{{{Zawgyi/Unicode}}}
ျမန္မာႏိုင္ငံမွာ အာဏာသိမ္းစစ္ေကာင္စီဘက္ကေရာ ဒီမိုကေရစီအင္အားေတြဘက္ကပါ facebook, twitter လူမႈကြန္ယက္ေတြကိုသုံးၿပီး ဝါဒျဖန႔္ခ်ိေရးစစ္ပြဲကို အျပန္အလွန္လုပ္ေဆာင္ေနၾကတယ္လို႔ ႐ိုက္တာသတင္းကေရးပါတယ္။
ျမန္မာစစ္တပ္ဘက္က ေဖ့စ္ဘုတ္ခ္အေကာင့္အတုေတြ နဲ႔ သတင္းအမွားေတြကို ျဖန႔္ခ်ီေနသလို ေ႐ြးေကာက္ပြဲမသာမႈေတြေၾကာင့္ အာဏာသိမ္းယူရတယ္ဆိုတဲ့ စာေတြကို ေရးသားေနၾကတယ္လို႔ေဖာ္ျပပါတယ္။
ျပည္သူ႔ဆက္ဆံေရးနဲ႔ စိတ္ဓာတ္စစ္ဆင္ေရး ၫႊန္ၾကားေရးမႉး႐ုံးလက္ေအာက္ ဌာနတခုကေန ဒီလို သတင္းအမွားေတြကို လူမႈမီဒီယာေတြေပၚမွာ အေကာင့္အမ်ိဳးမ်ိဳးဖြင့္ ေဆာင္႐ြက္ေနၾကတာျဖစ္တယ္လို႔ စစ္တပ္ကေန ဘတ္ေျပာင္းလာတဲ့ စစ္အရာရွိတခ်ိဳ႕ကို ကိုးကားၿပီး ႐ိုက္တာသတင္းက ေရးပါတယ္။
ျမန္မာႏိုင္ငံမွာ ေဖ့စ္ဘုတ္ခ္လို လူမႈမီဒီယာေတြက သတင္းအခ်က္အလက္ကို လူအမ်ားစုႀကီးက ရယူေနၾကတဲ့အတြက္ စစ္တပ္ဟာ လူမႈမီဒီယာေတြကို အသုံးခ်ဖို႔ ႀကိဳးစားေနတာျဖစ္တယ္လို႔ဆိုပါတယ္။႐ိုက္တာသတင္းဌာနက ေထာင္ေပါင္းမ်ားစြာေသာ လူမႈမီဒီယာ စာမ်က္ႏွာေတြကို ေလ့လာၾကည့္ရႈခဲ့ရာမွာ စစ္တပ္က လူအေယာက္ ၂၀၀ ေက်ာ္ဟာ Facebook, YouTube, TikTok, Twitter နဲ႔ Telegram လူမႈမီဒီယာေတြကို အသုံးျပဳၿပီး ေ႐ြးေကာက္ပြဲမသမာမႈနဲ႔ စစ္ေကာင္စီ ဆန႔္က်င္ဆႏၵျပသူေတြကို သစၥာေဖာက္ေတြအျဖစ္ စာေတြ၊ ပုံေတြ၊ ဗြီဒီယိုေတြနဲ႔ ပုံမွန္ တင္ျပေနတာကို ေတြ႕ရပါတယ္။ သတင္းအမွားေတြ ျဖန႔္႐ုံမက စစ္ေကာင္စီဆန႔္က်င္တဲ့ လူမႈမီဒီယာ စာမ်က္ႏွာေတြကရတဲ့ သတင္းအခ်က္အလက္ေတြကို စစ္ေထာက္လွမ္းေရးက ဆက္လက္ ဖမ္းဆီး၊ ဒါမွမဟုတ္ စုံစမ္း ေထာက္လွမ္းႏိုင္ေအာင္ ေပးပို႔ရတယ္လို႔ ႐ိုက္တာက ဆိုပါတယ္။
ဒါေပမဲ့ စစ္ေကာင္စီရဲ႕ ေျပာေရးဆိုခြင့္ရွိသူကေတာ့ စစ္ေကာင္စီဆန႔္က်င္သူေတြက ျမန္မာျပည္နဲ႔ ပတ္သက္တဲ့သတင္းအတုေတြကို ျဖန႔္ခ်ိေနၾကတာျဖစ္တယ္လို႔ စက္တင္ဘာလ က ေျပာခဲ့ပါတယ္။
စစ္ေကာင္စီကိုဆန႔္က်င္တဲ့ အတိုက္အခံတတ္ႂကြလႈပ္ရွားသူအေတာ္မ်ားမ်ားကလည္း အေကာင့္ေတြအမ်ားအျပားဖန္တီးၿပီး စစ္တပ္ဆန႔္က်င္ေရးေတြကို လူမႈကြန္ယက္ေပၚ အလားတူေဆာင္႐ြက္ေနၾကတယ္လို႔လည္း ႐ိုက္တာက ေဖာ္ျပပါတယ္။
--------------
{{{Unicode}}}
မြန်မာတွေသုံးတဲ့ လူမှုကွန်ယက်ပေါ်က ဝါဒဖြန်ချိရေးစစ်
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီဘက်ကရော ဒီမိုကရေစီအင်အားတွေဘက်ကပါ facebook, twitter လူမှုကွန်ယက်တွေကိုသုံးပြီး ဝါဒဖြန့်ချိရေးစစ်ပွဲကို အပြန်အလှန်လုပ်ဆောင်နေကြတယ်လို့ ရိုက်တာသတင်းကရေးပါတယ်။
မြန်မာစစ်တပ်ဘက်က ဖေ့ဘွတ် အကောင့်အတုတွေ နဲ့ သတင်းအမှားတွေကို ဖြန့်ချီနေသလို ရွေးကောက်ပွဲမသာမှုတွေကြောင့် အာဏာသိမ်းယူရတယ်ဆိုတဲ့ စာတွေကို ရေးသားနေကြတယ်လို့ဖော်ပြပါတယ်။
ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးလက်အောက် ဌာနတခုကနေ ဒီလို သတင်းအမှားတွေကို လူမှုမီဒီယာတွေပေါ်မှာ အကောင့်အမျိုးမျိုးဖွင့် ဆောင်ရွက်နေကြတာဖြစ်တယ်လို့ စစ်တပ်ကနေ ဘတ်ပြောင်းလာတဲ့ စစ်အရာရှိတချို့ကို ကိုးကားပြီး ရိုက်တာသတင်းက ရေးပါတယ်။
မြန်မာနိုင်ငံမှာ ဖေ့စ်ဘုတ်ခ်လို လူမှုမီဒီယာတွေက သတင်းအချက်အလက်ကို လူအများစုကြီးက ရယူနေကြတဲ့အတွက် စစ်တပ်ဟာ လူမှုမီဒီယာတွေကို အသုံးချဖို့ ကြိုးစားနေတာဖြစ်တယ်လို့ဆိုပါတယ်။ရိုက်တာသတင်းဌာနက ထောင်ပေါင်းများစွာသော လူမှုမီဒီယာ စာမျက်နှာတွေကို လေ့လာကြည့်ရှုခဲ့ရာမှာ စစ်တပ်က လူအယောက် ၂၀၀ ကျော်ဟာ Facebook, YouTube, TikTok, Twitter နဲ့ Telegram လူမှုမီဒီယာတွေကို အသုံးပြုပြီး ရွေးကောက်ပွဲမသမာမှုနဲ့ စစ်ကောင်စီ ဆန့်ကျင်ဆန္ဒပြသူတွေကို သစ္စာဖောက်တွေအဖြစ် စာတွေ၊ ပုံတွေ၊ ဗွီဒီယိုတွေနဲ့ ပုံမှန် တင်ပြနေတာကို တွေ့ရပါတယ်။ သတင်းအမှားတွေ ဖြန့်ရုံမက စစ်ကောင်စီဆန့်ကျင်တဲ့ လူမှုမီဒီယာ စာမျက်နှာတွေကရတဲ့ သတင်းအချက်အလက်တွေကို စစ်ထောက်လှမ်းရေးက ဆက်လက် ဖမ်းဆီး၊ ဒါမှမဟုတ် စုံစမ်း ထောက်လှမ်းနိုင်အောင် ပေးပို့ရတယ်လို့ ရိုက်တာက ဆိုပါတယ်။
ဒါပေမဲ့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ စစ်ကောင်စီဆန့်ကျင်သူတွေက မြန်မာပြည်နဲ့ ပတ်သက်တဲ့သတင်းအတုတွေကို ဖြန့်ချိနေကြတာဖြစ်တယ်လို့ စက်တင်ဘာလ က ပြောခဲ့ပါတယ်။
စစ်ကောင်စီကိုဆန့်ကျင်တဲ့ အတိုက်အခံတတ်ကြွလှုပ်ရှားသူအတော်များများကလည်း အကောင့်တွေအများအပြားဖန်တီးပြီး စစ်တပ်ဆန့်ကျင်ရေးတွေကို လူမှုကွန်ယက်ပေါ် အလားတူဆောင်ရွက်နေကြတယ်လို့လည်း ရိုက်တာက ဖော်ပြပါတယ်။
#MyanmarFaceboook #MyanmarSocialMedia #MyanmarMilitaryCoup #VOABurmese
#စစ်ကောင်စီ#သတင်းမှား#လူမှုကွန်ယက်