ဂ်ာမနီႏိုင္ငံ Munich ၿမိဳ႕မွာ က်င္းပေနတဲ့ Munich Security Conference လုံျခဳံေရးညီလာခံ ဒုတိယေန႔မွာ ႐ု႐ွားတို႔ က်ဴးေက်ာ္တိုက္ေနတဲ့ ယူကရိန္းအေပၚ ေနာက္ထပ္ ဘယ္လိုအကူအညီေတြ ေပးမလဲဆိုတာ EU ဥေရာပသမဂၢ၊ အေမရိကန္နဲ႔ ၿဗိတိန္ႏိုင္ငံေခါင္းေဆာင္ေတြ ေဆြးေႏြးေနၾကပါတယ္။
ဒီေန႔ ညီလာခံမွာ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken၊ ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီး James Cleverly တို႔အျပင္ ယူကရိန္းႏိုင္ငံျခားေရးဝန္ႀကီးတို႔ တက္ေရာက္ပါတယ္။ ႏွစ္စဥ္ ကမၻာ့ေခါင္းေဆာင္ေတြ၊ ႏိုင္ငံေရးသမားေရး လုံျခံဳေရးဆိုင္ရာကြၽမ္းက်င္သူေတြ တက္ေရာက္ၾကတဲ့ ညီလာခံမွာ ႐ု႐ွားေခါင္းေဆာင္ေတြကို အႏွစ္ ၂၀ အတြင္း ပထမဆုံးအႀကိမ္ ဖိတ္ၾကားမခံရပါဘူး။
ယူကရိန္းအတြက္ အလြန္အမင္း လိုအပ္ေနတဲ့ လက္နက္ေတြ ပံ့ပိုးႏိုင္ဖို႔ EU ဥေရာပသမဂၢအေနနဲ႔ လက္နက္ထုတ္လုပ္မႈေတြကို အ႐ွိန္ျမႇင့္ တိုးထုတ္လုပ္သင့္ၿပီလို႔ ဥေရာပေကာ္မ႐ွင္ဥကၠ႒ Ursula von der Leyen ဒီေန႔ စေနေန ညီလာခံမွာ ေျပာၾကားခဲ့ပါတယ္။ EU အေနနဲ႔ အသင့္ျဖစ္ေအာင္ျပင္ထားတဲ့ လက္နက္ေတြေလ်ာ့မသြားေအာင္၊ ဒါမွမဟုတ္ ၁၅၅ မမ အေျမႇာက္ဆံလို လက္နက္ေတြကို ယူကရိန္းကို ပို႔ေဆာင္ႏိုင္ေအာင္ လေတြႏွစ္ေတြနဲ႔ခ်ီ ေစာင့္မေနႏိုင္ဘူးဆိုတာကို ဥေရာပေကာ္မ႐ွင္ဥကၠ႒က ေထာက္ျပေျပာသြားပါတယ္။
NATO အဖြဲ႔အႀကီးအကဲ Jens Stoltenberg ကလည္း NATO အဖြဲ႔ကို ခ်ဲ႕ထြင္ဖို႔ အခ်ိန္ေရာက္ေနၿပီလို႔ ဒီေန႔ညီလာခံမွာ ေျပာၾကားခဲ့ပါတယ္။ ယူကရိန္းအေပၚ႐ု႐ွားတို႔ဝင္ေရာက္စစ္တိုက္တာကို တ႐ုတ္က အနီးကပ္ေစာင့္ၾကည့္ေနတယ္လို႔ သူကေျပာၿပီး ဥေရာပမွာ ဒီေန႔ျဖစ္ေနတာက အာ႐ွမွာ မနက္ျဖန္ ျဖစ္လာႏိုင္တယ္လ္ု႔ NATO အဖြဲ႔ အတြင္းေရးမႉးခ်ဳပ္ Stoltenberg က ေျပာၾကားခဲ့ပါတယ္။
July လမွာ က်င္းပမယ့္ NATO ထိပ္သီးညီလာခံက်ရင္ Finland နဲ႔ Sweden ကို အဖြဲ႔ဝင္သစ္ေတြအျဖစ္ တရားဝင္အသိအမွတ္ျပဳႏိုင္ေရး သူႀကိဳးစားလုပ္ေနတယ္လို႔လည္း ဒီေန႔ ေျပာၾကားသြားပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ February လကုန္ပိုင္းက ယူကရိန္းကို ႐ု႐ွားက်ဴးေက်ာ္စစ္ စတင္ခဲ့ၿပီးေနာက္ NATO အဖြဲ႔ထဲဝင္ဖို႔ Finland နဲ႔ Sweden ႏိုင္ငံတို႔ ေလွ်ာက္ထားခဲ့ၾကပါတယ္။ အဲဒီေလွ်ာက္ထားခ်က္ကို Hungary နဲ႔ Turkey ၂ ႏိုင္ငံကလြဲလို႔ က်န္တဲ့ NATO အဖြဲ႔ဝင္ေတြက လက္ခံအတည္ျပဳထားတပါတယ္။
=== Unicode ===
ဂျာမနီနိုင်ငံ Munich မြို့မှာ ကျင်းပနေတဲ့ Munich Security Conference လုံခြုံရေးညီလာခံ ဒုတိယနေ့မှာ ရုရှားတို့ ကျူးကျော်တိုက်နေတဲ့ ယူကရိန်းအပေါ် နောက်ထပ် ဘယ်လိုအကူအညီတွေ ပေးမလဲဆိုတာ EU ဥရောပသမဂ္ဂ၊ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံခေါင်းဆောင်တွေ ဆွေးနွေးနေကြပါတယ်။
ဒီနေ့ ညီလာခံမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး James Cleverly တို့အပြင် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးတို့ တက်ရောက်ပါတယ်။ နှစ်စဉ် ကမ္ဘာ့ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားရေး လုံခြုံရေးဆိုင်ရာကျွမ်းကျင်သူတွေ တက်ရောက်ကြတဲ့ ညီလာခံမှာ ရုရှားခေါင်းဆောင်တွေကို အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ဖိတ်ကြားမခံရပါဘူး။
ယူကရိန်းအတွက် အလွန်အမင်း လိုအပ်နေတဲ့ လက်နက်တွေ ပံ့ပိုးနိုင်ဖို့ EU ဥရောပသမဂ္ဂအနေနဲ့ လက်နက်ထုတ်လုပ်မှုတွေကို အရှိန်မြှင့် တိုးထုတ်လုပ်သင့်ပြီလို့ ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen ဒီနေ့ စနေနေ ညီလာခံမှာ ပြောကြားခဲ့ပါတယ်။ EU အနေနဲ့ အသင့်ဖြစ်အောင်ပြင်ထားတဲ့ လက်နက်တွေလျော့မသွားအောင်၊ ဒါမှမဟုတ် ၁၅၅ မမ အမြှောက်ဆံလို လက်နက်တွေကို ယူကရိန်းကို ပို့ဆောင်နိုင်အောင် လတွေနှစ်တွေနဲ့ချီ စောင့်မနေနိုင်ဘူးဆိုတာကို ဥရောပကော်မရှင်ဥက္ကဋ္ဌက ထောက်ပြပြောသွားပါတယ်။
NATO အဖွဲ့အကြီးအကဲ Jens Stoltenberg ကလည်း NATO အဖွဲ့ကို ချဲ့ထွင်ဖို့ အချိန်ရောက်နေပြီလို့ ဒီနေ့ညီလာခံမှာ ပြောကြားခဲ့ပါတယ်။ ယူကရိန်းအပေါ်ရုရှားတို့ဝင်ရောက်စစ်တိုက်တာကို တရုတ်က အနီးကပ်စောင့်ကြည့်နေတယ်လို့ သူကပြောပြီး ဥရောပမှာ ဒီနေ့ဖြစ်နေတာက အာရှမှာ မနက်ဖြန် ဖြစ်လာနိုင်တယ်လ်ု့ NATO အဖွဲ့ အတွင်းရေးမှူးချုပ် Stoltenberg က ပြောကြားခဲ့ပါတယ်။
July လမှာ ကျင်းပမယ့် NATO ထိပ်သီးညီလာခံကျရင် Finland နဲ့ Sweden ကို အဖွဲ့ဝင်သစ်တွေအဖြစ် တရားဝင်အသိအမှတ်ပြုနိုင်ရေး သူကြိုးစားလုပ်နေတယ်လို့လည်း ဒီနေ့ ပြောကြားသွားပါတယ်။ ပြီးခဲ့တဲ့နှစ် February လကုန်ပိုင်းက ယူကရိန်းကို ရုရှားကျူးကျော်စစ် စတင်ခဲ့ပြီးနောက် NATO အဖွဲ့ထဲဝင်ဖို့ Finland နဲ့ Sweden နိုင်ငံတို့ လျှောက်ထားခဲ့ကြပါတယ်။ အဲဒီလျှောက်ထားချက်ကို Hungary နဲ့ Turkey ၂ နိုင်ငံကလွဲလို့ ကျန်တဲ့ NATO အဖွဲ့ဝင်တွေက လက်ခံအတည်ပြုထားတပါတယ်။