္ခဲ့ၿပီး၊ တ႐ုတ္ ကြန္ျမဴနစ္ပါတီ ႏိုင္ငံျခားေရးရာေကာ္မရွင္႐ုံး ၫႊန္ၾကားေရးမႉးအျဖစ္ လက္ရွိတာဝန္ယူထားတဲ့ မစၥတာဝမ္ယီဟာ ျမဴးနစ္ လုံၿခဳံေရးညီလာခံကေန ႐ုရွားႏိုင္ငံကို ေရာက္ရွိေနပါတယ္။ မစၥတာ ဝမ္ယီနဲ႔ ႐ုရွားသမၼတ ပူတင္တို႔ မေတြ႕ဘူးလို႔ မေျပာႏိုင္ေၾကာင္း ႐ုရွားအစိုးရ ေျပာေရးဆိုခြင့္ရွိသူ Dmitry Peskov က မေန႔ တနလၤာေန႔မွာ သတင္းေထာက္ေတြကို ေျပာပါတယ္။

႐ုရွားရဲ႕ က်ဴးေက်ာ္စစ္နဲ႔ ရက္စက္ၾကမ္းၾကဳတ္မႈေတြကို တ႐ုတ္က ရႈတ္ခ်ဖို႔ ျငင္းဆိုခဲ့ၿပီး၊ ႐ုရွားအေပၚ ပိတ္ဆို႔အေရးယူတာကို တ႐ုတ္က ဆန႔္က်င္ခဲ့ပါတယ္။ အေမရိကန္ကို ဆန႔္က်င္ဖို႔အတြက္ တ႐ုတ္နဲ႔ ႐ုရွား မဟာမိတ္ဖြဲ႕ထားတာက အကန႔္အသတ္မရွိဘူးလို႔ ယူကရိန္းကို မက်ဴးေက်ာ္မီမွာ ေၾကညာခဲ့ၾကတာပါ။

တိုက္႐ိုက္ လင့္ခ္

[Unicode]

ယူကရိန်းပဋိပက္ခအဆုံးသတ်ရေးအတွက် တရုတ် ပါဝင်ဆောင်ရွက်လို

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့ စစ်ပွဲမှာ နိုင်ငံရေးအရ အခိုင်အမာ ကျောထောက်နောက်ခံ တရုတ်က ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေးမှာ အခန်းကဏ္ဍတစ်ရပ်က ပါဝင်လိုတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ ဖေဖေ်ာဝါရီ ၂၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။

တစ်နှစ်နီးပါး ကြာလာပြီဖြစ်တဲ့ ယူကရိန်းစစ်ပွဲဟာ ထိန်းမနိုင်သိမ်းမရ ပိုဆိုးသွားနိုင်တာကို တရုတ်က စိုးရိမ်ကြောင်း ဘေကျင်းမြို့မှာ ကျင်းပနေတဲ့ လုံခြုံရေးညီလာခံတစ်ခုမှာ နိုင်ငံခြားရေးဝန်ကြီး ချင်ဂန် (Qin Gang) က ပြောလိုက်တာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးဝိုင်းလုပ်ဖို့ တရုတ်က ဆက်လက် တိုက်တွန်းနေမှာဖြစ်ပြီး၊ သဘောတူညီချက်ရရှိအောင် တရုတ်ရဲ့ ပညာဉာဏ်နဲ့ ဆောင်ရွက်မှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးချင်ဂန်က ဆိုပါတယ်။

ဒီအချိန်မှာပဲ ယခင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဖြစ်ခဲ့ပြီး၊ တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူးအဖြစ် လက်ရှိတာဝန်ယူထားတဲ့ မစ္စတာဝမ်ယီဟာ မြူးနစ် လုံခြုံရေးညီလာခံကနေ ရုရှားနိုင်ငံကို ရောက်ရှိနေပါတယ်။ မစ္စတာ ဝမ်ယီနဲ့ ရုရှားသမ္မတ ပူတင်တို့ မတွေ့ဘူးလို့ မပြောနိုင်ကြောင်း ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က မနေ့ တနင်္လာနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ်နဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို တရုတ်က ရှုတ်ချဖို့ ငြင်းဆိုခဲ့ပြီး၊ ရုရှားအပေါ် ပိတ်ဆို့အရေးယူတာကို တရုတ်က ဆန့်ကျင်ခဲ့ပါတယ်။ အမေရိကန်ကို ဆန့်ကျင်ဖို့အတွက် တရုတ်နဲ့ ရုရှား မဟာမိတ်ဖွဲ့ထားတာက အကန့်အသတ်မရှိဘူးလို့ ယူကရိန်းကို မကျူးကျော်မီမှာ ကြေညာခဲ့ကြတာပါ။

XS
SM
MD
LG