သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္မွာ TikTok လူသုံးမ်ားလာေရး စည္း႐ုံးလႈံ႕ေဆာ္မႈ တိုးလုပ္လာ


အိုင္ဖုန္းမ်က္ႏွာျပင္ေပၚက TikTok app

တ႐ုတ္လူမႈကြန္ယက္ ေဖ်ာ္ေျဖေရး App တခုျဖစ္တဲ့ TikTok ရဲ႕ မိခင္ ကုမၼဏီ ByteDance ဟာ အေမရိကန္ျပည္ေထာင္စုနဲ႔ တ႐ုတ္ ႏွစ္ႏိုင္ငံ ဆက္ဆံေရး အဆင္မေျပျဖစ္ေနတဲ့ ကာလ ၂၀၂၀ ခုႏွစ္ကတည္းက အေမရိကန္ျပည္ေထာင္စုအတြင္း TikTok အသုံးမ်ားလာေအာင္ Lobby လုပ္ စည္း႐ုံးတာေတြ တိုးလုပ္လာခဲ့တယ္လို႔ အသစ္ထြက္လာတဲ့ OpenSecrets အဖြဲ႕ရဲ႕ စာရင္းမွာ ေဖၚျပပါတယ္။ အေမရိကန္ ဖက္ဒရယ္အစိုးရ လက္ခံလာဖို႔အတြက္ Lobby လုပ္စည္း႐ုံးသိမ္းသြင္းတဲ့အထဲမွာ စတုထၳေျမာက္ ေငြကုန္ေၾကးက် အမ်ားဆုံး အကုန္ခံတဲ့ Internet ကုမၸဏီလည္း ျဖစ္ေနပါတယ္။
လူမႈကြန္ယက္မွာ ဗြီဒီယို အတိုေလးေတြ တင္တဲ့ TikTok အပါအဝင္ ByteDance နဲ႔ ကုမၸဏီ လက္ခြဲေတြက ၂၀၂၀ ခုႏွစ္ ေနာက္ပိုင္း အေမရိကန္ျပည္ေထာင္စုအတြင္း ပိုမိုအသုံးျပဳခြင့္ရေရး ေလာ္ဘီလုပ္ဖို႔ ေဒၚလာ ၁၃ သန္း အသုံးျပဳခဲ့တဲ့အေၾကာင္း ဝါရွင္တန္အေျခဆိုက္ Lobby လုပ္သူေတြရဲ႕ ကုန္က်စရိတ္နဲ႔ အခ်က္အလက္ ရွာေဖြတဲ့ OpenSecrets အဖြဲ႕ရဲ႕ စာရင္းေတြမွာ ေဖၚျပထားတာပါ။ Amazon ကုမၸဏီက ေဒၚလာ ၁၉ ဒသမ ၇ သန္း၊ Google ရဲ႕ ကုမၸဏီက ၁၁ သန္းနဲ႔ Facebook ကုမၸဏီက ေဒၚလာ ၁၉ သန္း ပိုသုံးခဲ့တယ္လို႔ OpenSecrets အဖြဲ႕က စာရင္းထုတ္ျပန္ပါတယ္။
ByteDance နဲ႔ တ႐ုတ္အစိုးရအၾကား ဆက္ႏြယ္မႈေၾကာင့္ TikTok App ကို အသုံးျပဳမယ္ဆိုရင္ လုံျခဳ႕ေရးအရ စိတ္မခ်ရတဲ့အတြက္ အႏၲရာယ္ရွိတဲ့အေၾကာင္း အေမရိကန္ အရာရွိေတြက သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

အမေရိကန်မှာ TikTok လူသုံးများလာရေး စည်းရုံးလှုံ့ဆော်မှု တိုးလုပ်လာ

တရုတ်လူမှုကွန်ယက် ဖျော်ဖြေရေး App တခုဖြစ်တဲ့ TikTok ရဲ့ မိခင် ကုမ္မဏီ ByteDance ဟာ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး အဆင်မပြေဖြစ်နေတဲ့ ကာလ ၂၀၂၀ ခုနှစ်ကတည်းက အမေရိကန်ပြည်ထောင်စုအတွင်း TikTok အသုံးများလာအောင် Lobby လုပ် စည်းရုံးတာတွေ တိုးလုပ်လာခဲ့တယ်လို့ အသစ်ထွက်လာတဲ့ OpenSecrets အဖွဲ့ရဲ့ စာရင်းမှာ ဖေါ်ပြပါတယ်။ အမေရိကန် ဖက်ဒရယ်အစိုးရ လက်ခံလာဖို့အတွက် Lobby လုပ်စည်းရုံးသိမ်းသွင်းတဲ့အထဲမှာ စတုထ္ထမြောက် ငွေကုန်ကြေးကျ အများဆုံး အကုန်ခံတဲ့ Internet ကုမ္ပဏီလည်း ဖြစ်နေပါတယ်။
လူမှုကွန်ယက်မှာ ဗွီဒီယို အတိုလေးတွေ တင်တဲ့ TikTok အပါအဝင် ByteDance နဲ့ ကုမ္ပဏီ လက်ခွဲတွေက ၂၀၂၀ ခုနှစ် နောက်ပိုင်း အမေရိကန်ပြည်ထောင်စုအတွင်း ပိုမိုအသုံးပြုခွင့်ရရေး လော်ဘီလုပ်ဖို့ ဒေါ်လာ ၁၃ သန်း အသုံးပြုခဲ့တဲ့အကြောင်း ဝါရှင်တန်အခြေဆိုက် Lobby လုပ်သူတွေရဲ့ ကုန်ကျစရိတ်နဲ့ အချက်အလက် ရှာဖွေတဲ့ OpenSecrets အဖွဲ့ရဲ့ စာရင်းတွေမှာ ဖေါ်ပြထားတာပါ။ Amazon ကုမ္ပဏီက ဒေါ်လာ ၁၉ ဒသမ ၇ သန်း၊ Google ရဲ့ ကုမ္ပဏီက ၁၁ သန်းနဲ့ Facebook ကုမ္ပဏီက ဒေါ်လာ ၁၉ သန်း ပိုသုံးခဲ့တယ်လို့ OpenSecrets အဖွဲ့က စာရင်းထုတ်ပြန်ပါတယ်။
ByteDance နဲ့ တရုတ်အစိုးရအကြား ဆက်နွယ်မှုကြောင့် TikTok App ကို အသုံးပြုမယ်ဆိုရင် လုံခြု့ရေးအရ စိတ်မချရတဲ့အတွက် အန္တရာယ်ရှိတဲ့အကြောင်း အမေရိကန် အရာရှိတွေက သတိပေးထားပါတယ်။

XS
SM
MD
LG