သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကမာၻ႔ႏိုင္ငံေတြရဲ႕လံုျခံဳေရးညီလာခံမွာ ယူကရိန္းကို ေထာက္ခံေၾကာင္း ကန္ျပသ


ဂ်ာမဏီႏိုင္ငံၤမွာ ၃ ရက္တာ က်င္းပ ေနတဲ့ ျမဴးနစ္ လံုၿခံဳေရးညီလာခံမွာ ယူကရိန္းသမၼတ ဇာလင္းစကီး မိန္႔ခြန္းေျပာေနစဥ္ ။ (Feb. 17, 2023)

=== [[ ZAWGYI ]] ===

ကမာၻ႔ႏိုင္ငံေတြရဲ႕လံုျခံဳေရးညီလာခံမွာ ယူကရိန္းကို ေထာက္ခံေၾကာင္း ကန္ ျပသ

ဂ်ာမဏီႏိုင္ငံၤမွာ ၃ ရက္တာ ေသာၾကာေန႔ စတင္က်င္းပတဲ့ ႏွစ္ပတ္လည္ ျမဴးနစ္ လံုၿခံဳေရးညီလာခံဖြင့္ပြဲမွာ ယူကရိန္းအတြက္ အေမရိကန္ရဲ႕ ေထာက္ပံ႔မႈကို ပါတီႀကီး ႏွစ္ရပ္လံုးက ေထာက္ခံေၾကာင္း ျပသတဲ႔အေနနဲ႔ အေမရိကန္ လႊတ္ေတာ္အမတ္ ၅၀ ေလာက္ပါတဲ႔ ကိုယ္စားလွယ္အဖြဲ႔ တက္ေရာက္ခဲ႔ပါတယ္။

ကမၻာတလႊားက ရာနဲ႔ခ်ီတဲ႔ ႏုိင္ငံေရးသမားေတြ၊ စစ္တပ္ တာ၀န္ရွိသူေတြ၊ သံတမန္ေတြ တက္ေရာက္ၾကတဲ႔ ဒီအခမ္းအနားမွာ အေမရိကန္ ဒီမိုကရက္နဲ႔ ရီပတ္ဘလစ္ကန္ ေခါင္းေဆာင္ေတြ၊ အထက္လႊတ္ေတာ္နဲ႔ ေအာက္လႊတ္ေတာ္ အမတ္ေတြ ပူးေပါင္းတက္ေရာက္ခဲ႔ၾကတာ ျဖစ္ပါတယ္။ ၁၉၆၃ ခုႏွစ္ ညီလာခံ စလုပ္ခဲ႔ခ်ိန္ေနာက္ပိုင္း အခုတက္ေရာက္တဲ့ အေမရိကန္ ကိုယ္စားလွယ္အဖြဲ႔ဟာ လူဦးေရအမ်ားဆံုး ကိုယ္စားလွယ္အဖြဲ႔တခု ျဖစ္တယ္လို႔ အေမရိကန္ တာ၀န္ရွိသူေတြက ေျပာပါတယ္။

ရုရွားရဲ႕ ယူကရိန္း က်ဴးေက်ာ္စစ္ေၾကာင့္ ေျမာက္အတၱလႏၱိတ္စစ္စာခ်ဳပ္အဖြဲ႔ NATO မဟာမိတ္နဲ႔ ဥေရာပသမဂၢ တို႔ၾကား ပိုၿပီး ခိုင္မာသြားေစသလို အေမရိကန္ လႊတ္ေတာ္အမတ္ေတြၾကားမွာလည္း စည္းလံုးသြားေစပါတယ္။ ယူကရိန္းကို ကူညီေထာက္ပံ႔ေရးမွာ အေမရိကန္ ပါတီႀကီး ႏွစ္ရပ္စလံုးက အျပည့္အ၀ ရပ္တည္တယ္ဆိုတာကို ဒီညီလာခံကိုေရာ ကမၻာတ၀န္းလံုးကိုပါ သတင္းစကား ပါးႏုိင္ေရးအတြက္ တက္ေရာက္တာျဖစ္ေၾကာင္း အထက္လႊတ္ေတာ္ ရီပတ္ဘလစ္ကန္ အနည္းစု ေခါင္းေဆာင္ Mitch McConnell က ေျပာပါတယ္။

ယူကရိန္းကို F-16 တိုက္ေလယာဥ္ေတြ တိုက္ရိုက္ ေစလႊတ္ဖို႔လည္း ပါတီႀကီးႏွစ္ရပ္စလံုးရဲ႕ လႊတ္ေတာ္အမတ္အဖြဲ႔က သမၼတ Joe Biden ကို တိုက္တြန္းေနၾကပါတယ္။ ဒီေလယာဥ္ေတြ ရရွိေရး ယူကရိန္းက ႀကိဳးပမ္းေနေပမယ့္ အေမရိကန္ဘက္ကေတာ့ အခုအခ်ိန္ထိ သေဘာ မတူေသးပါဘူး။ ဒီ ေခတ္မီ ေလယာဥ္ေတြဟာ ယူကရိန္းရဲ႕ ေ၀ဟင္ကို ထိန္းခ်ဳပ္ႏုိင္ေရးမွာ သိသာတဲ့ အေျပာင္းအလဲေတြ ျဖစ္လာႏိုင္တယ္လို႔ လႊတ္ေတာ္အမတ္ ၅ ဦးက သမၼတ Biden ထံ ၾကာသပေတးေန႔က ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=== {{ UNICODE }} ===

ကမ္ဘာ့နိုင်ငံတွေရဲ့လုံခြုံရေးညီလာခံမှာ ယူကရိန်းကို ထောက်ခံကြောင်း ကန် ပြသ

ဂျာမဏီနိုင်ငံင်္မှာ ၃ ရက်တာ သောကြာနေ့ စတင်ကျင်းပတဲ့ နှစ်ပတ်လည် မြူးနစ် လုံခြံုရေးညီလာခံဖွင့်ပွဲမှာ ယူကရိန်းအတွက် အမေရိကန်ရဲ့ ထောက်ပံ့မှုကို ပါတီကြီး နှစ်ရပ်လုံးက ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ အမေရိကန် လွှတ်တော်အမတ် ၅၀ လောက်ပါတဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။

ကမ္ဘာတလွှားက ရာနဲ့ချီတဲ့ နိုင်ငံရေးသမားတွေ၊ စစ်တပ် တာဝန်ရှိသူတွေ၊ သံတမန်တွေ တက်ရောက်ကြတဲ့ ဒီအခမ်းအနားမှာ အမေရိကန် ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် ခေါင်းဆောင်တွေ၊ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ်တွေ ပူးပေါင်းတက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ၁၉၆၃ ခုနှစ် ညီလာခံ စလုပ်ခဲ့ချိန်နောက်ပိုင်း အခုတက်ရောက်တဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ လူဦးရေအများဆုံး ကိုယ်စားလှယ်အဖွဲ့တခု ဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။

ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်ကြောင့် မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ NATO မဟာမိတ်နဲ့ ဥရောပသမဂ္ဂ တို့ကြား ပိုပြီး ခိုင်မာသွားစေသလို အမေရိကန် လွှတ်တော်အမတ်တွေကြားမှာလည်း စည်းလုံးသွားစေပါတယ်။ ယူကရိန်းကို ကူညီထောက်ပံ့ရေးမှာ အမေရိကန် ပါတီကြီး နှစ်ရပ်စလုံးက အပြည့်အဝ ရပ်တည်တယ်ဆိုတာကို ဒီညီလာခံကိုရော ကမ္ဘာတဝန်းလုံးကိုပါ သတင်းစကား ပါးနိုင်ရေးအတွက် တက်ရောက်တာဖြစ်ကြောင်း အထက်လွှတ်တော် ရီပတ်ဘလစ်ကန် အနည်းစု ခေါင်းဆောင် Mitch McConnell က ပြောပါတယ်။

ယူကရိန်းကို F-16 တိုက်လေယာဉ်တွေ တိုက်ရိုက် စေလွှတ်ဖို့လည်း ပါတီကြီးနှစ်ရပ်စလုံးရဲ့ လွှတ်တော်အမတ်အဖွဲ့က သမ္မတ Joe Biden ကို တိုက်တွန်းနေကြပါတယ်။ ဒီလေယာဉ်တွေ ရရှိရေး ယူကရိန်းက ကြိုးပမ်းနေပေမယ့် အမေရိကန်ဘက်ကတော့ အခုအချိန်ထိ သဘော မတူသေးပါဘူး။ ဒီ ခေတ်မီ လေယာဉ်တွေဟာ ယူကရိန်းရဲ့ ဝေဟင်ကို ထိန်းချုပ်နိုင်ရေးမှာ သိသာတဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်လို့ လွှတ်တော်အမတ် ၅ ဦးက သမ္မတ Biden ထံ ကြာသပတေးနေ့က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG