သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တႏွစ္တာ ယူကရိန္းစစ္ပြဲနဲ႔ ခင္ပြန္းသည္ဆုံးရႈံးခဲ့ရတဲ့ အမ်ိဳးသမီးမ်ား


ယူကရိန္းစစ္ပြဲ တႏွစ္ျပည့္ခ်ိန္မွာ စစ္ပြဲႀကီး ၿပီးဆုံးမယ့္ အရိပ္အေယာင္ မျမင္ရေသးသလို၊ တိုင္းျပည္အတြက္ လက္နက္ကိုင္ တိုက္ပြဲဝင္ရင္း အသက္ေပးခဲ့ၾကသူေတြ၊ က်န္ရစ္တဲ့ ဇနီးသည္ေတြ ဘယ္ေလာက္မ်ား ရွိေနပါၿပီလဲ။ ဒီတပတ္အမ်ိဳးသမီးက႑မွာ ေအပီသတင္းေဆာင္းပါးတခ်ိဳ႕ကို အေျခခံျပီး မခင္ျဖဴေထြးက စုစည္းတင္ျပထားပါတယ္။

[Unicode]

တနှစ်တာ ယူကရိန်းစစ်ပွဲနဲ့ ခင်ပွန်းသည်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးများ (အမျိုးသမီးကဏ္ဍ)
ယူကရိန်းနိုင်ငံကို ရုရုားတပ်ဖွဲ့တွေ ကျူးကျော်တိုက်ခိုက်ခဲ့တာ ဖေဖော်ဝါရီလ ၂၄ ရက် (ဒီနေ့) မှာ တနှစ်ပြည့်ပါပြီ။ တနှစ်ကြာ စစ်ပွဲအတွင်း တိုက်ခိုက်ရေး စစ်သားတွေ အပါအဝင် လူတွေ သိန်းနဲ့ချီ သေဆုံးခဲ့ရပြီး လူ သန်းပေါင်းများစွာ အိုးအိမ်မဲ့ခဲ့ကြရပါတယ်။ စစ်ပွဲကြီး ပြီးဆုံးမယ့် အရိပ်အယောင် မမြင်ရသေးသလို၊ ရှေ့ဆက် ခန့်မှန်းရခက်တဲ့ အခြေအနေအောက်မှာ တိုင်းပြည်အတွက် လက်နက်ကိုင် တိုက်ပွဲဝင်ရင်း အသက်ပေးခဲ့ကြသူတွေ၊ ကျန်ရစ်တဲ့ ဇနီးသည်တွေ ဘယ်လောက်များ ရှိနေပါပြီလဲ။ ဒီလိုဇနီးသည်တွေ ကြုံတွေ့ရတဲ့ နာကျင်ခံစားမှုတွေနဲ့ ဘယ်လို ခွန်အားတွေနဲ့ သူတို့ ရှေ့ဆက် ရပ်တည်နေကြရသလဲ ဆိုတာတွေကို အေပီ ဆောင်းပါးတချို့ကို အခြေခံပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ပြထားပါတယ်။

ယူကရိန်းနိုင်ငံ Kyiv မြို့တော် ဆင်ခြေဖုန်းအရပ် Bucha မှာ ငယ်စဉ်ကလေး ဘဝကတည်းက တယောက်နဲ့တယောက် သိကျွမ်းလာခဲ့ကြတဲ့ Anna Korostenska နဲ့ Anastasiia Okhrimenko တို့ သူငယ်ချင်း တစုဟာ ကိုယ်ချစ်ခင်ရသူတွေ ဆုံးရှုံးပြီး ငယ်ငယ်ရွယ်ရွယ် မုဆိုးမဘဝ ရောက်ရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ကြပါဘူး။ ယူကရိန်းစစ်ပွဲ စခဲ့တဲ့ တနှစ်အတွင်း သူတို့ဘဝတွေ၊ သူတို့နေထိုင်တဲ့ မြို့ ရွာတွေ၊ သူတို့တိုင်းပြည်ရဲ့ အခြေအနေတွေ အလုံးစုံ ထင်မှတ်မထားတဲ့ အနေအထားတခုကို ရုတ်ချည်း ပြောင်းသွားခဲ့တာပါ။

၇ နှစ်ကျော်ကြာ ချစ်ကြိုက်ခဲ့ကြတဲ့ Anastasiia နဲ့ Yurii Stiahliuk တို့ဟာ ယူကရိန်းကို ရုရှားတပ်ဖွဲ့တွေ ဝင်ရောက် ကျူးကျော် တိုက်ခိုက်တာ ခံခဲ့ရပြီးနောက်ပိုင်း လက်ထပ်ခဲ့ကြတဲ့ ဇနီးမောင်နှံတွေပါ။ စစ်တိုက်ထွက်မယ့် ချစ်သူကို သူ စောင့်နေပါမယ်ဆိုတာ အခိုင်အမာ ကတိပြုတဲ့ အနေနဲ့ သူတို့နှစ်ဦး လက်ထပ်ခဲ့ကြတာပါ။ ရိုးရှင်းတဲ့ နှစ်ယောက်တဘဝ တည်ဆောက်ဖို့ အိပ်မက် မက်ခဲ့တယ်လို့ Anastasiia က ပြောပြပါတယ်။

“ကျမတို့ လက်ထပ်ခဲ့ကြတယ်။ ရုရှားတွေကို အနိုင်တိုက်ပြီး စစ်ပွဲကြီး ပြီးသွားတဲ့အခါ ကျမတို့ ငွေ စုမယ်။ တိုက်ခန်းတခု ဝယ်မယ်။ သမီးလေးတယောက် မွေးမယ်။ မိသားစု အတူတူ ပျော်ပျော်ရွှင်ရွှင် နေကြမယ်။ ဒါက သာမန် မိသားစုကိစ္စတွေပါပဲ။ ဒါပေမဲ့ ကျမတို့ ကိုယ်တိုင် ပိုင်တဲ့ သာမန် ရိုးရှင်းတဲ့ ဘဝတခု ဖန်တီးချင်ခဲ့တာပါ။”

ဒါပေမဲ့ သူတို့နေထိုင်တဲ့ Bucha မြို့မှာ ရုရှားတပ်ဖွဲ့တွေ စတင်ကျူးကျော် ဝင်ရောက် တိုက်ခိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကနေ ဧပြီလ ၁ ရက်နေ့အထိ ၃၃ ရက်ကြာ ရက်ဆက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ရဲ့ ဆိုးရွားတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကိုယ်တိုင် ကြုံတွေ့ခဲ့ကြရပါတယ်။ မြို့က လူတွေ အများအပြား အသတ်ခံရပြီးတဲ့နောက် ၂၀၂၂ ခုနှစ် နွေဦးမှာပဲ Anastasiia ရဲ့ အစ်ကို နဲ့အတူ သူရဲ့ ခင်ပွန်း Yurii နဲ့ သူငယ်ချင်း Anna Korostenska ရဲ့ ခင်ပွန်း Oleksii Zavadskyi တို့ သုံးဦး လက်နက်ကိုင် တိုက်ဖို့ စစ်ထဲ ဝင်ခဲ့ကြပါတယ်။

လက်ထပ်ပြီး မကြာခင်မှာပဲ ရှေ့တန်း ထွက်သွားခဲ့ရတဲ့ ခင်ပွန်းအတွက် သူတင်မက သူ့မိခင်ပါ နေ့စဉ် စိုးရိမ် ပူပန်နေခဲ့ရတယ်လို့ Anastasiia က ပြောပါတယ်။

“ခံစားချက်တွေကတော့ ရောထွေးနေခဲ့တာပါ။ ဆိုးဆိုးရွားရွား ခံစားရတာ ရှိသလို သူ့အတွက် အထူး ဂုဏ်ယူတာလည်း ရှိပါတယ်။ ကျမ နဲ့ ကျမ အမေ ဆိုရင် တညမှ အိပ်မပျော်အောင်ကို သူ့အပြန်ကို စောင့်ခဲ့ကြတယ်။ သူ့ဆီက ဖုန်းခေါ်တာ သို့မဟုတ် မက်ဆေ့ပို့တာကို အချိန်တိုင်း စောင့်နေခဲ့ကြတယ်။ အဲ့လို စောင့်နေခဲ့ကြတာ ၆ လလောက် ကြာသွားတယ်။ Yurii ဆုံးသွားတာက သြဂုတ်လ ၂၄ ရက်နေ့၊ ယူကရိန်း လွတ်လပ်ရေးနေ့မှာပါ။ ဆိုတော့ စစ်ပွဲကြီး စပြီး နှစ်ဝက်၊ အချိန် ၆ လ တိတိပါပဲ။”

ခုတော့ သူ့အတွက် ဘဝဆိုတာ မရှိတော့သလိုပါပဲ လို့လည်း Anastasiia က ပြောပါတယ်။ စစ်ပွဲကြီး ဒီလောက်ကြာမယ်လို့ သူ မထင်ခဲ့သလို၊ ချစ်ခင်သူတွေ ဒီလောက် မြန်မြန် ဆုံးရှုံးရလိမ့်မယ်လို့လည်း သူ မမျှော်လင့်ခဲ့ပါဘူး။ ဒီလို မမျှော်လင့်ခဲ့တာ သူ တယောက်တည်းလည်း မဟုတ်ပါဘူး။ ယူကရိန်းစစ်ပွဲက သူတို့အားလုံးရဲ့ အသိတွေ၊ အယူအဆ ခံယူချက်တွေကို ပြောင်းလဲ သွားစေခဲ့တာပါ။ Yurii သေဆုံးသွားတာက သူတို့ သူငယ်ချင်း အားလုံးအတွက်တော့ ဘဝ ခံယူချက်တွေကိုပါ ပြောင်းလဲ သွားစေခဲ့တယ်လို့ Anna Korostenska က ပြောပါတယ်။

“Yurii သတင်းကြားတော့ ဘဝဟာ အင်မတန် တိုတောင်းလွန်းတယ်လို့ Lyosha ပြောတာကို သတိရမိတယ်။ ဘဝမှာ အသက်ထက် ဘယ်အရာမှ အရေးမကြီးတော့ဘူး။ ဘဝဆိုတာ တကြိမ်သာ နေရတာပါ။ အဲ့ဒီနောက်ပိုင်း… သြဂုတ်လ ၂၅ ရက်နောက်ပိုင်းက စလို့ ကျမနဲ့ Lyosha လည်း ပိုနီးစပ်သွားပါတယ်။ နှစ်ယောက်ပေါင်း တဘဝ ဖြစ်သွားခဲ့တယ်။ တခြား ဘယ်အရာမှ ကျမတို့အတွက် အရေးမကြီးတော့ဘူး။ Lyosha နားလည် လက်ခံသလို၊ ကျမကလည်း အဲ့ဒီအတိုင်း နားလည် လက်ခံတယ်။ Yurii ဆုံးပါးသွားတာက ကျမ တို့အတွက်တော့ ဘဝမှာ အသက်ရှင်နေတဲ့ အချိန် လုပ်သင့်လုပ်ထိုက်တာကို လုပ်ရမယ်ဆိုတဲ့အသိ ယုံကြည်ချက် ခိုင်မာသွားစေတာပါပဲ။”

Lyosha ဆိုတဲ့ နာမည်ကတော့ ခင်ပွန်းဖြစ်သူ Oleksii Zavadskyi ရဲ့ အိမ်နာမည်ပါ။ Yurii သေဆုံးပြီးတော့မှ သူတို့နှစ်ဦး စေ့စပ်ခဲ့ကြတာပါ။ Yurii ရဲ့ အသုဘမှာ Oleksii ရှိနေခဲ့သလို၊ ရှေ့တန်း ပြန်ထွက်ခွာ သွားပြီးတဲ့နောက်မှာလည်း ဇနီးသည် Anna ကို နေ့စဉ်နီးပါး ဖုန်းဆက် စကားပြောနေခဲ့တာပါ။

ဇန်နဝါရီလ ၁၁ ရက်နေ့မှာတော့ Yurii သေဆုံးခဲ့တဲ့ တိုက်ပွဲနေရာနဲ့ မလှမ်းမကမ်း Bakhmut ဒေသကို Oleksii တာဝန်ကျပါတယ်။ သူတို့တပ်ဖွဲ့ တပ်စွဲထားတဲ့ နေရာက ရန်သူနဲ့ ပေ ၅၀ တောင် မဝေးပါဘူး။ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ Anna ကို ဖုန်းခေါ်ပြီး ဆောင်းရာသီ အအေးဒဏ်ကြောင့် သူ ချမ်းလွန်းလို့ မအိပ်နိုင်ဘူးလို့ တုန်တုန်ရီရီနဲ့ ပြောပြခဲ့ပြီး ရန်သူတပ်တွေနဲ့ နီးလွန်းတဲ့အတွက် သူ ထိတ်လန့် နေခဲ့တာကိုလည်း ပြောပြခဲ့ပါတယ်။ အဲ့ဒီနောက်တနေ့မှာပဲ Oleksii က ရုတ်တရက် နှလုံးရပ် သေသွားခဲ့တာပါ။ Anna Korostenska အတွက်တော့ ဖော်ပြလို့ မရတဲ့ နာကျင်မှုတွေနဲ့ ကျန်ရစ်ခဲ့ရပါတယ်။ သူ့ရဲ့ ခံစားချက်တွေကို ဖော်ပြနိုင်တဲ့ စကားလုံး မရှိပါဘူးလို့ Anna က ပြောပါတယ်။

“Anastasiia ကတော့ ကျမဘေးမှာ အတူ ရှိပေးခဲ့တယ်။ ဘယ်သူနဲ့မှ မတူအောင် နားလည်ပေးနိုင်တဲ့သူ ဆိုတာ ကျမ သိတယ်။ တခြားသူတွေလည်း နာကျင်မှုတွေ ရှိကြမှာပါ။ ဒါပေမဲ့ ကျမရဲ့ ခံစားချက်ကို သူ့လောက် ဘယ်သူမှ အပြည့်အဝ နားမလည်နိုင်ပါဘူး။ နာကျင်ခံစားရတယ်လို့ ပြောတာက တကယ်တော့ မပြည့်စုံပါဘူး။ ကျမ ခံစားချက်ကို ဖော်ပြနိုင်တဲ့ စကားလုံး မရှိပါဘူး။ ဦးနှောက်ထဲ အတွေးထဲမှာ ဘာမှမရှိတော့သလို.. နှလုံးသားက လေးလံပြီး ဘဝ တခုလုံး ဟာသွားတယ်။ တခုခု ကျိုးပဲ့ထွက်သွားသလို ခံစားရတယ်။ တကယ့်ကို ဘာမှမရှိတော့သလို ဟာလင်ဟင်းလင်းကြီး ဖြစ်သွားတယ်။ အများကြီး နာကျင်ခံစားရပါတယ်။”

Anna ဆီ အရောက်ပြန်လာဖို့ ကတိပေးခဲ့တဲ့ Oleksii ဟာ သူ့သူငယ်ချင်း Yurii သေဆုံးပြီး ၅ လအကြာမှာပဲ သေဆုံးသွားခဲ့တာပါ။ ဒီလို သေဆုံးခဲ့ရတဲ့ ယူကရိန်းစစ်သားတွေ သိန်းနဲ့ချီ ရှိနေနိုင်တယ်လို့ မှန်းဆရပေမဲ့ အတိအကျ စာရင်း ထုတ်ပြန်ထားတာ မရှိပါဘူး။

တနှစ်ကြာ ယူကရိန်းစစ်ပွဲအတွင်း ရုရှားနဲ့ ယူကရိန်း နှစ်ဘက် စစ်သား သေဆုံးစာရင်းကို နှစ်ဘက်စလုံးက တရားဝင် မထုတ်ပြန် လိုကြပါဘူး။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ တုန်းကတော့ ယူကရိန်းသမ္မတရဲ့ အကြံပေး Mykhailo Podolyak က ယူကရိန်းစစ်ပွဲတွင်း ကျဆုံးတဲ့ စစ်သည်စစ်သား အရေအတွက်ဟာ ၁ သောင်း ကနေ ၁ သောင်း ၃ ထောင်လောက်အထိ ရှိနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ရုရုားဘက်မှာတော့ စစ်ပွဲစတင်ချိန်ကစလို့ တပ်ဖွဲ့ဝင် ၅၉ ၃၇ ယောက် သေဆုံးခဲ့တဲ့အကြောင်း ရုရုားအစိုးရက ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ ပြောဆိုခဲ့တာ ရှိပါတယ်။ ဒါပေမဲ့ စစ်ရေးကျွမ်းကျင်သူတွေ၊ ယူကရိန်းစစ်ပွဲကို စောင့်ကြည့်လေ့လာနေသူတွေကတော့ နှစ်ဘက် အကျအဆုံးဟာ အခုဖော်ပြတဲ့ ကိန်းဂဏန်းတွေထက် အများကြီး ပိုနိုင်တဲ့အကြောင်း အာဖဂန်နဲ့ အီရတ်လို တခြား စစ်ပွဲတွေကို ထောက်ပြပြီး ပြောဆိုကြပါတယ်။

အမေရိကန် အကြီးတန်း စစ်ဘက် အရာရှိကြီး တဦးဖြစ်တဲ့ Mark Milley ကလည်း ယူကရိန်းစစ်ပွဲအတွင်း နှစ်ဘက် စစ်သည် အကျအဆုံးဟာ တဘက်ကို အနည်းဆုံး ၁ သိန်းကျော်ရှိနိုင်တယ်လို့ တွက်ဆလို့ရတဲ့အကြောင်း ပြောပါတယ်။ ဒီပြောဆိုမှုအပေါ် နှစ်ဘက် စလုံးက တုံ့ပြန် မှတ်ချက်ပေးတာ မရှိပါဘူး။

အရပ်သား သေဆုံးမှုဟာလည်း ၇ ထောင်ကျော်ရှိပြီး ဒီအထဲမှာ ကလေးငယ် ၅၀၀ နီးပါး ပါဝင်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။ ထိခိုက် ဒဏ်ရာရသူတွေ သောင်းနဲ့ချီ ရှိနေပြီး အိုးအိမ် စွန့်ခွာ ထွက်ပြေးသူတွေ သန်းနဲ့ချီ ရှိနေတာပါ။ ကုလသမဂ္ဂက ကောက်ယူရရှိတဲ့ စာရင်းအရ ရုရှား အပါအဝင် ဥရောပနိုင်ငံတွေကို နယ်စပ်ဖြတ်ကျော် ထွက်ပြေးတဲ့ ယူကရိန်း ဒုက္ခသည် ၇.၈ သန်း ရှိပြီး ပြည်တွင်းမှာပဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ ဒီ့ထက်မက ရှိနေပါတယ်။ အမေရိကန် ပူးတွဲ စစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Mark Milley ကတော့ ယူကရိန်းစစ်ပွဲ ၁ နှစ်တာ ကာလအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၁၅ သန်းနဲ့ သန်း ၃၀ အထိ ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။

စစ်ဘေးတိမ်းရှောင် ရသူတွေထဲမှာတော့ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေက အများစု ပါ။ ဒီအထဲမှာ အသက် ၃၄ နှစ်အရွယ် Viktoria Kovalenko လည်း ပါ ပါတယ်။ ယူကရိန်းနိုင်ငံ မြောက်ပိုင်းမှာ သူတို့မိသားစု ကားနဲ့ ထွက်ခွာနေတဲ့အချိန် ဗုံးထိမှန်ပြီး ခင်ပွန်းဖြစ်သူ Petro နဲ့ အသက် ၁၂ နှစ်အရွယ် သမီးငယ်လေး Veronika တို့ သူ့ မျက်စိရှေ့မှာပဲ သေဆုံးသွားခဲ့ရတာပါ။ သူနဲ့ တနှစ်အရွယ် သမီးငယ်လေး Varvara တို့ အသက်မသေ ကျန်ရစ်ခဲ့ပေမဲ့လည်း ရုရှားတပ်ဖွဲ့တွေ ဖမ်းဆီး ခေါ်ဆောင်တာ ခံခဲ့ရပြီး စာသင်ကျောင်းတခုရဲ့ မြေအောက်ခန်းထဲမှာ သီတင်းသုံးပတ် ချုပ်နှောင်ခံခဲ့ရပါတယ်။ နောက်ဆုံး သူတို့သားအမိ ပြန်လည် လွတ်မြောက်ခဲ့ပေမဲ့ ကြုံခဲ့ရတဲ့ စိတ်ဒဏ်ရာတွေ ကနေတော့ မလွတ်မြောက်နိုင်သေးဘူးလို့ Viktoria ကပြောပါတယ်။

"ကျမ ကြုံခဲ့ရတဲ့ အရာတွေကနေ ကြောက်ရွံ့ထိတ်လန့် စိုးရိမ်စိတ်တွေ၊ မောပန်း နွမ်းနယ်စိတ်တွေက အခုထိ လွှမ်းမိုးနေတုန်းပါပဲ။ ယူကရိန်းကို ကောင်းကောင်းမွန်မွန် အခြေအနေတခုမှာ ပြန်နိုင်တဲ့အခါ၊ ဒီစိတ်ဒဏ်ရာတွေက သက်သာအောင် ကုစားချင်ပါတယ်။

ခုချိန်မှာ အွန်လိုင်းကနေ ကုသတာမျိုး မလုပ်ချင်ပါဘူး။”

Viktoria တို့ သားအမိဟာ အခုတော့ သူတို့ကို ကူညီစောင့်ရှောက်ပေးသူတွေရဲ့ အကူအညီနဲ့ ယူကရိန်းနယ်စပ်ကို ဖြတ်ပြီး ဗြိတိန်နိုင်ငံမှာ ခိုလုံခွင့် ရနေကြတာပါ။ သူ့အတွက်တော့ ဘဝက ခက်ခဲနေဆဲပဲ ဖြစ်သလို၊ ဗြိတိန်မှာ အသားကျဖို့ ကြိုးစားနေတဲ့အကြောင်း Viktoria က ပြောပါတယ်။

“ဒီမှာနေရတာ နည်းနည်းတော့ ကျင့်သား ရလာပါပြီ။ ခုချိန်မှာ တခြား နည်းလမ်းလည်း မရှိဘူးဆိုတာ နားလည်ထားတော့ အသားကျအောင် ကြိုးစားရပါတယ်။ ဒါပေမဲ့လည်း စစ်ပွဲကြီး ပြီးသွားရင် အိမ်ပြန်ချင်တဲ့အတွေး ကတော့ နေ့စဉ်နဲ့အမျှ ရှိနေပါတယ်။”

သူ့ ဗြိတိန်ကို လာခဲ့တာဟာ သူ့ကို ခိုလုံခွင့်ပေးလို့ လာခဲ့တာသက်သက် မဟုတ်ဘဲ၊ ခင်ပွန်းနဲ့ သမီးငယ်တယောက် ဆုံးရှုံးရတဲ့အထိ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ စစ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ စိတ်ဒဏ်ရာတွေ ခနတာ မေ့လျော့ သက်သာစေဖို့ပါ။ စစ်ပွဲကြီး ပြီးရင်တော့ နေရပ်ပြန်ပြီး သူ့ရဲ့ စိတ်ဒဏ်ရာတွေကို ကုစားနိုင်ဖို့ မျှော်လင့်သလို၊ အလုပ်အကိုင်သစ် ဘဝသစ် တည်ဆောက် နေသွားနိုင်ဖို့လည်း မျှော်လင့်တယ်လို့ သူက ပြောပါတယ်။

၁ နှစ်ကြာ စစ်ပွဲကြီးက ယူကရိန်း ပြည်သူတွေရဲ့ ဘဝတွေကို အပြောင်းအလဲကြီး ပြောင်းလဲစေခဲ့တာမှာ အမျိုးသမီးတွေ ဟာလည်း မကြုံဖူးတဲ့ ဘဝသစ်၊ အခြေအနေသစ်တွေ နဲ့ အန္တရာယ်သစ်တွေကို ကြုံတွေ့ ဖြတ်သန်း ကြရပါတယ်။

သူတို့ကို ခြောက်လှန့်နေတဲ့ ထိတ်လန့်တုန်လှုပ်စရာ စစ်ရဲ့ အန္နိဌာရုံတွေကို တွန်းလှန်ရင်း၊ တိုင်းပြည်အတွက် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင် အသက်ပေးခဲ့ကြရတဲ့ ခင်ပွန်းသည်တွေအတွက် ဂုဏ်ယူ ဝံ့ကြွားရင်း မပြီးဆုံးသေးတဲ့ ဘဝတွေ ပြန်လည် နာလန်ထူနိုင်ဖို့ အမျိုးသမီးတွေ အများအပြား ကြိုးစား နေကြရတာပါ။

လက်ရှိအချိန်မှာ ယူကရိန်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်တဲ့ နေရာဒေသတွေမှာ ပြန်လည် ထူထောင်ရေးတွေ လုပ်ဆောင်နေပြီ ဆိုပေမဲ့၊ စစ်ပွဲ မတိုင်ခင် အခြေအနေ ပြန်ရောက်ဖို့ကတော့ နှစ်တွေ အတော်ကြာ အချိန်ယူရဦးမှာပါ။ စစ်ပွဲကြီး ပြီးသွားတယ် ဆိုရင်တောင် စစ်ပွဲဒဏ်သင့် အမျိုးသမီးတွေ ရင်ဆိုင်ရတဲ့ နာကျင် ခံစားမှုတွေကတော့ တော်တော်နဲ့ အဆုံးသတ်ဖို့ မလွယ်ကူနိုင်ဘူး ဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့်ပြုပါ။ ကျမ ခင်ဖြူထွေး ပါရှင်။

=======================================

[Zawgyi]

တႏွစ္တာ ယူကရိန္းစစ္ပြဲနဲ႔ ခင္ပြန္းသည္ဆုံးရႈံးခဲ့ရတဲ့ အမ်ိဳးသမီးမ်ား (အမ်ိဳးသမီးက႑)
ယူကရိန္းႏိုင္ငံကို ႐ု႐ုားတပ္ဖြဲ႕ေတြ က်ဴးေက်ာ္တိုက္ခိုက္ခဲ့တာ ေဖေဖာ္ဝါရီလ ၂၄ ရက္ (ဒီေန႔) မွာ တႏွစ္ျပည့္ပါၿပီ။ တႏွစ္ၾကာ စစ္ပြဲအတြင္း တိုက္ခိုက္ေရး စစ္သားေတြ အပါအဝင္ လူေတြ သိန္းနဲ႔ခ်ီ ေသဆုံးခဲ့ရၿပီး လူ သန္းေပါင္းမ်ားစြာ အိုးအိမ္မဲ့ခဲ့ၾကရပါတယ္။ စစ္ပြဲႀကီး ၿပီးဆုံးမယ့္ အရိပ္အေယာင္ မျမင္ရေသးသလို၊ ေရွ႕ဆက္ ခန႔္မွန္းရခက္တဲ့ အေျခအေနေအာက္မွာ တိုင္းျပည္အတြက္ လက္နက္ကိုင္ တိုက္ပြဲဝင္ရင္း အသက္ေပးခဲ့ၾကသူေတြ၊ က်န္ရစ္တဲ့ ဇနီးသည္ေတြ ဘယ္ေလာက္မ်ား ရွိေနပါၿပီလဲ။ ဒီလိုဇနီးသည္ေတြ ႀကဳံေတြ႕ရတဲ့ နာက်င္ခံစားမႈေတြနဲ႔ ဘယ္လို ခြန္အားေတြနဲ႔ သူတို႔ ေရွ႕ဆက္ ရပ္တည္ေနၾကရသလဲ ဆိုတာေတြကို ေအပီ ေဆာင္းပါးတခ်ိဳ႕ကို အေျခခံၿပီး ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက စုစည္း တင္ျပထားပါတယ္။

ယူကရိန္းႏိုင္ငံ Kyiv ၿမိဳ႕ေတာ္ ဆင္ေျခဖုန္းအရပ္ Bucha မွာ ငယ္စဥ္ကေလး ဘဝကတည္းက တေယာက္နဲ႔တေယာက္ သိကြၽမ္းလာခဲ့ၾကတဲ့ Anna Korostenska နဲ႔ Anastasiia Okhrimenko တို႔ သူငယ္ခ်င္း တစုဟာ ကိုယ္ခ်စ္ခင္ရသူေတြ ဆုံးရႈံးၿပီး ငယ္ငယ္႐ြယ္႐ြယ္ မုဆိုးမဘဝ ေရာက္ရလိမ့္မယ္လို႔ မေမွ်ာ္လင့္ခဲ့ၾကပါဘူး။ ယူကရိန္းစစ္ပြဲ စခဲ့တဲ့ တႏွစ္အတြင္း သူတို႔ဘဝေတြ၊ သူတို႔ေနထိုင္တဲ့ ၿမိဳ႕ ႐ြာေတြ၊ သူတို႔တိုင္းျပည္ရဲ႕ အေျခအေနေတြ အလုံးစုံ ထင္မွတ္မထားတဲ့ အေနအထားတခုကို ႐ုတ္ခ်ည္း ေျပာင္းသြားခဲ့တာပါ။

၇ ႏွစ္ေက်ာ္ၾကာ ခ်စ္ႀကိဳက္ခဲ့ၾကတဲ့ Anastasiia နဲ႔ Yurii Stiahliuk တို႔ဟာ ယူကရိန္းကို ႐ုရွားတပ္ဖြဲ႕ေတြ ဝင္ေရာက္ က်ဴးေက်ာ္ တိုက္ခိုက္တာ ခံခဲ့ရၿပီးေနာက္ပိုင္း လက္ထပ္ခဲ့ၾကတဲ့ ဇနီးေမာင္ႏွံေတြပါ။ စစ္တိုက္ထြက္မယ့္ ခ်စ္သူကို သူ ေစာင့္ေနပါမယ္ဆိုတာ အခိုင္အမာ ကတိျပဳတဲ့ အေနနဲ႔ သူတို႔ႏွစ္ဦး လက္ထပ္ခဲ့ၾကတာပါ။ ႐ိုးရွင္းတဲ့ ႏွစ္ေယာက္တဘဝ တည္ေဆာက္ဖို႔ အိပ္မက္ မက္ခဲ့တယ္လို႔ Anastasiia က ေျပာျပပါတယ္။

“က်မတို႔ လက္ထပ္ခဲ့ၾကတယ္။ ႐ုရွားေတြကို အႏိုင္တိုက္ၿပီး စစ္ပြဲႀကီး ၿပီးသြားတဲ့အခါ က်မတို႔ ေငြ စုမယ္။ တိုက္ခန္းတခု ဝယ္မယ္။ သမီးေလးတေယာက္ ေမြးမယ္။ မိသားစု အတူတူ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနၾကမယ္။ ဒါက သာမန္ မိသားစုကိစၥေတြပါပဲ။ ဒါေပမဲ့ က်မတို႔ ကိုယ္တိုင္ ပိုင္တဲ့ သာမန္ ႐ိုးရွင္းတဲ့ ဘဝတခု ဖန္တီးခ်င္ခဲ့တာပါ။”

ဒါေပမဲ့ သူတို႔ေနထိုင္တဲ့ Bucha ၿမိဳ႕မွာ ႐ုရွားတပ္ဖြဲ႕ေတြ စတင္က်ဴးေက်ာ္ ဝင္ေရာက္ တိုက္ခိုက္တဲ့ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔ကေန ဧၿပီလ ၁ ရက္ေန႔အထိ ၃၃ ရက္ၾကာ ရက္ဆက္ တိုက္ပြဲေတြ ျဖစ္ပြားခဲ့ၿပီး စစ္ရဲ႕ ဆိုး႐ြားတဲ့ ရက္စက္ၾကမ္းၾကဳတ္မႈေတြကို ကိုယ္တိုင္ ႀကဳံေတြ႕ခဲ့ၾကရပါတယ္။ ၿမိဳ႕က လူေတြ အမ်ားအျပား အသတ္ခံရၿပီးတဲ့ေနာက္ ၂၀၂၂ ခုႏွစ္ ေႏြဦးမွာပဲ Anastasiia ရဲ႕ အစ္ကို နဲ႔အတူ သူရဲ႕ ခင္ပြန္း Yurii နဲ႔ သူငယ္ခ်င္း Anna Korostenska ရဲ႕ ခင္ပြန္း Oleksii Zavadskyi တို႔ သုံးဦး လက္နက္ကိုင္ တိုက္ဖို႔ စစ္ထဲ ဝင္ခဲ့ၾကပါတယ္။

လက္ထပ္ၿပီး မၾကာခင္မွာပဲ ေရွ႕တန္း ထြက္သြားခဲ့ရတဲ့ ခင္ပြန္းအတြက္ သူတင္မက သူ႔မိခင္ပါ ေန႔စဥ္ စိုးရိမ္ ပူပန္ေနခဲ့ရတယ္လို႔ Anastasiia က ေျပာပါတယ္။

“ခံစားခ်က္ေတြကေတာ့ ေရာေထြးေနခဲ့တာပါ။ ဆိုးဆိုး႐ြား႐ြား ခံစားရတာ ရွိသလို သူ႔အတြက္ အထူး ဂုဏ္ယူတာလည္း ရွိပါတယ္။ က်မ နဲ႔ က်မ အေမ ဆိုရင္ တညမွ အိပ္မေပ်ာ္ေအာင္ကို သူ႔အျပန္ကို ေစာင့္ခဲ့ၾကတယ္။ သူ႔ဆီက ဖုန္းေခၚတာ သို႔မဟုတ္ မက္ေဆ့ပို႔တာကို အခ်ိန္တိုင္း ေစာင့္ေနခဲ့ၾကတယ္။ အဲ့လို ေစာင့္ေနခဲ့ၾကတာ ၆ လေလာက္ ၾကာသြားတယ္။ Yurii ဆုံးသြားတာက ၾသဂုတ္လ ၂၄ ရက္ေန႔၊ ယူကရိန္း လြတ္လပ္ေရးေန႔မွာပါ။ ဆိုေတာ့ စစ္ပြဲႀကီး စၿပီး ႏွစ္ဝက္၊ အခ်ိန္ ၆ လ တိတိပါပဲ။”

ခုေတာ့ သူ႔အတြက္ ဘဝဆိုတာ မရွိေတာ့သလိုပါပဲ လို႔လည္း Anastasiia က ေျပာပါတယ္။ စစ္ပြဲႀကီး ဒီေလာက္ၾကာမယ္လို႔ သူ မထင္ခဲ့သလို၊ ခ်စ္ခင္သူေတြ ဒီေလာက္ ျမန္ျမန္ ဆုံးရႈံးရလိမ့္မယ္လို႔လည္း သူ မေမွ်ာ္လင့္ခဲ့ပါဘူး။ ဒီလို မေမွ်ာ္လင့္ခဲ့တာ သူ တေယာက္တည္းလည္း မဟုတ္ပါဘူး။ ယူကရိန္းစစ္ပြဲက သူတို႔အားလုံးရဲ႕ အသိေတြ၊ အယူအဆ ခံယူခ်က္ေတြကို ေျပာင္းလဲ သြားေစခဲ့တာပါ။ Yurii ေသဆုံးသြားတာက သူတို႔ သူငယ္ခ်င္း အားလုံးအတြက္ေတာ့ ဘဝ ခံယူခ်က္ေတြကိုပါ ေျပာင္းလဲ သြားေစခဲ့တယ္လို႔ Anna Korostenska က ေျပာပါတယ္။

“Yurii သတင္းၾကားေတာ့ ဘဝဟာ အင္မတန္ တိုေတာင္းလြန္းတယ္လို႔ Lyosha ေျပာတာကို သတိရမိတယ္။ ဘဝမွာ အသက္ထက္ ဘယ္အရာမွ အေရးမႀကီးေတာ့ဘူး။ ဘဝဆိုတာ တႀကိမ္သာ ေနရတာပါ။ အဲ့ဒီေနာက္ပိုင္း… ၾသဂုတ္လ ၂၅ ရက္ေနာက္ပိုင္းက စလို႔ က်မနဲ႔ Lyosha လည္း ပိုနီးစပ္သြားပါတယ္။ ႏွစ္ေယာက္ေပါင္း တဘဝ ျဖစ္သြားခဲ့တယ္။ တျခား ဘယ္အရာမွ က်မတို႔အတြက္ အေရးမႀကီးေတာ့ဘူး။ Lyosha နားလည္ လက္ခံသလို၊ က်မကလည္း အဲ့ဒီအတိုင္း နားလည္ လက္ခံတယ္။ Yurii ဆုံးပါးသြားတာက က်မ တို႔အတြက္ေတာ့ ဘဝမွာ အသက္ရွင္ေနတဲ့ အခ်ိန္ လုပ္သင့္လုပ္ထိုက္တာကို လုပ္ရမယ္ဆိုတဲ့အသိ ယုံၾကည္ခ်က္ ခိုင္မာသြားေစတာပါပဲ။”

Lyosha ဆိုတဲ့ နာမည္ကေတာ့ ခင္ပြန္းျဖစ္သူ Oleksii Zavadskyi ရဲ႕ အိမ္နာမည္ပါ။ Yurii ေသဆုံးၿပီးေတာ့မွ သူတို႔ႏွစ္ဦး ေစ့စပ္ခဲ့ၾကတာပါ။ Yurii ရဲ႕ အသုဘမွာ Oleksii ရွိေနခဲ့သလို၊ ေရွ႕တန္း ျပန္ထြက္ခြာ သြားၿပီးတဲ့ေနာက္မွာလည္း ဇနီးသည္ Anna ကို ေန႔စဥ္နီးပါး ဖုန္းဆက္ စကားေျပာေနခဲ့တာပါ။

ဇန္နဝါရီလ ၁၁ ရက္ေန႔မွာေတာ့ Yurii ေသဆုံးခဲ့တဲ့ တိုက္ပြဲေနရာနဲ႔ မလွမ္းမကမ္း Bakhmut ေဒသကို Oleksii တာဝန္က်ပါတယ္။ သူတို႔တပ္ဖြဲ႕ တပ္စြဲထားတဲ့ ေနရာက ရန္သူနဲ႔ ေပ ၅၀ ေတာင္ မေဝးပါဘူး။ ဇန္နဝါရီလ ၁၃ ရက္ေန႔မွာ Anna ကို ဖုန္းေခၚၿပီး ေဆာင္းရာသီ အေအးဒဏ္ေၾကာင့္ သူ ခ်မ္းလြန္းလို႔ မအိပ္ႏိုင္ဘူးလို႔ တုန္တုန္ရီရီနဲ႔ ေျပာျပခဲ့ၿပီး ရန္သူတပ္ေတြနဲ႔ နီးလြန္းတဲ့အတြက္ သူ ထိတ္လန႔္ ေနခဲ့တာကိုလည္း ေျပာျပခဲ့ပါတယ္။ အဲ့ဒီေနာက္တေန႔မွာပဲ Oleksii က ႐ုတ္တရက္ ႏွလုံးရပ္ ေသသြားခဲ့တာပါ။ Anna Korostenska အတြက္ေတာ့ ေဖာ္ျပလို႔ မရတဲ့ နာက်င္မႈေတြနဲ႔ က်န္ရစ္ခဲ့ရပါတယ္။ သူ႔ရဲ႕ ခံစားခ်က္ေတြကို ေဖာ္ျပႏိုင္တဲ့ စကားလုံး မရွိပါဘူးလို႔ Anna က ေျပာပါတယ္။

“Anastasiia ကေတာ့ က်မေဘးမွာ အတူ ရွိေပးခဲ့တယ္။ ဘယ္သူနဲ႔မွ မတူေအာင္ နားလည္ေပးႏိုင္တဲ့သူ ဆိုတာ က်မ သိတယ္။ တျခားသူေတြလည္း နာက်င္မႈေတြ ရွိၾကမွာပါ။ ဒါေပမဲ့ က်မရဲ႕ ခံစားခ်က္ကို သူ႔ေလာက္ ဘယ္သူမွ အျပည့္အဝ နားမလည္ႏိုင္ပါဘူး။ နာက်င္ခံစားရတယ္လို႔ ေျပာတာက တကယ္ေတာ့ မျပည့္စုံပါဘူး။ က်မ ခံစားခ်က္ကို ေဖာ္ျပႏိုင္တဲ့ စကားလုံး မရွိပါဘူး။ ဦးေႏွာက္ထဲ အေတြးထဲမွာ ဘာမွမရွိေတာ့သလို.. ႏွလုံးသားက ေလးလံၿပီး ဘဝ တခုလုံး ဟာသြားတယ္။ တခုခု က်ိဳးပဲ့ထြက္သြားသလို ခံစားရတယ္။ တကယ့္ကို ဘာမွမရွိေတာ့သလို ဟာလင္ဟင္းလင္းႀကီး ျဖစ္သြားတယ္။ အမ်ားႀကီး နာက်င္ခံစားရပါတယ္။”

Anna ဆီ အေရာက္ျပန္လာဖို႔ ကတိေပးခဲ့တဲ့ Oleksii ဟာ သူ႔သူငယ္ခ်င္း Yurii ေသဆုံးၿပီး ၅ လအၾကာမွာပဲ ေသဆုံးသြားခဲ့တာပါ။ ဒီလို ေသဆုံးခဲ့ရတဲ့ ယူကရိန္းစစ္သားေတြ သိန္းနဲ႔ခ်ီ ရွိေနႏိုင္တယ္လို႔ မွန္းဆရေပမဲ့ အတိအက် စာရင္း ထုတ္ျပန္ထားတာ မရွိပါဘူး။

တႏွစ္ၾကာ ယူကရိန္းစစ္ပြဲအတြင္း ႐ုရွားနဲ႔ ယူကရိန္း ႏွစ္ဘက္ စစ္သား ေသဆုံးစာရင္းကို ႏွစ္ဘက္စလုံးက တရားဝင္ မထုတ္ျပန္ လိုၾကပါဘူး။ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလ တုန္းကေတာ့ ယူကရိန္းသမၼတရဲ႕ အႀကံေပး Mykhailo Podolyak က ယူကရိန္းစစ္ပြဲတြင္း က်ဆုံးတဲ့ စစ္သည္စစ္သား အေရအတြက္ဟာ ၁ ေသာင္း ကေန ၁ ေသာင္း ၃ ေထာင္ေလာက္အထိ ရွိႏိုင္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။ ႐ု႐ုားဘက္မွာေတာ့ စစ္ပြဲစတင္ခ်ိန္ကစလို႔ တပ္ဖြဲ႕ဝင္ ၅၉ ၃၇ ေယာက္ ေသဆုံးခဲ့တဲ့အေၾကာင္း ႐ု႐ုားအစိုးရက ၿပီးခဲ့တဲ့ စက္တင္ဘာလထဲမွာ ေျပာဆိုခဲ့တာ ရွိပါတယ္။ ဒါေပမဲ့ စစ္ေရးကြၽမ္းက်င္သူေတြ၊ ယူကရိန္းစစ္ပြဲကို ေစာင့္ၾကည့္ေလ့လာေနသူေတြကေတာ့ ႏွစ္ဘက္ အက်အဆုံးဟာ အခုေဖာ္ျပတဲ့ ကိန္းဂဏန္းေတြထက္ အမ်ားႀကီး ပိုႏိုင္တဲ့အေၾကာင္း အာဖဂန္နဲ႔ အီရတ္လို တျခား စစ္ပြဲေတြကို ေထာက္ျပၿပီး ေျပာဆိုၾကပါတယ္။

အေမရိကန္ အႀကီးတန္း စစ္ဘက္ အရာရွိႀကီး တဦးျဖစ္တဲ့ Mark Milley ကလည္း ယူကရိန္းစစ္ပြဲအတြင္း ႏွစ္ဘက္ စစ္သည္ အက်အဆုံးဟာ တဘက္ကို အနည္းဆုံး ၁ သိန္းေက်ာ္ရွိႏိုင္တယ္လို႔ တြက္ဆလို႔ရတဲ့အေၾကာင္း ေျပာပါတယ္။ ဒီေျပာဆိုမႈအေပၚ ႏွစ္ဘက္ စလုံးက တုံ႔ျပန္ မွတ္ခ်က္ေပးတာ မရွိပါဘူး။

အရပ္သား ေသဆုံးမႈဟာလည္း ၇ ေထာင္ေက်ာ္ရွိၿပီး ဒီအထဲမွာ ကေလးငယ္ ၅၀၀ နီးပါး ပါဝင္တယ္လို႔ ကုလသမဂၢက ထုတ္ျပန္တဲ့ စာရင္းမွာ ေဖာ္ျပထားပါတယ္။ ထိခိုက္ ဒဏ္ရာရသူေတြ ေသာင္းနဲ႔ခ်ီ ရွိေနၿပီး အိုးအိမ္ စြန႔္ခြာ ထြက္ေျပးသူေတြ သန္းနဲ႔ခ်ီ ရွိေနတာပါ။ ကုလသမဂၢက ေကာက္ယူရရွိတဲ့ စာရင္းအရ ႐ုရွား အပါအဝင္ ဥေရာပႏိုင္ငံေတြကို နယ္စပ္ျဖတ္ေက်ာ္ ထြက္ေျပးတဲ့ ယူကရိန္း ဒုကၡသည္ ၇.၈ သန္း ရွိၿပီး ျပည္တြင္းမွာပဲ အိုးအိမ္စြန႔္ခြာ ထြက္ေျပးရသူေတြ ဒီ့ထက္မက ရွိေနပါတယ္။ အေမရိကန္ ပူးတြဲ စစ္ဦးစီးခ်ဳပ္မ်ားအဖြဲ႕ ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး Mark Milley ကေတာ့ ယူကရိန္းစစ္ပြဲ ၁ ႏွစ္တာ ကာလအတြင္း အိုးအိမ္စြန႔္ခြာ ထြက္ေျပးရသူ ၁၅ သန္းနဲ႔ သန္း ၃၀ အထိ ရွိႏိုင္တယ္လို႔ ခန႔္မွန္းပါတယ္။

စစ္ေဘးတိမ္းေရွာင္ ရသူေတြထဲမွာေတာ့ သက္ႀကီး႐ြယ္အိုေတြ၊ ကေလးငယ္ေတြနဲ႔ အမ်ိဳးသမီးေတြက အမ်ားစု ပါ။ ဒီအထဲမွာ အသက္ ၃၄ ႏွစ္အ႐ြယ္ Viktoria Kovalenko လည္း ပါ ပါတယ္။ ယူကရိန္းႏိုင္ငံ ေျမာက္ပိုင္းမွာ သူတို႔မိသားစု ကားနဲ႔ ထြက္ခြာေနတဲ့အခ်ိန္ ဗုံးထိမွန္ၿပီး ခင္ပြန္းျဖစ္သူ Petro နဲ႔ အသက္ ၁၂ ႏွစ္အ႐ြယ္ သမီးငယ္ေလး Veronika တို႔ သူ႔ မ်က္စိေရွ႕မွာပဲ ေသဆုံးသြားခဲ့ရတာပါ။ သူနဲ႔ တႏွစ္အ႐ြယ္ သမီးငယ္ေလး Varvara တို႔ အသက္မေသ က်န္ရစ္ခဲ့ေပမဲ့လည္း ႐ုရွားတပ္ဖြဲ႕ေတြ ဖမ္းဆီး ေခၚေဆာင္တာ ခံခဲ့ရၿပီး စာသင္ေက်ာင္းတခုရဲ႕ ေျမေအာက္ခန္းထဲမွာ သီတင္းသုံးပတ္ ခ်ဳပ္ေႏွာင္ခံခဲ့ရပါတယ္။ ေနာက္ဆုံး သူတို႔သားအမိ ျပန္လည္ လြတ္ေျမာက္ခဲ့ေပမဲ့ ႀကဳံခဲ့ရတဲ့ စိတ္ဒဏ္ရာေတြ ကေနေတာ့ မလြတ္ေျမာက္ႏိုင္ေသးဘူးလို႔ Viktoria ကေျပာပါတယ္။

"က်မ ႀကဳံခဲ့ရတဲ့ အရာေတြကေန ေၾကာက္႐ြံ႕ထိတ္လန႔္ စိုးရိမ္စိတ္ေတြ၊ ေမာပန္း ႏြမ္းနယ္စိတ္ေတြက အခုထိ လႊမ္းမိုးေနတုန္းပါပဲ။ ယူကရိန္းကို ေကာင္းေကာင္းမြန္မြန္ အေျခအေနတခုမွာ ျပန္ႏိုင္တဲ့အခါ၊ ဒီစိတ္ဒဏ္ရာေတြက သက္သာေအာင္ ကုစားခ်င္ပါတယ္။

ခုခ်ိန္မွာ အြန္လိုင္းကေန ကုသတာမ်ိဳး မလုပ္ခ်င္ပါဘူး။”

Viktoria တို႔ သားအမိဟာ အခုေတာ့ သူတို႔ကို ကူညီေစာင့္ေရွာက္ေပးသူေတြရဲ႕ အကူအညီနဲ႔ ယူကရိန္းနယ္စပ္ကို ျဖတ္ၿပီး ၿဗိတိန္ႏိုင္ငံမွာ ခိုလုံခြင့္ ရေနၾကတာပါ။ သူ႔အတြက္ေတာ့ ဘဝက ခက္ခဲေနဆဲပဲ ျဖစ္သလို၊ ၿဗိတိန္မွာ အသားက်ဖို႔ ႀကိဳးစားေနတဲ့အေၾကာင္း Viktoria က ေျပာပါတယ္။

“ဒီမွာေနရတာ နည္းနည္းေတာ့ က်င့္သား ရလာပါၿပီ။ ခုခ်ိန္မွာ တျခား နည္းလမ္းလည္း မရွိဘူးဆိုတာ နားလည္ထားေတာ့ အသားက်ေအာင္ ႀကိဳးစားရပါတယ္။ ဒါေပမဲ့လည္း စစ္ပြဲႀကီး ၿပီးသြားရင္ အိမ္ျပန္ခ်င္တဲ့အေတြး ကေတာ့ ေန႔စဥ္နဲ႔အမွ် ရွိေနပါတယ္။”

သူ႔ ၿဗိတိန္ကို လာခဲ့တာဟာ သူ႔ကို ခိုလုံခြင့္ေပးလို႔ လာခဲ့တာသက္သက္ မဟုတ္ဘဲ၊ ခင္ပြန္းနဲ႔ သမီးငယ္တေယာက္ ဆုံးရႈံးရတဲ့အထိ ကိုယ္တိုင္ႀကဳံေတြ႕ခဲ့ရတဲ့ စစ္ရဲ႕ ရက္စက္ၾကမ္းၾကဳတ္မႈေတြနဲ႔ စိတ္ဒဏ္ရာေတြ ခနတာ ေမ့ေလ်ာ့ သက္သာေစဖို႔ပါ။ စစ္ပြဲႀကီး ၿပီးရင္ေတာ့ ေနရပ္ျပန္ၿပီး သူ႔ရဲ႕ စိတ္ဒဏ္ရာေတြကို ကုစားႏိုင္ဖို႔ ေမွ်ာ္လင့္သလို၊ အလုပ္အကိုင္သစ္ ဘဝသစ္ တည္ေဆာက္ ေနသြားႏိုင္ဖို႔လည္း ေမွ်ာ္လင့္တယ္လို႔ သူက ေျပာပါတယ္။

၁ ႏွစ္ၾကာ စစ္ပြဲႀကီးက ယူကရိန္း ျပည္သူေတြရဲ႕ ဘဝေတြကို အေျပာင္းအလဲႀကီး ေျပာင္းလဲေစခဲ့တာမွာ အမ်ိဳးသမီးေတြ ဟာလည္း မႀကဳံဖူးတဲ့ ဘဝသစ္၊ အေျခအေနသစ္ေတြ နဲ႔ အႏၲရာယ္သစ္ေတြကို ႀကံဳေတြ႕ ျဖတ္သန္း ၾကရပါတယ္။

သူတို႔ကို ေျခာက္လွန႔္ေနတဲ့ ထိတ္လန႔္တုန္လႈပ္စရာ စစ္ရဲ႕ အႏၷိဌာ႐ုံေတြကို တြန္းလွန္ရင္း၊ တိုင္းျပည္အတြက္ ရဲရဲဝံ့ဝံ့ တိုက္ပြဲဝင္ အသက္ေပးခဲ့ၾကရတဲ့ ခင္ပြန္းသည္ေတြအတြက္ ဂုဏ္ယူ ဝံ့ႂကြားရင္း မၿပီးဆုံးေသးတဲ့ ဘဝေတြ ျပန္လည္ နာလန္ထူႏိုင္ဖို႔ အမ်ိဳးသမီးေတြ အမ်ားအျပား ႀကိဳးစား ေနၾကရတာပါ။

လက္ရွိအခ်ိန္မွာ ယူကရိန္းတပ္ဖြဲ႕ေတြ ထိန္းခ်ဳပ္ထားႏိုင္တဲ့ ေနရာေဒသေတြမွာ ျပန္လည္ ထူေထာင္ေရးေတြ လုပ္ေဆာင္ေနၿပီ ဆိုေပမဲ့၊ စစ္ပြဲ မတိုင္ခင္ အေျခအေန ျပန္ေရာက္ဖို႔ကေတာ့ ႏွစ္ေတြ အေတာ္ၾကာ အခ်ိန္ယူရဦးမွာပါ။ စစ္ပြဲႀကီး ၿပီးသြားတယ္ ဆိုရင္ေတာင္ စစ္ပြဲဒဏ္သင့္ အမ်ိဳးသမီးေတြ ရင္ဆိုင္ရတဲ့ နာက်င္ ခံစားမႈေတြကေတာ့ ေတာ္ေတာ္နဲ႔ အဆုံးသတ္ဖို႔ မလြယ္ကူႏိုင္ဘူး ဆိုတာ တင္ျပရင္း ဒီသီတင္းပတ္ အမ်ိဳးသမီးက႑ကို ဒီမွာပဲ ရပ္နားခြင့္ျပဳပါ။ က်မ ခင္ျဖဴေထြး ပါရွင္။

XS
SM
MD
LG