တရုတ္ႏုိင္ငံကနာမည္ႀကီး လူႀကိဳက္မ်ားတဲ့ TikTok App ေတြကို အေမရိကန္ေအာက္လႊတ္ေတာ္ရဲ ႔ ဖုန္းေတြမွာ အသုံးျပဳခြင့္ပိတ္ပင္လိုက္တယ္လို႔ ေအာက္လႊတ္ေတာ္အုပ္ခ်ဳပ္ေရးရုံး ကေျပာပါတယ္။ အေမရိကန္အစိုးရနဲ႔ဆက္စပ္ေနတဲ့ ပစၥည္း အားလုံးမွာပါ ပိတ္ပင္မယ့္ ဥပေဒတရပ္ မၾကာခင္ထြက္လာေတာ့မယ္လို႔လည္း ေျပာပါတယ္။ လုံၿခဳံေရးနဲ႔ပတ္သက္ၿပီး အႏၱရာယ္မ်ားလွတဲ့အတြက္ ေအာက္လႊတ္ေတာ္ရဲ ႔ႀကီးၾကပ္မႈေအာက္က အီလက္ထေရာနစ္ပစၥည္းေတြအားလုံးကေန TikTok App ကိုဖ်က္ပစ္ဖို႔ ေအာက္လႊတ္ေတာ္အမတ္ေတြနဲ႔ ၀န္ထမ္းအားလုံးကို အုပ္ခ်ဳပ္ေရးအဖြဲ႔ အႀကီးအကဲ CAO က အဂၤါေန႔မွာ အေၾကာင္းၾကားခဲ့တာပါ။
Beijing အေျခစိုက္ ByteDance လီမီတက္ပိုင္ TikTok App ေတြကို ျပည္နယ္အစိုးရပိုင္ ပစၥည္းေတြကေန အသံုးျပဳမျပဳဖို႔ တားျမစ္ခ်က္ေတြထြက္လာၿပီးတဲ့ေနာက္ ေအာက္လႊတ္ေတာ္က ခုလိုေဆာင္ရြက္လိုက္တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့သီတင္းပတ္ထိ ျပည္နယ္အစိုးရ အုပ္ခ်ဳပ္မႈေအာက္က အီလက္ထေရာနစ္ပစၥည္းေတြကေန TikTok App အသုံးျပဳမႈ တစိတ္တပုိင္း တားျမစ္ထားတဲ့ ျပည္နယ္ ၁၉ ခုထိ ရွိပါတယ္။
TikTok App ကိုအသုံးခ်ၿပီး တရုတ္အစိုးရက အေမရိကန္ျပည္သူေတြကို ေျခရာေကာက္တာမ်ိဳးေတြလုပ္လာမွာ စိုးရိမ္တဲ့အတြက္ အဲဒီလိုတားျမစ္လိုက္တာပါ။ ၿပီးခဲ့တဲ့တပတ္ကအထက္လႊတ္ေတာ္က အတည္ျပဳလိုက္တဲ့ အစိုးရအသုံးစားရိတ္ ေဒၚလာ ၁.၆၆ ထရီလီယံထဲမွာ ဖယ္ဒရယ္အစိုးရပိုင္ အီလက္ထေရာနစ္ပစၥည္းေတြမွာ TikTok app ေတြ တားျမစ္မယ့္ သတ္မွတ္ခ်က္လည္းပါ၀င္ပါတယ္။ သမၼတ ဂ်ိဳးဘုိင္ဒန္လက္မွတ္ထိုးအတည္ျပဳၿပီးရင္ေတာ့ ဒီတားျမစ္ခ်က္ေတြ ဥပေဒအျဖစ္အသက္၀င္လာေတာ့မွာျဖစ္ပါတယ္။ TikTok ကေတာ့ ဒီကိစၥနဲ႔ပတ္သက္လိ႔ု ခ်က္ခ်င္း တုန္႔ျပန္ေျပာဆိုတာမရွိေသးပါဘူး။ အေမရိကန္လႊတ္ေတာ္အမတ္ေတြကလည္း TikTok App ကို တႏုိင္ငံလုံးမွာ တားျမစ္ဖို႔ အႀကံျပဳတင္ျပထားၾကပါတယ္။
Unicode
တရုတ်နိုင်ငံကနာမည်ကြီး လူကြိုက်များတဲ့ TikTok App တွေကို အမေရိကန်အောက်လွှတ်တော်ရဲ့ ဖုန်းတွေမှာ အသုံးပြုခွင့်ပိတ်ပင်လိုက်တယ်လို့ အောက်လွှတ်တော်အုပ်ချုပ်ရေး ရုံး ကပြောပါတယ်။ အမေရိကန်အစိုးရနဲ့ဆက်စပ်နေတဲ့ ပစ္စည်း အားလုံးမှာပါ ပိတ်ပင်မယ့် ဥပဒေတရပ် မကြာခင်ထွက်လာတော့မယ်လို့လည်း ပြောပါတယ်။ လုံခြုံရေးနဲ့ပတ်သက်ပြီး အန္တရာယ်များလှတဲ့အတွက် အောက်လွှတ်တော်ရဲ့ကြီးကြပ်မှုအောက်က အီလက်ထရောနစ်ပစ္စည်းတွေအားလုံးကနေ TikTok App ကိုဖျက်ပစ်ဖို့ အောက်လွှတ်တော်အမတ်တွေနဲ့ ဝန်ထမ်းအားလုံးကို အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲ CAO က အင်္ဂါနေ့မှာ အကြောင်းကြားခဲ့တာပါ။
Beijing အခြေစိုက် ByteDance လီမီတက်ပိုင် TikTok App တွေကို ပြည်နယ်အစိုးရပိုင် ပစ္စည်းတွေကနေ အသုံးပြုမပြုဖို့ တားမြစ်ချက်တွေထွက်လာပြီးတဲ့နောက် အောက်လွှတ်တော်က ခုလိုဆောင်ရွက်လိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ထိ ပြည်နယ်အစိုးရ အုပ်ချုပ်မှုအောက်က အီလက်ထရောနစ်ပစ္စည်းတွေကနေ TikTok App အသုံးပြုမှု တစိတ်တပိုင်း တားမြစ်ထားတဲ့ ပြည်နယ် ၁၉ ခုထိ ရှိပါတယ်။
TikTok App ကိုအသုံးချပြီး တရုတ်အစိုးရက အမေရိကန်ပြည်သူတွေကို ခြေရာကောက်တာမျိုးတွေလုပ်လာမှာ စိုးရိမ်တဲ့အတွက် အဲဒီလိုတားမြစ်လိုက်တာပါ။ ပြီးခဲ့တဲ့တပတ်ကအထက်လွှတ်တော်က အတည်ပြုလိုက်တဲ့ အစိုးရအသုံးစားရိတ် ဒေါ်လာ ၁.၆၆ ထရီလီယံထဲမှာ ဖယ်ဒရယ်အစိုးရပိုင် အီလက်ထရောနစ်ပစ္စည်းတွေမှာ TikTok app တွေ တားမြစ်မယ့် သတ်မှတ်ချက်လည်းပါဝင်ပါတယ်။ သမ္မတ ဂျိုးဘိုင်ဒန်လက်မှတ်ထိုးအတည်ပြုပြီးရင်တော့ ဒီတားမြစ်ချက်တွေ ဥပဒေအဖြစ်အသက်ဝင်လာတော့မှာဖြစ်ပါတယ်။ TikTok ကတော့ ဒီကိစ္စနဲ့ပတ်သက်လိ့ု ချက်ချင်း တုန့်ပြန်ပြောဆိုတာမရှိသေးပါဘူး။ အမေရိကန်လွှတ်တော်အမတ်တွေကလည်း TikTok App ကို တနိုင်ငံလုံးမှာ တားမြစ်ဖို့ အကြံပြုတင်ပြထားကြပါတယ်။